တာခ်ီလိတ္ - မိုင္းဆတ္လမ္း လြယ္ေတာ္ခမ္းစစ္ေဆးေရး စခန္းအား ေရွာင္သည့္လမ္းတြင္ ဘိန္းျဖဴသယ္လာသူအား ဖမ္းမိ

တာခ်ီလိတ္ - မိုင္းဆတ္လမ္း လြယ္ေတာ္ခမ္းစစ္ေဆးေရး စခန္းအား ေရွာင္သည့္လမ္းတြင္ ဘိန္းျဖဴသယ္လာသူအား ဖမ္းမိ
ဒီဇင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းအုပ္စု၊ တာခ်ီလိတ္ - မိုင္းဆတ္ ကားလမ္းတြင္ တ႐ုတ္နတ္စင္မွ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းအား ေရွာင္ကြင္းသည့္လမ္း၌ ဒီဇင္ဘာလ (၂၁)ရက္ေန႔က ဘိန္းျဖဴ (၂၈)ဂရမ္သယ္ေဆာင္လာသူကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ တာခ်ီလိတ္ - မိုင္းဆတ္ ကားလမ္းတြင္ တ႐ုတ္နတ္စင္မွ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းအား ေရွာင္ကြင္းသည့္ လမ္း၌ ပိတ္ဆို႔ ရွာေဖြစစ္ေဆးေနစဥ္ ေန႔လယ္ (၁၁)နာရီ (၅၀)မိနစ္ခန္႔က ဆုိင္ကယ္ ေမာင္းႏွင္လာသူူတစ္ဦးအား စစ္ေဆးရာ ဘိန္းျဖဴ (၂၈)ဂရမ္အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ လက္ဝယ္ေတြ႕ရွိသူ အသက္ (၁၉)ႏွစ္အရြယ္ ေဂ်ာ္နီအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၈၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/ ၁၉(က) အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္မူးယစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ တာချီလိတ် - မိုင်းဆတ် ကားလမ်းတွင် တရုတ်နတ်စင်မှ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်းသည့်လမ်း၌ ဒီဇင်ဘာလ (၂၁)ရက်နေ့က ဘိန်းဖြူ (၂၈)ဂရမ်သယ်ဆောင်လာသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ် - မိုင်းဆတ် ကားလမ်းတွင် တရုတ်နတ်စင်မှ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်းသည့် လမ်း၌ ပိတ်ဆို့ ရှာဖွေစစ်ဆေးနေစဉ် နေ့လယ် (၁၁)နာရီ (၅၀)မိနစ်ခန့်က ဆိုင်ကယ် မောင်းနှင်လာသူတစ်ဦးအား စစ်ဆေးရာ ဘိန်းဖြူ (၂၈)ဂရမ်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ အသက် (၁၉)နှစ်အရွယ် ဂျော်နီအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၈၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်မူးယစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~