ဇနီးျဖစ္သူ အိမ္ေပၚကဆင္းသြားသည္ကို မေက်နပ္၍ ေနအိမ္ကို ဓါတ္ဆီေလာင္းမီးရိႈ႕

ဇနီးျဖစ္သူ အိမ္ေပၚကဆင္းသြားသည္ကို မေက်နပ္၍ ေနအိမ္ကို ဓါတ္ဆီေလာင္းမီးရိႈ႕
ဒီဇင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းျဖတ္ၿမိဳ႕ ေစ်းတန္းရပ္ကြက္၊ ကြက္သစ္ရပ္တြင္ ဒီဇင္ဘာလ (၂၀) ရက္ေန႔ ည(၆)နာရီ (၂၀)မိနစ္ခန္႔က ဇနီးျဖစ္သူ အိမ္ေပၚက ဆင္းသြားသည္ကို မေက်နပ္၍ ေနအိမ္အား ဓါတ္ဆီေလာင္းမီးရိႈ႕သျဖင့္ ေနအိမ္တစ္လံုး မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ မိုင္းျဖတ္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနက သြားေရာက္ၿငိမ္းသတ္ခဲ့ရာ (၆)နာရီခြဲဝန္းက်င္တြင္ ၿငႇိမ္းသတ္ႏုိင္ခဲ့ၿပီး ဆယ္ေပပတ္လည္ သြပ္မိုး၊ ဝါးကာ ေျမစိုက္အိမ္မွာ မီးေလာင္ ဆံုးရံႈးသြားေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရမႈႏွင့္ အျခားေနအိမ္မ်ားသို႔ ကူးစက္ေလာင္ကြ်မ္းျခင္းမရိွေသာ္လည္း ေနအိမ္အားမီးရႈိ႕ခဲ့သူ သန္းႏိုင္အား မုိင္းျဖတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၁၅ /၂၀၁၇ ၊ ျပစ္မွဳ ဆုိင္ရာ ဥပေဒ ပုဒ္မ ၄၃၆ အရ အမွဳဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - မိုင္းျဖတ္ ျပန္/ဆက္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့ ဈေးတန်းရပ်ကွက်၊ ကွက်သစ်ရပ်တွင် ဒီဇင်ဘာလ (၂၀) ရက်နေ့ ည (၆)နာရီ (၂၀)မိနစ်ခန့်က ဇနီးဖြစ်သူ အိမ်ပေါ်က ဆင်းသွားသည်ကို မကျေနပ်၍ နေအိမ်အား ဓာတ်ဆီလောင်းမီးရှို့သဖြင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မိုင်းဖြတ်မြို့နယ် မီးသတ်ဦးစီးဌာနက သွားရောက်ငြိမ်းသတ်ခဲ့ရာ (၆)နာရီခွဲဝန်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး ဆယ်ပေပတ်လည် သွပ်မိုး၊ ဝါးကာ မြေစိုက်အိမ်မှာ မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိသော်လည်း နေအိမ်အားမီးရှို့ခဲ့သူ သန်းနိုင်အား မိုင်းဖြတ်မြို့မ ရဲစခန်းတွင် (ပ) ၁၅ /၂၀၁၇၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မိုင်းဖြတ် ပြန်/ဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~