တာခ်ီလိတ္စည္ပင္၏ အရပ္ရပ္အခြင့္အေရးလိုင္စင္ (၂၀)ခုအား က်ပ္သိန္း (၁၄၀၀)ေက်ာ္ျဖင့္ ေရာင္းခ်

တာခ်ီလိတ္စည္ပင္၏ အရပ္ရပ္အခြင့္အေရးလိုင္စင္ (၂၀)ခုအား က်ပ္သိန္း (၁၄၀၀)ေက်ာ္ျဖင့္ ေရာင္းခ်
ဖေဖော်ဝါရီ 1, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ၂၀၁၇ - ၂၀၁၈ ခုဘ႑ာေရးႏွစ္အတြက္ အရပ္ရပ္ အခြင့္အေရးလိုင္စင္ (၂၀)ခုကို က်ပ္သိန္းေပါင္း (၁၄၂၄.၁)ျဖင့္ ေဖေဖာ္၀ါရီလ (၁)ရက္ေန႔က ေအာင္ျမတ္ခန္းမ၌ ေစ်းၿပိဳင္စနစ္ျဖင့္ ေလလံတင္ေရာင္းခ် ၿပီးစီးသြားေၾကာင္း သိရသည္။

ေလလံေရာင္းခ်၍ ရရွိလာေသာေငြမ်ားကို အမ်ားျပည္သူအတြက္ အသုံးျပဳျခင္းျဖစ္သည္ဟု သေဘာထား၍ ေလလံ ၀ယ္ယူၾကရန္ႏွင့္ ေလလံစည္းကမ္းအတိုင္း လိုက္နာၾကရန္ ေလလံေအာင္သည့္ လုပ္ငန္း ရွင္မ်ားအား တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးစိုင္းလုံမားက တိုက္တြန္းေျပာၾကား လုိက္သည္။

ေလလံေရာင္းခ်ရာတြင္ မယ္ေခါင္အေပါင္ဆိုင္အား က်ပ္(၁၄)သိန္းျဖင့္ လည္းေကာင္း ၊ ဆန္ဆိုင္း အေပါင္ဆိုင္(၁)အား က်ပ္(၃၀)သိန္းျဖင့္ လည္းေကာင္း၊ ဆန္ဆိုင္း အေပါင္ဆိုင္(၂)အား က်ပ္(၁၄)သိန္းျဖင့္ လည္းေကာင္း ၊ ၀မ္းေကာင္းအေပါင္ဆိုင္(၁)အား က်ပ္(၁၇)သိန္းျဖင့္ လည္းေကာင္း၊ ၀မ္ေကာင္း အေပါင္ဆိုင္ (၂) အား က်ပ္(၁၂)သိန္းျဖင့္ လည္းေကာင္း ၀မ္ေကာင္းအေပါင္ဆိုင္ (၃) အား က်ပ္(၁၄)သိန္းျဖင့္ လည္းေကာင္း ၊ ပုန္းထြန္အေပါင္ဆိုင္ (၁) အား က်ပ္(၁၈)သိန္းျဖင့္လည္းေကာင္း၊ ပုန္းထြန္အေပါင္ဆိုင္(၂) အား က်ပ္(၁၃)သိန္းျဖင့္ လည္းေကာင္း ၊ေဟာင္လိတ္အေပါင္ဆိုင္အား က်ပ္(၁၉)သိန္းျဖင့္ လည္းေကာင္း ၊ မကာဟိုခမ္းအေပါင္ဆိုင္ (၁) အား က်ပ္(၁၄)သိန္းျဖင့္ လည္းေကာင္း၊ မကာဟိုခမ္း အေပါင္ဆိုင္ (၂) အား က်ပ္(၁၈)သိန္းျဖင့္ လည္းေကာင္း၊ ၀ိန္းေက်ာက္အေပါင္ဆိုင္ အား က်ပ္(၁၆)သိန္းျဖင့္ လည္းေကာင္း၊ ပါဆတ္အေပါင္ဆိုင္ အား က်ပ္(၁၈)သိန္းျဖင့္လည္းေကာင္း ၊ မိုင္းကိုး အေပါင္ဆိုင္ အား က်ပ္(၁၂)သိန္းျဖင့္ လည္းေကာင္း အသီးသီးေလလံရရွိသြားၾကသည္။

