ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၂ ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၂ ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
ဒီဇင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၁)ရက္ေန႔ ေန႔လည္ပိုင္းက ထိုင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား အမ်ိဳးသား(၁)ဦး ႏွင့္ အမ်ဳိးသမီး(၁)ဦး စုစုေပါင္း(၂)ဦးအား လာေရာက္ လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လႊဲေျပာင္းေပးလာသူမ်ားမွာ မိမိတို႔ဆႏၵအေလ်ာက္ေနရပ္ျပန္လာသည့္ ေရႊ႕ေျပာင္းလုပ္သားမ်ား မဟုတ္ဘဲ ထုိင္းႏုိင္ငံတြင္း သက္တမ္းေက်ာ္လြန္ေနထုိင္ျခင္း၊ ေနထုိင္ခြင့္အေထာက္အထားမရိွဘဲ ေနထိုင္ျခင္းမ်ားအား စစ္ေဆးေတြ႔ရသည္မ်ားကို ျပန္လည္ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ  ဒီဇင္ဘာလ(၂၁)ရက္ေန႔အထိ တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ အမ်ိဳးသား(၇၃၇)ဦး ၊ အမ်ိဳးသမီး(၃၄၂)ဦး ၊ ကေလး(၅၉)ဦး၊ စုစုေပါင္း (၁၁၅၁)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၂၁)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၂)ဦးအား လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။

ယင်းကဲ့သို့ လွှဲပြောင်းပေးလာသူများမှာ မိမိတို့ဆန္ဒအလျောက်နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများ မဟုတ်ဘဲ ထိုင်းနိုင်ငံတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ နေထိုင်ခွင့်အထောက်အထားမရှိဘဲ နေထိုင်ခြင်းများအား စစ်ဆေးတွေ့ရသည်များကို ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၂၁)ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၇၃၇)ဦး၊ အမျိုးသမီး(၃၄၂)ဦး၊ ကလေး(၅၉)ဦး၊ စုစုပေါင်း (၁၁၅၁)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~