ကေလးသူငယ္မ်ားအား လိင္ပိုင္းဆိုင္ရာ ကာကြယ္ေစာင့္ေရွာက္ေရး အလုပ္ရံုေဆြးေႏြးပြဲ တာခ်ီလိတ္တြင္ က်င္းပ

ကေလးသူငယ္မ်ားအား လိင္ပိုင္းဆိုင္ရာ ကာကြယ္ေစာင့္ေရွာက္ေရး အလုပ္ရံုေဆြးေႏြးပြဲ တာခ်ီလိတ္တြင္ က်င္းပ
ဖေဖော်ဝါရီ 23, 2017
By Tachileik News Agency

ကေလးသူငယ္မ်ားကို လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္ အျမတ္ထုတ္ျခင္းမွ ကာကြယ္ေစာင့္ေရွာက္ရန္အတြက္ အလုပ္ရံုေဆြးေႏြးပြဲကို ျမန္မာ့တာ၀န္သိ ခရီးသြားလုုပ္ငန္းအဖြဲ႕(MRTI)၊ ECPAT အဖြဲ႕တို႔ႏွင့္ တာခ်ီလိတ္ ေဒသတြင္းရွိ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားက တာခ်ီလိတ္ၿမိဳ႕ရွိ ဂိုးဒင္းခ်ယ္ရီဟိုတယ္တြင္ ေဖေဖၚဝါရီလ(၂၃)ရက္ေန႔က စတင္က်င္းပသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာနႏွင့္ MRTI၊ ECPAT အဖြဲ႔တို႔ ပူးေပါင္းက်င္းပသည့္ အဆိုပါ အလုပ္ရံု ေဆြးေႏြးပြဲကို ေဖေဖာ္၀ါရီလ(၂၃)ရက္ႏွင့္ (၂၄)ရက္မ်ားတြင္ တာခ်ီလိတ္ၿမိဳ႕ ဂိုးဒင္းခ်ယ္ရီဟိုတယ္၌ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ေဒသတြင္းဌာနဆိုင္ရာကိုယ္စားလွယ္မ်ား၊ လူမႈအဖြဲ႕အစည္းမ်ား၊ CSO အသင္းအဖြဲ႕ မ်ားမွ ကိုယ္စားလွယ္ (၅၀)ဦးခန္႔ တက္ေရာက္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ကေလးသူငယ္မ်ားကို အြန္လိုင္းေပၚႏွင့္ ခရီးသြားလုပ္ငန္းမ်ားတြင္ လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္ အျမတ္ထုတ္ျခင္းမွ ကာကြယ္ေစာင့္ေရွာက္ရန္ အတြက္ ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္းသိရၿပီး MRTI ႏွင့္ ECPAT အဖြဲ႔တို႔က ကေလးသူငယ္မ်ားကို လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္ အျမတ္ထုတ္ခံရျခင္းဆိုင္ရာမ်ားကို သုေတသနျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းမှ ကာကွယ်စောင့်ရှောက်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့တာဝန်သိ ခရီးသွားလုပ်ငန်းအဖွဲ့(MRTI)၊ ECPAT အဖွဲ့တို့နှင့် တာချီလိတ် ဒေသတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများက တာချီလိတ်မြို့ရှိ ဂိုးဒင်းချယ်ရီဟိုတယ်တွင် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က စတင်ကျင်းပသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် MRTI၊ ECPAT အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၂၃)ရက်နှင့် (၂၄)ရက်များတွင် တာချီလိတ်မြို့ ဂိုးဒင်းချယ်ရီဟိုတယ်၌ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေသတွင်းဌာနဆိုင်ရာကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ CSO အသင်းအဖွဲ့ များမှ ကိုယ်စားလှယ် (၅၀)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကလေးသူငယ်များကို အွန်လိုင်းပေါ်နှင့် ခရီးသွားလုပ်ငန်းများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းမှ ကာကွယ်စောင့်ရှောက်ရန် အတွက် ဆွေးနွေးကြခြင်းဖြစ်ကြောင်းသိရပြီး MRTI နှင့် ECPAT အဖွဲ့တို့က ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းဆိုင်ရာများကို သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~