မူဆယ္ကုန္သြယ္ေရးဇုန္ ၀န္းက်င္အတြင္း လက္နက္ႀကီးက်ည္(၄)လံုး က်ေရာက္၍ ကေလးတစ္ဦး ေသ၊ သံုးဦးဒဏ္ရာရကာ ႏြားတစ္ေကာင္ေသဆံုး

မူဆယ္ကုန္သြယ္ေရးဇုန္ ၀န္းက်င္အတြင္း လက္နက္ႀကီးက်ည္(၄)လံုး က်ေရာက္၍ ကေလးတစ္ဦး ေသ၊ သံုးဦးဒဏ္ရာရကာ ႏြားတစ္ေကာင္ေသဆံုး
ဒီဇင်ဘာ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) (၁၀၅)မိုင္ မူဆယ္ကုန္သြယ္ေရးဇုန္ႏွင့္ ၀န္းက်င္အတြင္း အမည္မသိ လက္နက္ကိုင္ အဖြဲ႔၏ လက္နက္ႀကီးက်ည္ (၄)လံုး က်ေရာက္မႈေၾကာင့္ လူတစ္ဦး ေသဆံုးကာ (၃)ဦး ဒဏ္ရာရရွိသည့္ အျပင္ ႏြားမႀကီးတစ္ေကာင္မွာ လက္နက္ႀကီးက်ည္စထိမွန္ကာ ေသဆံုးမႈ ဒီဇင္ဘာလ(၂၃)ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနက အတည္ျပဳလိုက္သည္။

၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၂၃)ရက္ေန႔ ညေန(၄)နာရီကစ၍ ည(၄)နာရီခြဲ၀န္းက်င္ အခ်ိန္အထိ  မူဆယ္ၿမိဳ႕ (၁၀၅)မိုင္ ဘုရားကုန္း၏ အေရွ႕ဘက္ (၂)ဖာလံုခန္႔အကြာရွိ ေတာင္ကုန္းေပၚမွ အမည္မသိ လက္နက္ကိုင္ အဖြဲ႔က လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့ရာတြင္ (၁၀၅)မိုင္ ဘုရားကုန္းႏွင့္ ကုန္သြယ္ေရးဇုန္ ဖရဲကားကြင္း ၾကားသို႔ လည္းေကာင္း၊ ၁၀၅ မိုင္ ဘုရားကုန္းေရွ႕သို႔ လည္းေကာင္း၊ မိုင္းယုေက်းရြာ၊ ရပ္ကြက္(၂)တာဝါတိုင္ အနီးသို႔ လည္းေကာင္း၊  မိုင္းယုေက်းရြာ၊ နယ္ေျမ(၅)၊ နမၼတူမိသားစု ႏြားၿခံသို႔ လည္းေကာင္း လက္နက္ႀကီး က်ည္တစ္လံုးစီ က်ေရာက္ ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ မိုင္းယုေက်းရြာ၊ ရပ္ကြက္(၂) တာဝါတိုင္ အနီးေန အသက္(၁၂)ႏွစ္ရွိ စိုင္းရင္ဆန္းမွာ ၀မ္းဗိုက္ ပြင့္ထြက္ဒဏ္ရာျဖင့္ ေသဆံုးခဲ့ၿပီး အသက္(၅၈)ႏွစ္ရွိ ဦးရန္တဲ့ယို ႏွင့္ အသက္(၃)ႏွစ္ရွိ ရန္ယိုပိ တို႔မွာ စိုးရိမ္ရသည့္ ဒဏ္ရာမ်ား ရွိခဲ့ေၾကာင္း သိရသည္။

ယင္းအျပင္ မိုင္းယုေက်းရြာ၊ နယ္ေျမ(၅)၊ နမၼတူမိသားစု ႏြားၿခံသို႔ လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ အသက္(၄၅)ႏွစ္ရွိ ဦးေဇလင္းမွာ ေနာက္ေစ့တြင္ လက္နက္ႀကီးစ ထိမွန္၍ မစိုးရိမ္ရသည့္ ဒဏ္ရာ တစ္ခ်က္ ရရွိၿပီး အဆိုပါ ႏြားၿခံမွ ႏြားမႀကီး တစ္ေကာင္မွာ လက္နက္ႀကီးစ ထိမွန္၍ ေသဆံုးသြားေၾကာင္း သိရသည္။

