ျပည္သူ႔စစ္တပ္ဖြဲ႔၀င္တစ္ဦး က်ည္ရွင္းရာမွ ေယာကၡမ ႏွင့္ သားျဖစ္သူ ဒဏ္ရာရ

ျပည္သူ႔စစ္တပ္ဖြဲ႔၀င္တစ္ဦး က်ည္ရွင္းရာမွ ေယာကၡမ ႏွင့္ သားျဖစ္သူ ဒဏ္ရာရ
ဒီဇင်ဘာ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ ျပည္သူ႔စစ္အဖြဲ႔၀င္တစ္ဦး ေသနတ္က်ည္ရွင္းစဥ္ က်ည္ထြက္ သြားရာမွ ေယာကၡမ ႏွင့္ သားျဖစ္သူတို႔ ထိခိုက္ဒဏ္ရာ ရရွိ၍ ေဆး၀ါးကုသမႈခံယူထားရေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၈)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္အခ်ိန္က မူဆယ္ၿမိဳ႕၊ တရုတ္ႏိုင္ငံဘက္သို႔ အ၀င္ ဆင္ျဖဴေပါက္ဂိတ္တြင္ ျပည္သူ႔စစ္အဖြဲ႔၀င္ တစ္ဦးျဖစ္သူ ထြန္းထြန္းေအာင္သည္ ၎၏ ၉မမ ပစၥတိုအား က်ည္ရွင္းစဥ္ က်ည္(၁)ေတာင့္မွာ ေပါက္ထြက္ကာ သားျဖစ္သူ ပိုင္မင္းခန္႔ၿဖဳိး ႏွင့္ ေယာကၡမျဖစ္သူ ေဒၚခ်န္ေရႊစူးတို႔ ထိမွန္ ဒဏ္ရာရရွိသြားၿပီး မူဆယ္ျပည္သူ႔ေဆးရံုတြင္ ေဆး၀ါးကုသမႈ ခံယူေနရေၾကာင္း မူဆယ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ထိခိုက္ဒဏ္ရာရရွိသြားသည့္ အသက္(၄၇)ႏွစ္ရွိ ေဒၚခ်န္ေရႊစူးတြင္ ၀ဲဘက္ညႇပ္ရိုးေအာက္ က်ည္ေဖာက္၀င္ ဒဏ္ရာ တစ္ခ်က္၊ အသက္(၅)ႏွစ္ရွိ ပိုင္မင္းခန္႔ၿဖဳိးတြင္ နဖူးက်ည္ရွပ္မွန္ကာ ဒဏ္ရာရရွိသြား၍ ေဆး၀ါးကုသမႈ ခံယူေနရေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ မူဆယ္ၿမိဳ႕မရဲစခန္း (ပ)၄၉၇/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၀၇(ေပါ့ေလ်ာ့မွဳေၾကာင့္ ျပင္းထန္နာက်င္ေစမွဳ၊ လူသတ္ရန္အားထုတ္မွဳ)ျဖင့္ ျပည္သူ႔စစ္တပ္ဖြဲ႔၀င္ ထြန္းထြန္းေအာင္အား အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်ကျည်ရှင်းစဉ် ကျည်ထွက် သွားရာမှ ယောက္ခမ နှင့် သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိ၍ ဆေးဝါးကုသမှုခံယူထားရကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က မူဆယ်မြို့၊ တရုတ်နိုင်ငံဘက်သို့ အဝင် ဆင်ဖြူပေါက်ဂိတ်တွင် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ထွန်းထွန်းအောင်သည်၎င်း၏ ၉မမ ပစ္စတိုအား ကျည်ရှင်းစဉ် ကျည်(၁)တောင့်မှာ ပေါက်ထွက်ကာ သားဖြစ်သူ ပိုင်မင်းခန့်ဖြိုး နှင့် ယောက္ခမဖြစ်သူ ဒေါ်ချန်ရွှေစူးတို့ ထိမှန် ဒဏ်ရာရရှိသွားပြီး မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း မူဆယ်မြို့မရဲစခန်းမှ သိရသည်။

ထိခိုက်ဒဏ်ရာရရှိသွားသည့် အသက်(၄၇)နှစ်ရှိ ဒေါ်ချန်ရွှေစူးတွင် ဝဲဘက်ညှပ်ရိုးအောက် ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်၊ အသက်(၅)နှစ်ရှိ ပိုင်မင်းခန့်ဖြိုးတွင် နဖူးကျည်ရှပ်မှန်ကာ ဒဏ်ရာရရှိသွား၍ ဆေးဝါးကုသမှု ခံယူနေရသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ်မြို့မရဲစခန်းတွင် မူဆယ်မြို့မရဲစခန်း (ပ)၄၉၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၇(ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု၊ လူသတ်ရန်အားထုတ်မှု)ဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ထွန်းထွန်းအောင်အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~