ေတာင္ႀကီးၿမိဳ႕တြင္ စားသံုးရန္မသင့္သည့္ ကုန္ပစၥည္းမ်ား ေရာင္းခ်ျခင္းမျပဳရန္ ဆိုင္အားလံုး လက္မွတ္ေရးထိုးထား

ေတာင္ႀကီးၿမိဳ႕တြင္ စားသံုးရန္မသင့္သည့္ ကုန္ပစၥည္းမ်ား ေရာင္းခ်ျခင္းမျပဳရန္ ဆိုင္အားလံုး လက္မွတ္ေရးထိုးထား
ဇွန် 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕မွ ေစ်းဆိုင္အားလံုး စားသံုးရန္ မသင့္ကုန္ပစၥည္းမ်ား ထပ္မံ ေရာင္းခ်ျခင္း မျပဳရန္ ခံဝန္ ကတိလက္မွတ္ ေရးထိုးထားၿပီးျဖစ္၍ ထပ္မံေရာင္းခ်ပါက အေရးယူ ေဆာင္ရြက္ေတာ့မည္ျဖစ္ေၾကာင္း စားသံုးသူေရးရာဦးစီးဌာနမွ သိရသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ေစ်းအတြင္းေရာင္းခ်သည့္ ဆိုင္မ်ားသာမက ေစ်းျပင္ပရပ္ကြက္မ်ားရိွ စတိုးဆုိင္၊ မီနီမားကတ္မ်ား အပါအဝင္ ေစ်းဆိုင္မ်ားကိုလည္း ဇြန္လအတြင္း စစ္ေဆးစဥ္ စားသံုးရန္ မသင့္မွဳမ်ား ေတြ႔ရိွရသျဖင့္ ထပ္မံမေရာင္းခ်ရန္ လက္မွတ္ေရးထိုးေစၿပီးျဖစ္ေၾကာင္း သိရသည္။

“အရင္တုန္းကေတာ့ ေစ်းေတြမွာပဲ စစ္တယ္။ အခုက ေစ်းတင္ မဟုတ္ဘဲနဲ႔ လမ္းမႀကီးေဘးမွာရွိတဲ့ စတိုးဆိုင္ေတြမွာ သြားစစ္ေဆးခဲ့ပါတယ္။ ဒါေတြကလည္း လႊြတ္ထားလို႔မရပါဘူး။ ေစ်းျပင္ပမွာ စစ္တဲ့အခါမွာ ျပည္တြင္း ထုတ္တဲ့ေဖ်ာ္ရည္မွာက စားသံုးရန္မသင့္တဲ႕ပစၥည္းတစ္ခုကို ကၽြန္ေတာ္တို႔ ေတြ႕ရွိခဲ့တယ္။ သိမ္းဆည္းခဲ့တယ္။ ေနာက္ ဒီလိုေတြမေရာင္းဖို႔ တားဆီးတယ္။ ၀န္ခံလက္မွတ္ ေရးထိုးခိုင္းတယ္။ ယိုးဒယားဘက္ကလာတဲ့ စားသံုး ရန္မသင့္တာေတြ၊ နုိ႕မႈန္႔ေတြလည္း ေတြ႕ရွိခဲ့တယ္။ ပိုဆိုးတာကေတာ့ သက္တမ္းလြန္ ကုန္စည္ေတြ ေရာင္းခ်ေနတာမ်ားေနတယ္။ သက္တမ္း သတ္မွတ္ထားတဲ့ အခ်ဳိရည္၊ ၾကက္သားေခ်ာင္း၊ ၀က္သားေခ်ာင္း ေတြက သက္တမ္းလြန္ရင္ အႏၱရာယ္ ျဖစ္ေစတယ္။ ဒါေၾကာင့္မို႔လည္း ကုန္စည္ေတြမွာ ထုတ္လုပ္ရက္စြဲ၊ သက္တမ္းရက္စြဲေတြ ပါရွိရမယ္လို႔ ကုန္စည္နဲ႕ပတ္သက္တဲ့ အမိန္႔ညြန္ၾကားခ်က္ေတြမွာ ေၾကညာထားၿပီးသားပါ” ဟု စားသံုးသူေရးရာ ဦးစီးဌာန လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္နွစ္မ်ားတြင္ စားသံုးရန္မသင့္ေသာစားေသာက္ကုန္မ်ား စစ္ေဆးရာတြင္ ေစ်းအတြင္းသာ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ႕ျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္အတြင္း ေစ်းျပင္ပတြင္ရွိေသာ စတိုးဆိုင္၊ မီနီ မားကတ္မ်ားကိုပါ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပင္ပဆိုင္ေတြမွာ တရုတ္ကုန္စည္ေတြလည္း ေတြ႕တယ္။ ကေလးစားစရာနဲ႔ ပတ္သက္ၿပီး စနစ္တက်ေရာင္းခ်ဖို႔ကေတာ့ လိုအပ္တယ္။ စားသံုးသူဥပေဒနဲ႔ ပတ္သက္ၿပီး သူတို႔ေတြ သိရွိနားလည္ဖို႔ လိုတယ္။ နယ္စပ္မွာ သယ္ယူတဲ့ေနရာေတြကိုလည္း စစ္ေဆးေဆာင္ရြက္ေနပါတယ္။ ဆိုင္မွာေရာင္းခ်တဲ့ သူေတြကိုယ္တိုင္က စားသံုးသူအတြက္ ေဘးအႏၱရာယ္မျဖစ္ေအာင္ ေရာင္းခ်နိုင္ေအာင္ ပညာေပးေတြ ေဆာင္ရြက္မယ္။ ေနာက္တစ္ေခါက္ ကၽြန္ေတာ္တို႔ သြားေရာက္စစ္ေဆးတဲ့အခါမွာ စားသံုးရန္ မသင့္တာေတြကို ထပ္ေတြ႕ေသးတယ္ဆိုရင္ေတာ့ ဥပေဒအတိုင္း ေဆာင္ရြက္သြားမွာပါ”ဟု ဦးမင္းေအာင္က ေျပာသည္။