ယင္းအျပင္ဖန္မင္ေစ်းေကာက္ အား က်ပ္(၁၃၅)သိန္းျဖင့္ လည္းေကာင္း ၊ အေ၀းေျပးကားႀကီးဘီးေကာက္ အား က်ပ္(၄၇၅)သိန္းျဖင့္ လည္းေကာင္း ၊ တာေလာ့ေစ်းေရအိမ္အား က်ပ္(၂၆)သိန္းျဖင့္ လည္းေကာင္း၊ တာေလာ့ယာဥ္ေစာင့္ အား က်ပ္(၂၆)သိန္းျဖင့္ လည္းေကာင္း ၊ ၿမိဳ႕၀င္ေၾကးဘီးေကာက္(မိုင္းဆတ္) အား က်ပ္(၁၃၅)သိန္းျဖင့္ လည္းေကာင္း၊ ၿမိဳ႕၀င္ေၾကးဘီးေကာက္(ျပည္တြင္း) အား က်ပ္(၄၀၅)သိန္းျဖင့္ လည္းေကာင္း စသည့္ အရပ္ရပ္အခြင့္ေရးလိုင္စင္ (၂၀)ခုကို စုစုေပါင္း က်ပ္သိန္းေပါင္း (၁၄၀၀)ေက်ာ္ ျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

၂၀၁၇ - ၂၀၁၈ ခု ဘ႑ာေရးႏွစ္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ အရပ္ရပ္အခြင့္အေရးလိုင္စင္မ်ား ေလလံေရာင္းခ်ျခင္း အခမ္းအနားသို႔ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ  ႏွင့္ ခရိုင္အဆင့္ ေကာ္မတီ၀င္မ်ား၊ ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီ ဥကၠဌ ဦးစိုင္းလုံမား ႏွင့္ အတြင္းေရးမွဴး( စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ) ဦးေက်ာ္မိုးထြန္း ႏွင့္ ေကာ္မတီ၀င္မ်ား၊ ေလလံဆြဲသူ လုပ္ငန္းရွင္မ်ား တက္ေရာက္ လာခဲ့ၾကသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)(၂) တံတားေပၚ ဘီးေကာက္လုပ္ငန္း အပါအ၀င္ က်န္ရွိေနသည့္ အရပ္ရပ္အခြင့္ေရးလိုင္စင္ (၇)မ်ိဳးကိုလည္း ေဖေဖာ္၀ါရီလ (၁၀)ရက္ေန႔တြင္ ထပ္မံ၍ ေလလံတင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၇ - ၂၀၁၈ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင် (၂၀)ခုကို ကျပ်သိန်းပေါင်း (၁၄၂၄.၁)ဖြင့် ဖေဖော်ဝါရီလ (၁)ရက်နေ့က အောင်မြတ်ခန်းမ၌ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ ပြီးစီးသွားကြောင်း သိရသည်။

လေလံရောင်းချ၍ ရရှိလာသောငွေများကို အများပြည်သူအတွက် အသုံးပြုခြင်းဖြစ်သည်ဟု သဘောထား၍ လေလံ ဝယ်ယူကြရန်နှင့် လေလံစည်းကမ်းအတိုင်း လိုက်နာကြရန် လေလံအောင်သည့် လုပ်ငန်း ရှင်များအား တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းလုံမားက တိုက်တွန်းပြောကြား လိုက်သည်။

