တာခ်ီလိတ္တြင္ ကိုယ္၀န္ေဆာင္သည္ အမ်ဳိးသမီးအား တစ္ရြာတည္းေန အမ်ဳိးသားတစ္ဦးက ဓါးျဖင့္ခုတ္၍ ထြက္ေျပးေန

တာခ်ီလိတ္တြင္ ကိုယ္၀န္ေဆာင္သည္ အမ်ဳိးသမီးအား တစ္ရြာတည္းေန အမ်ဳိးသားတစ္ဦးက ဓါးျဖင့္ခုတ္၍ ထြက္ေျပးေန
ဒီဇင်ဘာ 24, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၀မ္မိုင္ရြာတြင္ တစ္ရြာတည္းေန အမ်ဳိးသားက အိမ္နီးခ်င္း ကိုယ္ေဆာင္ အမ်ဳိးသမီးတစ္ဦးအား ဓါးျဖင့္ ခုတ္၍ ထြက္ေျပးမႈ ဒီဇင္ဘာလ(၂၄)ရက္ေန႔ မြန္းလြဲပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အသက္(၂၀)ႏွစ္ရွိ ထန္ဘင့္ ဆိုသူသည္ အသက္(၃၅)ႏွစ္ရွိၿပီး ကိုယ္၀န္(၇)လခန္႔ လြယ္ထားရသည့္ မေဖာ့ေလဆိုသူအား ဓါးျဖင့္ ခုတ္ရာမွ လည္ဂုတ္တြင္ ဓါးဒဏ္ရာျဖင့္ ၎အိမ္အနီး လမ္းၾကားတြင္ လဲက်ေနေၾကာင္း သတင္းရရွိ၍ သက္ဆိုင္ရာရဲတပ္ဖြဲ႔ႏွင့္ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္  တာ၀န္ ရွိသူမ်ားက သြားေရာက္ စစ္ေဆးရာတြင္ ဓါးျဖင့္ ခုတ္သူ အမ်ဳိးသားမွာ ထြက္ေျပး တိမ္းေရွာင္ေနလ်က္ရွိေၾကာင္း သိရသည္။

ဓါးဒဏ္ရာရရွိထားသူ  မေဖာ့ေလအား တာခ်ီလိတ္နာေရးကူညီမႈအသင္းက တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ အေရးေပၚ ပို႔ေဆာင္ထားၿပီး သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မ်ားက တရားခံအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ဆဆ ရပ္/ေက်း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် တစ်ရွာတည်းနေ အမျိုးသားက အိမ်နီးချင်း ကိုယ်ဆောင် အမျိုးသမီးတစ်ဦးအား ဓားဖြင့် ခုတ်၍ ထွက်ပြေးမှု ဒီဇင်ဘာလ(၂၄)ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက်(၂၀)နှစ်ရှိ ထန်ဘင့် ဆိုသူသည် အသက်(၃၅)နှစ်ရှိပြီး ကိုယ်ဝန်(၇)လခန့် လွယ်ထားရသည့် မဖော့လေဆိုသူအား ဓားဖြင့် ခုတ်ရာမှ လည်ဂုတ်တွင် ဓားဒဏ်ရာဖြင့်၎င်းအိမ်အနီး လမ်းကြားတွင် လဲကျနေကြောင်း သတင်းရရှိ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက သွားရောက် စစ်ဆေးရာတွင် ဓားဖြင့် ခုတ်သူ အမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်နေလျက်ရှိကြောင်း သိရသည်။

ဓားဒဏ်ရာရရှိထားသူ မဖော့လေအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ဆဆ ရပ်/ကျေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~