ေက်ာက္မဲၿမိဳ႕တြင္ အခမဲ့သင္ၾကားေပးေနသည့္ အားကစားသင္တန္း (၈)မ်ဳိးသို႔ စာရင္းေပး တက္ေရာက္ႏိုင္ေသး

ေက်ာက္မဲၿမိဳ႕တြင္ အခမဲ့သင္ၾကားေပးေနသည့္ အားကစားသင္တန္း (၈)မ်ဳိးသို႔ စာရင္းေပး တက္ေရာက္ႏိုင္ေသး
ဖေဖော်ဝါရီ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲခရိုင္/ၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနက ေႏြရာသီ အေျခခံ အားကစားသင္တန္း (၈)မ်ိဳးအား အခမဲ့ ဖြင့္လွစ္သင္ၾကားေပးေနေၾကာင္း သိရသည္။

သင္တန္းမ်ားအား ေဖေဖၚဝါရီလ (၂၁) ရက္မွ မတ္လ (၁၄)ရက္ေန႔အထိ ေက်ာက္မဲၿမိဳ႕ရိွ ေက်ာက္မဲခရိုင္ မိုးလံုေလလံုအားကစားရံုတြင္ ဖြင့္လွစ္ေပးထားျခင္း ျဖစ္ေၾကာင္း သိရသည္။

အခမဲ့သင္ၾကားေပးေနသည့္ သင္တန္းမ်ားမွာ ေဘာလံုး(က်ား/မ)၊ ေဘာ္လီေဘာ (က်ား/မ)၊ ဘတ္စကတ္ေဘာ(က်ား/မ)၊ ပိုက္ေက်ာ္ျခင္း (က်ား/မ)၊ ေအရိုးဗစ္(မ)၊ ေျပးခုန္ပစ္(က်ား/မ)၊ လက္ေဝွ႕(က်ား/မ)၊ ရိုးရာလက္ေဝွ႕(က်ား)တို႔ျဖစ္ၿပီး သင္တန္းသို႔ ၀င္ေရာက္  တက္လိုသူမ်ား ေက်ာက္မဲၿမိဳ႕ ခရိုင္အားကစားႏွင့္ ကာယပညာဦးစီးဌာနတြင္ စာရင္းေပးသြင္း တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက နွေရာသီ အခြေခံ အားကစားသင်တန်း (၈)မျိုးအား အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

သင်တန်းများအား ဖေဖော်ဝါရီလ (၂၁) ရက်မှ မတ်လ (၁၄)ရက်နေ့အထိ ကျောက်မဲမြို့ရှိ ကျောက်မဲခရိုင် မိုးလုံလေလုံအားကစားရုံတွင် ဖွင့်လှစ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

အခမဲ့သင်ကြားပေးနေသည့် သင်တန်းများမှာ ဘောလုံး(ကျား/မ)၊ ဘော်လီဘော (ကျား/မ)၊ ဘတ်စကတ်ဘော(ကျား/မ)၊ ပိုက်ကျော်ခြင်း (ကျား/မ)၊ အေရိုးဗစ်(မ)၊ ပြေးခုန်ပစ်(ကျား/မ)၊ လက်ဝှေ့(ကျား/မ)၊ ရိုးရာလက်ဝှေ့(ကျား)တို့ဖြစ်ပြီး သင်တန်းသို့ ဝင်ရောက် တက်လိုသူများ ကျောက်မဲမြို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~