ပြည်နယ်ဝန်ကြီးက ကျိုင်းတုံကုန်သည်ကြီးများအသင်း လုပ်ငန်းပီပြင်စွာ လုပ်ကိုင်ရန် တိုက်တွန်း
ပြည်နယ်ဝန်ကြီးက ကျိုင်းတုံကုန်သည်ကြီးများအသင်း လုပ်ငန်းပီပြင်စွာ လုပ်ကိုင်ရန် တိုက်တွန်း
ဖေဖော်ဝါရီ 28, 2017
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ကျိုင်းတုံကုန်သည်ကြီးများအသင်း အနေဖြင့် လုပ်ငန်းပီပြင်စွာ အကောင်အထည်ဖေါ်ရန် လိုအပ်ကြောင်းကို တိုက်တွန်းသွားကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ၏ လုပ်ငန်းစဉ်များကို ရှင်းလင်း အသိပေးပြီး ဒေသခံပြည်သူများ အနေဖြင့် မိမိတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ဌာနများတွင် တင်ပြတောင်းဆိုကြရန်၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း မှန်မှန်ကန်ကန် အခွန်ပေးဆောင်ပြီး တရားဝင်လမ်းကြောင်းများမှ လုပ်ဆောင်ရန်နှင့် ကျိုင်းတုံမြို့တွင် ကျင်းပသွားမည့် ကြားဖြတ်ရွေးကောက်ပွဲအား အောင်မြင်စွာ  ကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသွားသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ကျိုင်းတုံကုန်သည်ကြီးများအသင်း အနဖြေင့် လုပ်ငန်းပီပြင်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းကို တိုက်တွန်းသွားကြောင်း သိရသည်။
“ကျိုင်းတုံက ကုန်သည်ကြီးများ အသင်းဆိုပြီးတော့ နာမည်ခံထားတာပဲရှိတယ်။ အစည်းအေဝး လာတက်ရင် ကိုယ်စားဆိုပြီး လာတယ်။ ဒီတော့ အဲဒီကိုယ်စားဆိုပြီး လာတဲ့လူက ကို်ယ်ကို်ယ်တိုင်က လုပ်ငန်းရှင်လည်း မဟုတ်။ ကုန်သည်လည်း မဟုတ်ဆိုတော့ အစည်းအေဝးမှာ ဘာတင်ပြမှာလဲ။ ဘယ်လို ညှိနှို်င်း ဆောင်ရွက်မှာလဲ။ အဲဒီတော့ အချိတ်အဆက်က မမိတော့ဘူး။ ဒီဒေသနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေက အချိန်အဆက် မမိတော့တဲ့အတွက် ဒေသအတွက် နစ်နာပါတယ်”ဟု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ၏ လုပ်ငန်းစဉ်များကို ရှင်းလင်း အသိပေးပြီး ဒေသခံပြည်သူများ အနဖြေင့် မိမိတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ဌာနများတွင် တင်ပြတောင်းဆိုကြရန်၊ လုပ်ငန်းရှင်များ အနဖြေင့်လည်း မှန်မှန်ကန်ကန် အခွန်ပေးဆောင်ပြီး တရားဝင်လမ်းကြောင်းများမှ လုပ်ဆောင်ရန်နှင့် ကျိုင်းတုံမြို့တွင် ကျင်းပသွားမည့် ကြားဖြတ်ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသွားသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်နေသည့် ပြည်နယ်ဝန်ကြီးက ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ကုန်သည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ကုန်သည်များ တရားဝင် လမ်းကြောင်းမှ လုပ်ကိုင်ရေး ဆွေးနွေးကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ကျိုင်းတုံမြို့လယ်တွင်ရှိသော Bright Time ဆီပန့်အား ရွှေ့ပြောင်း ဖွင့်လှစ်ပေးရန်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းနေမှုများ၊ မြို့တွင်းလမ်း လုပ်ငန်းများအား စစ်ဆေးပေးရန်၊ မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန်နှင့် လယ်ယာမြေ ပြဿနာများနှင့် ပတ်သတ်ပြီး တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်လုံတစ်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~