လေလံရောင်းချရာတွင် မယ်ခေါင်အပေါင်ဆိုင်အား ကျပ်(၁၄)သိန်းဖြင့် လည်းကောင်း၊ ဆန်ဆိုင်း အပေါင်ဆိုင်(၁)အား ကျပ်(၃၀)သိန်းဖြင့် လည်းကောင်း၊ ဆန်ဆိုင်း အပေါင်ဆိုင်(၂)အား ကျပ်(၁၄)သိန်းဖြင့် လည်းကောင်း၊ ဝမ်းကောင်းအပေါင်ဆိုင်(၁)အား ကျပ်(၁၇)သိန်းဖြင့် လည်းကောင်း၊ ဝမ်ကောင်း အပေါင်ဆိုင် (၂) အား ကျပ်(၁၂)သိန်းဖြင့် လည်းကောင်း ဝမ်ကောင်းအပေါင်ဆိုင် (၃) အား ကျပ်(၁၄)သိန်းဖြင့် လည်းကောင်း၊ ပုန်းထွန်အပေါင်ဆိုင် (၁) အား ကျပ်(၁၈)သိန်းဖြင့်လည်းကောင်း၊ ပုန်းထွန်အပေါင်ဆိုင်(၂) အား ကျပ်(၁၃)သိန်းဖြင့် လည်းကောင်း၊ဟောင်လိတ်အပေါင်ဆိုင်အား ကျပ်(၁၉)သိန်းဖြင့် လည်းကောင်း၊ မကာဟိုခမ်းအပေါင်ဆိုင် (၁) အား ကျပ်(၁၄)သိန်းဖြင့် လည်းကောင်း၊ မကာဟိုခမ်း အပေါင်ဆိုင် (၂) အား ကျပ်(၁၈)သိန်းဖြင့် လည်းကောင်း၊ ဝိန်းကျောက်အပေါင်ဆိုင် အား ကျပ်(၁၆)သိန်းဖြင့် လည်းကောင်း၊ ပါဆတ်အပေါင်ဆိုင် အား ကျပ်(၁၈)သိန်းဖြင့်လည်းကောင်း၊ မိုင်းကိုး အပေါင်ဆိုင် အား ကျပ်(၁၂)သိန်းဖြင့် လည်းကောင်း အသီးသီးလေလံရရှိသွားကြသည်။

ယင်းအပြင်ဖန်မင်ဈေးကောက် အား ကျပ်(၁၃၅)သိန်းဖြင့် လည်းကောင်း၊ အေဝးပြေးကားကြီးဘီးကောက် အား ကျပ်(၄၇၅)သိန်းဖြင့် လည်းကောင်း၊ တာလော့ဈေးရေအိမ်အား ကျပ်(၂၆)သိန်းဖြင့် လည်းကောင်း၊ တာလော့ယာဉ်စောင့် အား ကျပ်(၂၆)သိန်းဖြင့် လည်းကောင်း၊ မြို့ဝင်ကြေးဘီးကောက်(မိုင်းဆတ်) အား ကျပ်(၁၃၅)သိန်းဖြင့် လည်းကောင်း၊ မြို့ဝင်ကြေးဘီးကောက်(ပြည်တွင်း) အား ကျပ်(၄၀၅)သိန်းဖြင့် လည်းကောင်း စသည့် အရပ်ရပ်အခွင့်ရေးလိုင်စင် (၂၀)ခုကို စုစုပေါင်း ကျပ်သိန်းပေါင်း (၁၄၀၀)ကျော် ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

၂၀၁၇ - ၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချခြင်း အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းလုံမား နှင့် အတွင်းရေးမှူး( စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ) ဦးကျော်မိုးထွန်း နှင့် ကော်မတီဝင်များ၊ လေလံဆွဲသူ လုပ်ငန်းရှင်များ တက်ရောက် လာခဲ့ကြသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)(၂) တံတားပေါ် ဘီးကောက်လုပ်ငန်း အပါအဝင် ကျန်ရှိနေသည့် အရပ်ရပ်အခွင့်ရေးလိုင်စင် (၇)မျိုးကိုလည်း ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ထပ်မံ၍ လေလံတင်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~