တာခ်ီလိတ္တြင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း စစ္ေဆးအသိပညာေပး ပူးေပါင္းအဖြဲ႔ျဖင့္ ေဆာင္ရြက္

တာခ်ီလိတ္တြင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း စစ္ေဆးအသိပညာေပး ပူးေပါင္းအဖြဲ႔ျဖင့္ ေဆာင္ရြက္
ဖေဖော်ဝါရီ 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မွ က်ိဳင္းတံုၿမိဳ႕အထြက္လမ္းတြင္ ေဖေဖာ္၀ါရီလ(၁၅)ရက္ေန႔ နံနက္ပိုင္းက ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းထိန္းသိမ္းေရး ပူးေပါင္းအဖြဲ႔သည္ ကားထိုင္ခုံခါးပတ္ ပတ္ျခင္း၊ ယာဥ္ေမာင္းစဥ္ အရက္ေသစာ ေသာက္စားထားျခင္းႏွင့္ ယာဥ္ေမာင္းလိုင္စင္မ်ား စစ္ေဆးျခင္းႏွင့္ အသိပညာေပးတို႔ လုပ္ေဆာင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားေရးမွဴး ဦးစီးဌာနမွ ခ႐ိုင္ဦးစီးမွဴးဦးေသာင္းျမင့္ႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ တာ၀န္ရွိသူမ်ား၊ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ဒုရဲမွဴး ေအာင္ကိုကိုႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဌာနမွ တာ၀န္ရွိသူမ်ား၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္း ထိန္းသိမ္းျခင္းဆုိင္ရာတာ၀န္ရွိသူမ်ားပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ေမာ္ေတာ္ယာဥ္ေမာင္းႏွင့္ ခရီးသည္မ်ား အသက္ကယ္ထိုင္ခံု ခါးပတ္ပတ္ရန္၊ ဆိုင္ကယ္ဦးထုပ္ေဆာင္းရန္ႏွင့္ ယာဥ္ေမာင္းေနစဥ္ အရက္ေသစာ ေသာက္စားျခင္းရိွမရိွ စစ္ေဆးျခင္း၊ ယာဥ္ေမာင္းလုိင္စင္စစ္ေဆးျခင္းမ်ားကို ျပဳလုပ္ကာ အသိပညာေပးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယာဥ္ေမာင္းမ်ားႏွင့္ ခရီးသြားျပည္သူမ်ား ယာဥ္အႏၱရာယ္ထိခိုက္မႈ ေလ်ာ့ပါးေရးႏွင့္ မျဖစ္ပြားေစေရးအတြက္ အဆိုပါ ပူးေပါင္းအဖြဲ႔မွ အသိပညာေပးမႈမ်ား ေဆာင္ရြက္ေပးေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ကျိုင်းတုံမြို့အထွက်လမ်းတွင် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့သည် ကားထိုင်ခုံခါးပတ် ပတ်ခြင်း၊ ယာဉ်မောင်းစဉ် အရက်သေစာ သောက်စားထားခြင်းနှင့် ယာဉ်မောင်းလိုင်စင်များ စစ်ဆေးခြင်းနှင့် အသိပညာပေးတို့ လုပ်ဆောင်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသောင်းမြင့်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကိုနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းခြင်းဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်မောင်းနှင့် ခရီးသည်များ အသက်ကယ်ထိုင်ခုံ ခါးပတ်ပတ်ရန်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းရန်နှင့် ယာဉ်မောင်းနေစဉ် အရက်သေစာ သောက်စားခြင်းရှိမရှိ စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင်စစ်ဆေးခြင်းများကို ပြုလုပ်ကာ အသိပညာပေးကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ထိခိုက်မှု လျော့ပါးရေးနှင့် မဖြစ်ပွားစေရေးအတွက် အဆိုပါ ပူးပေါင်းအဖွဲ့မှ အသိပညာပေးမှုများ ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~