တာခ်ီလိတ္တြင္ က်င္းပသည့္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္သို႔ တာခ်ီလိတ္ႏွင့္ အနီးဝန္းက်င္ေဒသမ်ားမွ ကရင္လူမ်ိဳးမ်ား၊ ဘာသာအသီးသီးမွ ေခါင္းေဆာင္မ်ား တက္ေရာက္

တာခ်ီလိတ္တြင္ က်င္းပသည့္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္သို႔ တာခ်ီလိတ္ႏွင့္ အနီးဝန္းက်င္ေဒသမ်ားမွ ကရင္လူမ်ိဳးမ်ား၊ ဘာသာအသီးသီးမွ ေခါင္းေဆာင္မ်ား တက္ေရာက္
ဒီဇင်ဘာ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၇ ခုနွစ္ (ကရင္သကၠရာဇ္ (၂၇၅၇)ခုႏွစ္ ) ကရင္အမ်ိဳးသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ဒီဇင္ဘာလ (၁၈)ရက္ေန႔ နံနက္ပိုင္းကစ၍ က်င္းပရာ တာခ်ီလိတ္ႏွင့္ အနီးဝန္းက်င္ေဒသမ်ားမွ ကရင္လူမ်ိဳး (၁၀၀၀) ေက်ာ္ႏွင့္ ဘာသာအသီးသီးမွ တက္ေရာက္ၾကေၾကာင္း သိရသည္။

 “ဒီႏွစ္ကေတာ့ တာခ်ီလိတ္တင္မကဘူး တာေလ၊ မုိင္းလင္းဘက္က ကရင္လူမ်ိဳးေတြပါ လာတက္ၾကတယ္။ အခုကို လူေပါင္း (၁၀၀၀)ေက်ာ္ေလာက္ရိွေနၿပီ အခုလည္း လာေနၾကတုန္းပဲ။ ကရင္လူမ်ိဳးဘာသာစံုက တက္ၾကပါတယ္။ မနက္ကလည္း ကရင္လူမ်ိဳးဘာသာေပါင္းစံုက ဘုန္းေတာ္ႀကီးေတြ ဗုဒၶဘာသာေရာ၊ ခရစ္ယာန္ဆို ကတ္သလစ္ေရာ၊ ႏွစ္ျခင္းကေရာ ဖာသာေတြ အားလံုးတက္ၿပီး ဆုေတာင္းေပးၾကပါတယ္” ဟု ႏွစ္သစ္ကူးပြဲေတာ္က်င္းပေရးအဖြဲ႕မွ မန္းျမေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ငွက္ေပ်ာၿခံတြင္ ပဥၥမအႀကိမ္ေျမာက္ ကရင္အမ်ဳိးသား စုေပါင္း ႏွစ္သစ္ကူးပြဲေတာ္အား ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၈)ရက္ေန႔ နံနက္ပိုင္းက စ၍က်င္းပေနၿပီး ညေနပိုင္းအထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကရင္ႏွစ္သစ္ကူးပြဲေတာ္၏ ဖြင့္ပြဲအခမ္းအနားအား နံနက္ပိုင္းတြင္ က်င္းပရာ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေပးပို႔သည့္ သ၀ဏ္လႊာအား ေနာ္မ်ဳိးဥမၼာကဖတ္ၾကားၿပီး ျပည္ေထာင္စုလႊတ္ေတာ္နာယက အမ်ဳိးသားလႊတ္ေတာ္ဥကၠဌ မန္း၀င္းခိုင္သန္း ေပးပို႔သည့္ ႏွစ္သစ္ဆုေတာင္းသ၀ဏ္လႊာအား ဒုရဲမွဴးေစာဘလက္ဇက္က ဖတ္ၾကားခဲ့သည္။

ဆရာမန္းခန္းေမာင္က အဖြင့္အမွာစကားေျပာၾကားၿပီး ၂၇၅၇ခုႏွစ္ ကရင္အမ်ဳိးသားႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္စကားအား စစၥတာေဒၚ၀င္း၀င္းဘြားက ျမန္မာဘာသာျဖင့္လည္းေကာင္း၊ မန္းထြန္းဦးက ပိုးကရင္ဘာသာျဖင့္လည္းေကာင္း၊ ဆရာမေနာ္အယ္နဲမူးက စေကာကရင္ဘာသာျဖင့္လည္းေကာင္း အသီးသီး ေျပာၾကားသည္။

ကရင္အမ်ဳိးသားႏွစ္သစ္ကူးအမ်ဳိးသားေန႔ ျဖစ္ေပၚလာပံုႏွင့္ ျမန္မာျပည္သို႔ ေရာက္ရွိဆင္းသက္လာပံုကို ေဒၚခင္စိန္ေရႊက လည္းေကာင္း၊ ကရင္လူမ်ဳိးမ်ားထဲမွ ထင္ရွားခဲ့ေသာ ေနာ္မူေဖါ သမိုင္းရာဇ၀င္အား ဆရာမေနာ္ဆာေလာအယ္က လည္းေကာင္း အသီးသီး ဖတ္ၾကားရွင္းလင္းခဲ့ကာ ဘာသာအသီးသီးမွ ဆရာေတာ္မ်ားက ၾသဝါဒစကားေျပာၾကားခဲ့သည္။

