တာခ်ီလိတ္တြင္ (၅)ထပ္အေဆာက္အဦး အေပၚဆံုးထပ္မီီးေလာင္မႈ တစ္ဦးေသဆံုး

တာခ်ီလိတ္တြင္ (၅)ထပ္အေဆာက္အဦး အေပၚဆံုးထပ္မီီးေလာင္မႈ တစ္ဦးေသဆံုး
ဇန်နဝါရီ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္၊ တာေလာ့ေစ်းအနီးရွိ (၅)ထပ္ အေဆာက္အဦး၏ အေပၚဆံုးထပ္တြင္ ဘုရားမီးပူေဇာ္ရာမွ မီးေလာင္မႈျဖစ္ပြားသျဖင့္ ေနအိမ္ပိုင္ရွင္ ေသဆံုးသြားေၾကာင္း သိရသည္။

အသက္ (၇၃)ႏွစ္အရြယ္ ဦးစိုင္းျမင့္၏ ေနအိမ္အေပၚဆံုးထပ္ ဘုရားခန္းတြင္ ဖေယာင္းတုိင္မီးပူေဇာ္ရာမွ ဇန္နဝါရီလ (၃၀) ရက္ နံနက္ (၈)နာရီ (၂၀)မိနစ္အခ်ိန္က မီးေလာင္မႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈအား တာခ်ီလိတ္ၿမိဳ႕ မီးသတ္စခန္းမွ မီးသတ္ယာဥ္(၁၀)စီးျဖင့္ မီးသတ္တပ္ဖြဲ႕၊ အရန္ မီးသတ္တပ္ဖြဲ႕၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ေဒသခံ ျပည္သူမ်ား ဝိုင္းဝန္းၿငႇိမ္းသတ္ၾကေသာ္လည္း မီးေလာင္ကြ်မ္းသည့္ ပစၥည္းမ်ားမွာ အ၀တ္အထည္မ်ားႏွင့္ ေစာင္မ်ားျဖစ္သည့္အတြက္ မီးရွိန္ ျပင္းလာ သျဖင့္ ျမန္မာ-ထုိင္းနယ္ျခားေကာ္မတီ ထုိင္းႏုိင္ငံဘက္သို႔ အေၾကာင္းၾကားရာ (၉)နာရီအခ်ိန္တြင္ ထိုင္း - ျမန္မာနယ္ျခားေကာ္မတီမွ အတြင္းေရးမွဴး ဗိုလ္ႀကီးက်န္ဆြန္ဦးစီးသည့္ ၿမိဳ႕ပိုင္ရံုးအဖြဲ႕၊ မီးသတ္၊ စည္ပင္၊ လဝကဌာနတို႔မွ အင္အား(၄၀)ဦးခန္႔ျဖင့္ မီးသတ္ယာဥ္ (၆)စီးႏွင့္အတူ လာေရာက္ ကူညီၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

မီးေလာင္သည့္ ေနအိမ္အား ျမန္မာ - ထိုင္း မီးသတ္တပ္ဖြဲ႔တို႔မွ ေရွ႕ေနာက္ အဖြဲ႔မ်ားခြဲကာ ၿငိႇမ္းသတ္ ရာတြင္ အနီးရွိ ေနအိမ္မွ ကူညီေပးမႈေၾကာင့္ အဆိုပါ ေနအိမ္မွ တစ္ဆင့္ အဖြဲ႔ခြဲ၍ ၿငိႇမ္းသတ္ခဲ့ၿပီး ေသဆံုးသူ အေလာင္းအား နံနက္(၁၀)နာရီ (၁၀)မိနစ္အခ်ိန္တြင္ ရွာေဖြေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈကုိ (၁၀)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ၿငႇိမ္းသတ္ႏုိင္ခဲ့ၿပီး အျခားေနအိမ္မ်ားသို႔ ကူးစက္ ေလာင္ကၽြမ္းျခင္းမရိွေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ဆံုးရံႈးမႈ တန္ဖိုးမ်ားျပားေၾကာင္းႏွင့္ မီးေလာင္မႈတြင္ တာဝန္ရိွသူအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္း၌ ပုဒ္မ (၂၈၅/၃၀၄-က) ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ တာလော့ဈေးအနီးရှိ (၅)ထပ် အဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်ပိုင်ရှင် သေဆုံးသွားကြောင်း သိရသည်။

အသက် (၇၃)နှစ်အရွယ် ဦးစိုင်းမြင့်၏ နေအိမ်အပေါ်ဆုံးထပ် ဘုရားခန်းတွင် ဖယောင်းတိုင်မီးပူဇော်ရာမှ ဇန်နဝါရီလ (၃၀) ရက် နံနက် (၈)နာရီ (၂၀)မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား တာချီလိတ်မြို့ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁၀)စီးဖြင့် မီးသတ်တပ်ဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ကြသော်လည်း မီးလောင်ကျွမ်းသည့် ပစ္စည်းများမှာ အဝတ်အထည်များနှင့် စောင်များဖြစ်သည့်အတွက် မီးရှိန် ပြင်းလာ သဖြင့် မြန်မာ-ထိုင်းနယ်ခြားကော်မတီ ထိုင်းနိုင်ငံဘက်သို့ အကြောင်းကြားရာ (၉)နာရီအချိန်တွင် ထိုင်း - မြန်မာနယ်ခြားကော်မတီမှ အတွင်းရေးမှူး ဗိုလ်ကြီးကျန်ဆွန်ဦးစီးသည့် မြို့ပိုင်ရုံးအဖွဲ့၊ မီးသတ်၊ စည်ပင်၊ လဝကဌာနတို့မှ အင်အား(၄၀)ဦးခန့်ဖြင့် မီးသတ်ယာဉ် (၆)စီးနှင့်အတူ လာရောက် ကူညီကြခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်သည့် နေအိမ်အား မြန်မာ - ထိုင်း မီးသတ်တပ်ဖွဲ့တို့မှ ရှေ့နောက် အဖွဲ့များခွဲကာ ငြှိမ်းသတ် ရာတွင် အနီးရှိ နေအိမ်မှ ကူညီပေးမှုကြောင့် အဆိုပါ နေအိမ်မှ တစ်ဆင့် အဖွဲ့ခွဲ၍ ငြှိမ်းသတ်ခဲ့ပြီး သေဆုံးသူ အလောင်းအား နံနက်(၁၀)နာရီ (၁၀)မိနစ်အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကို (၁၀)နာရီ (၁၅)မိနစ်အချိန်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက် လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးများပြားကြောင်းနှင့် မီးလောင်မှုတွင် တာဝန်ရှိသူအား တာချီလိတ်မြို့မ ရဲစခန်း၌ ပုဒ်မ (၂၈၅/၃၀၄-က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~