စားသံုးရန္မသင့္ေသာစားေသာက္ကုန္မ်ားေရာင္းခ်မည္ဆိုပါက ယခင္ဥပေဒတြင္ လုပ္ငန္းအရြယ္အစားေပၚ မူတည္၍ ျပဌာန္းခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက ျပစ္မႈထင္ရွားလွ်င္ (၃) ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ႏွင့္ က်ပ္သိန္း (၅၀) ထက္မပိုေသာဒဏ္ ႏွစ္ရပ္လံုးေပးေဆာင္ရမည္ျဖစ္ၿပီး ယခုလက္ရွိ ဥပေဒၾကမ္းတြင္ လုပ္ငန္းအရြယ္အစားေပၚမူတည္၍ ျပဌာန္းခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက ျပစ္မႈထင္ရွားလွ်င္ (၁) ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ႏွင့္ က်ပ္သိန္း (၁၅၀၀) အထိေပးေဆာင္ရန္ ျပဌာန္းထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှ ဈေးဆိုင်အားလုံး စားသုံးရန် မသင့်ကုန်ပစ္စည်းများ ထပ်မံ ရောင်းချခြင်း မပြုရန် ခံဝန် ကတိလက်မှတ် ရေးထိုးထားပြီးဖြစ်၍ ထပ်မံရောင်းချပါက အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

တောင်ကြီးမြို့တွင် ဈေးအတွင်းရောင်းချသည့် ဆိုင်များသာမက ဈေးပြင်ပရပ်ကွက်များရှိ စတိုးဆိုင်၊ မီနီမားကတ်များ အပါအဝင် ဈေးဆိုင်များကိုလည်း ဇွန်လအတွင်း စစ်ဆေးစဉ် စားသုံးရန် မသင့်မှုများ တွေ့ရှိရသဖြင့် ထပ်မံမရောင်းချရန် လက်မှတ်ရေးထိုးစပြေီးဖြစ်ကြောင်း သိရသည်။