စိုးရိမ္ရသည့္ ဒဏ္ရာရရွိထားသည့္  ဦးရန္တဲ့ယိုႏွင့္ ရန္ယိုပိတို႔ ႏွစ္ဦးသည္ မူဆယ္မွ တဆင့္ တရုတ္ႏိုင္ငံ ေရႊလီေဆးရံုတြင္ ေဆးကုသမႈ ခံယူေနလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့သူ လက္နက္ကိုင္အဖြဲ႕မွာ မည္သည့္ အဖြဲ႔အစည္းက ျဖစ္သည္ကို စံုစမ္းေနေၾကာင္းႏွင့္ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၅၁၂/ ၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၀၇/၁၁၄ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရသည္။

 သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) (၁၀၅)မိုင် မူဆယ်ကုန်သွယ်ရေးဇုန်နှင့် ဝန်းကျင်အတွင်း အမည်မသိ လက်နက်ကိုင် အဖွဲ့၏ လက်နက်ကြီးကျည် (၄)လုံး ကျရောက်မှုကြောင့် လူတစ်ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိသည့် အပြင် နွားမကြီးတစ်ကောင်မှာ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးမှု ဒီဇင်ဘာလ(၂၃)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုလိုက်သည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့ ညနေ(၄)နာရီကစ၍ ည(၄)နာရီခွဲဝန်းကျင် အချိန်အထိ မူဆယ်မြို့ (၁၀၅)မိုင် ဘုရားကုန်း၏ အရှေ့ဘက် (၂)ဖာလုံခန့်အကွာရှိ တောင်ကုန်းပေါ်မှ အမည်မသိ လက်နက်ကိုင် အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာတွင် (၁၀၅)မိုင် ဘုရားကုန်းနှင့် ကုန်သွယ်ရေးဇုန် ဖရဲကားကွင်း ကြားသို့ လည်းကောင်း၊ ၁၀၅ မိုင် ဘုရားကုန်းရှေ့သို့ လည်းကောင်း၊ မိုင်းယုကျေးရွာ၊ ရပ်ကွက်(၂)တာဝါတိုင် အနီးသို့ လည်းကောင်း၊ မိုင်းယုကျေးရွာ၊ နယ်မြေ(၅)၊ နမ္မတူမိသားစု နွားခြံသို့ လည်းကောင်း လက်နက်ကြီး ကျည်တစ်လုံးစီ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် မိုင်းယုကျေးရွာ၊ ရပ်ကွက်(၂) တာဝါတိုင် အနီးနေ အသက်(၁၂)နှစ်ရှိ စိုင်းရင်ဆန်းမှာ ဝမ်းဗိုက် ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အသက်(၅၈)နှစ်ရှိ ဦးရန်တဲ့ယို နှင့် အသက်(၃)နှစ်ရှိ ရန်ယိုပိ တို့မှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မိုင်းယုကျေးရွာ၊ နယ်မြေ(၅)၊ နမ္မတူမိသားစု နွားခြံသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက်(၄၅)နှစ်ရှိ ဦးဇေလင်းမှာ နောက်စေ့တွင် လက်နက်ကြီးစ ထိမှန်၍ မစိုးရိမ်ရသည့် ဒဏ်ရာ တစ်ချက် ရရှိပြီး အဆိုပါ နွားခြံမှ နွားမကြီး တစ်ကောင်မှာ လက်နက်ကြီးစ ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

စိုးရိမ်ရသည့် ဒဏ်ရာရရှိထားသည့် ဦးရန်တဲ့ယိုနှင့် ရန်ယိုပိတို့ နှစ်ဦးသည် မူဆယ်မှ တဆင့် တရုတ်နိုင်ငံ ရွှေလီဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သူ လက်နက်ကိုင်အဖွဲ့မှာ မည်သည့် အဖွဲ့အစည်းက ဖြစ်သည်ကို စုံစမ်းနေကြောင်းနှင့် မူဆယ်မြို့မရဲစခန်းတွင် (ပ)၅၁၂/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

 သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~