ပဥၥမအႀကိမ္ေျမာက္ ကရင္အမ်ဳိးသား စုေပါင္း ႏွစ္သစ္ကူးပြဲေတာ္အား က်င္းပျပဳလုပ္ႏိုင္ခဲ့ျခင္းႏွင့္ ပတ္သက္၍ ျမန္မာဘာသာျဖင့္ ဦးေဇာ္လင္းမွလည္းေကာင္း၊ ကရင္ဘာသာျဖင့္ မန္းေမာင္ႏုက လည္းေကာင္း ရွင္းလင္းေျပာၾကားခဲ့ၾကသည္။

၂၀၁၆ ခုႏွစ္က က်င္းပသည့္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္တြင္းရွိ ကရင္တိုင္းရင္းသား လူဦးေရ (၅၀၀)ေက်ာ္ ပါ၀င္ဆင္ႏႊဲခဲ့ၾကျခင္းျဖစ္ၿပီး တာခ်ီလိတ္တြင္ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနားကုိ ၂၀၁၆ ခုႏွစ္မတိုင္မီက ေနရာ (၃)ခုခြဲ၍ က်င္းပေနရာမွ ၂၀၁၆ ခုႏွစ္မွ စတင္၍ တစ္ေနရာထဲတြင္ စုေပါင္းက်င္းပခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၇ ခုနှစ် (ကရင်သက္ကရာဇ် (၂၇၅၇)ခုနှစ် ) ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်အား ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းကစ၍ ကျင်းပရာ တာချီလိတ်နှင့် အနီးဝန်းကျင်ဒေသများမှ ကရင်လူမျိုး (၁၀၀၀) ကျော်နှင့် ဘာသာအသီးသီးမှ တက်ရောက်ကြကြောင်း သိရသည်။

 “ဒီနှစ်ကတော့ တာချီလိတ်တင်မကဘူး တာလေ၊ မိုင်းလင်းဘက်က ကရင်လူမျိုးတွေပါ လာတက်ကြတယ်။ အခုကို လူပေါင်း (၁၀၀၀)ကျော်လောက်ရှိနပြေီ အခုလည်း လာနကြေတုန်းပဲ။ ကရင်လူမျိုးဘာသာစုံက တက်ကြပါတယ်။ မနက်ကလည်း ကရင်လူမျိုးဘာသာပေါင်းစုံက ဘုန်းတော်ကြီးတွေ ဗုဒ္ဓဘာသာရော၊ ခရစ်ယာန်ဆို ကတ်သလစ်ရော၊ နှစ်ခြင်းကရော ဖာသာတွေ အားလုံးတက်ပြီး ဆုတောင်းပေးကြပါတယ်” ဟု နှစ်သစ်ကူးပွဲတော်ကျင်းပရေးအဖွဲ့မှ မန်းမြစောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ငှက်ပျောခြံတွင် ပဉ္စမအကြိမ်မြောက် ကရင်အမျိုးသား စုပေါင်း နှစ်သစ်ကူးပွဲတော်အား ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက စ၍ကျင်းပနပြေီး ညနေပိုင်းအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲအခမ်းအနားအား နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သည့် သဝဏ်လွှာအား နော်မျိုးဥမ္မာကဖတ်ကြားပြီး ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ပေးပို့သည့် နှစ်သစ်ဆုတောင်းသဝဏ်လွှာအား ဒုရဲမှူးစောဘလက်ဇက်က ဖတ်ကြားခဲ့သည်။

ဆရာမန်းခန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ၂၇၅၇ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားအား စစ္စတာဒေါ်ဝင်းဝင်းဘွားက မြန်မာဘာသာဖြင့်လည်းကောင်း၊ မန်းထွန်းဦးက ပိုးကရင်ဘာသာဖြင့်လည်းကောင်း၊ ဆရာမနော်အယ်နဲမူးက စကောကရင်ဘာသာဖြင့်လည်းကောင်း အသီးသီး ပြောကြားသည်။

ကရင်အမျိုးသားနှစ်သစ်ကူးအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် မြန်မာပြည်သို့ ရောက်ရှိဆင်းသက်လာပုံကို ဒေါ်ခင်စိန်ရွှေက လည်းကောင်း၊ ကရင်လူမျိုးများထဲမှ ထင်ရှားခဲ့သော နော်မူဖော သမိုင်းရာဇဝင်အား ဆရာမနော်ဆာလောအယ်က လည်းကောင်း အသီးသီး ဖတ်ကြားရှင်းလင်းခဲ့ကာ ဘာသာအသီးသီးမှ ဆရာတော်များက သြဝါဒစကားပြောကြားခဲ့သည်။

ပဉ္စမအကြိမ်မြောက် ကရင်အမျိုးသား စုပေါင်း နှစ်သစ်ကူးပွဲတော်အား ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ဦးဇော်လင်းမှလည်းကောင်း၊ ကရင်ဘာသာဖြင့် မန်းမောင်နုက လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

၂၀၁၆ ခုနှစ်က ကျင်းပသည့် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်တွင် တာချီလိတ်မြို့နယ်တွင်းရှိ ကရင်တိုင်းရင်းသား လူဦးရေ (၅၀၀)ကျော် ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး တာချီလိတ်တွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ၂၀၁၆ ခုနှစ်မတိုင်မီက နေရာ (၃)ခုခွဲ၍ ကျင်းပနေရာမှ ၂၀၁၆ ခုနှစ်မှ စတင်၍ တစ်နေရာထဲတွင် စုပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~