ႏွစ္(၇၀)ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနား ေအာင္ျမတ္ခန္းမတြင္ က်င္းပ

ႏွစ္(၇၀)ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနား ေအာင္ျမတ္ခန္းမတြင္ က်င္းပ
ဖေဖော်ဝါရီ 7, 2017
By Tachileik News Agency

ႏွစ္(၇၀)ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားကို တိုင္းရင္းသားရိုးရာအကမ်ားျဖင့္ ေဖ်ာ္ေျဖကာ တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ေဖေဖာ္၀ါရီလ (၇)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ၾကသည္။

အခမ္းအနားတြင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ သမၼတ ဦးထင္ေက်ာ္ထံမွ ေပးပို႔လာသည့္ ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္ သ၀ဏ္လႊာအား တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ဖတ္ၾကားသည္။

ယင္းေနာက္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ထံမွ ေပးပို႔လာသည့္ သ၀ဏ္လႊာအား ေခတၱၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးလေရာ္မွ ဖတ္ၾကားၿပီးေနာက္ ရွမ္းျပည္နယ္ေန႔ ျဖစ္ေပၚလာပုံသမိုင္းကို ရွမ္းတိုင္းရင္းသားယဥ္ေက်းမွဳေကာ္မတီ အဖြဲ႕၀င္ ဦးစိုင္းမိုင္က ဖတ္ၾကား ရွင္းလင္းသည္။

ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္ကို ဂုဏ္ျပဳေသာအားျဖင့္ ရွမ္း၊ လားဟူး၊ လီဆူ၊ ဗမာႏွင့္ သဘင္ ၊ ဂီတ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ားမွ ရိုးရာ အဆို၊ အကမ်ာျဖင့္ ေဖ်ာ္ေျဖခဲ့ၿပီး အခမ္းအနား တက္ေရာက္ လာသည့္ ဧည့္သည္ေတာ္မ်ားကို ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(က်ားျဖဴပါတီ) မွ ေန႔လယ္စာျဖင့္ ဧည့္ခံခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ တိုင္းရင္းသား စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႔အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဘက္ လူမႈကူညီေရး အဖြဲ႔အစည္းမ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္လာေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်(၇၀)မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေကာ တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဖေဖော်ဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့လာသည့် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်မှ ဖတ်ကြားပြီးနောက် ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင် ဦးစိုင်းမိုင်က ဖတ်ကြား ရှင်းလင်းသည်။

ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ရှမ်း၊ လားဟူး၊ လီဆူ၊ ဗမာနှင့် သဘင်၊ ဂီတ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာ အဆို၊ အကမျာဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနား တက်ရောက် လာသည့် ဧည့်သည်တော်များကို ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) မှ နေ့လယ်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုကူညီရေး အဖွဲ့အစည်းများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်လာကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~