“အရင်တုန်းကတော့ ဈေးတွေမှာပဲ စစ်တယ်။ အခုက ဈေးတင် မဟုတ်ဘဲနဲ့ လမ်းမကြီးဘေးမှာရှိတဲ့ စတိုးဆိုင်တွေမှာ သွားစစ်ဆေးခဲ့ပါတယ်။ ဒါတွေကလည်း လွှတ်ထားလို့မရပါဘူး။ ဈေးပြင်ပမှာ စစ်တဲ့အခါမှာ ပြည်တွင်း ထုတ်တဲ့ဖျော်ရည်မှာက စားသုံးရန်မသင့်တဲ့ပစ္စည်းတစ်ခုကို ကျွန်တော်တို့ တွေ့ရှိခဲ့တယ်။ သိမ်းဆည်းခဲ့တယ်။ နောက် ဒီလိုတွေမရောင်းဖို့ တားဆီးတယ်။ ဝန်ခံလက်မှတ် ရေးထိုးခိုင်းတယ်။ ယိုးဒယားဘက်ကလာတဲ့ စားသုံး ရန်မသင့်တာတွေ၊ နို့မှုန့်တွေလည်း တွေ့ရှိခဲ့တယ်။ ပိုဆိုးတာကတော့ သက်တမ်းလွန် ကုန်စည်တွေ ရောင်းချနေတာများနေတယ်။ သက်တမ်း သတ်မှတ်ထားတဲ့ အချိုရည်၊ ကြက်သားချောင်း၊ ဝက်သားချောင်း တွေက သက်တမ်းလွန်ရင် အန္တရာယ် ဖြစ်စေတယ်။ ဒါကြောင့်မို့လည်း ကုန်စည်တွေမှာ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းရက်စွဲတွေ ပါရှိရမယ်လို့ ကုန်စည်နဲ့ပတ်သက်တဲ့ အမိန့်ညွန်ကြားချက်တွေမှာ ကြေညာထားပြီးသားပါ” ဟု စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်နှစ်များတွင် စားသုံးရန်မသင့်သောစားသောက်ကုန်များ စစ်ဆေးရာတွင် ဈေးအတွင်းသာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ဈေးပြင်ပတွင်ရှိသော စတိုးဆိုင်၊ မီနီ မားကတ်များကိုပါ စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

“ပြင်ပဆိုင်တွေမှာ တရုတ်ကုန်စည်တွေလည်း တွေ့တယ်။ ကလေးစားစရာနဲ့ ပတ်သက်ပြီး စနစ်တကျရောင်းချဖို့ကတော့ လိုအပ်တယ်။ စားသုံးသူဥပဒေနဲ့ ပတ်သက်ပြီး သူတို့တွေ သိရှိနားလည်ဖို့ လိုတယ်။ နယ်စပ်မှာ သယ်ယူတဲ့နေရာတွေကိုလည်း စစ်ဆေးဆောင်ရွက်နေပါတယ်။ ဆိုင်မှာရောင်းချတဲ့ သူတွေကိုယ်တိုင်က စားသုံးသူအတွက် ဘေးအန္တရာယ်မဖြစ်အောင် ရောင်းချနိုင်အောင် ပညာပေးတွေ ဆောင်ရွက်မယ်။ နောက်တစ်ခေါက် ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့အခါမှာ စားသုံးရန် မသင့်တာတွေကို ထပ်တွေ့သေးတယ်ဆိုရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ”ဟု ဦးမင်းအောင်က ပြောသည်။

စားသုံးရန်မသင့်သောစားသောက်ကုန်များရောင်းချမည်ဆိုပါက ယခင်ဥပဒေတွင် လုပ်ငန်းအရွယ်အစားပေါ် မူတည်၍ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားလျှင် (၃) နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်သိန်း (၅၀) ထက်မပိုသောဒဏ် နှစ်ရပ်လုံးပေးဆောင်ရမည်ဖြစ်ပြီး ယခုလက်ရှိ ဥပဒကြေမ်းတွင် လုပ်ငန်းအရွယ်အစားပေါ်မူတည်၍ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားလျှင် (၁) နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်သိန်း (၁၅၀၀) အထိပေးဆောင်ရန် ပြဌာန်းထားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~