ေဆာက္လုပ္ေနဆဲ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္း စခန္းအတြက္ အမ်ားျပည္သူ ေကာင္းမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးမွ ထိုင္းဘတ္ေငြ (၁)သိန္း လွဴဒါန္း

ေဆာက္လုပ္ေနဆဲ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္း စခန္းအတြက္ အမ်ားျပည္သူ ေကာင္းမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးမွ ထိုင္းဘတ္ေငြ (၁)သိန္း လွဴဒါန္း
ဇန်နဝါရီ 25, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း၌ ေဆာက္လုပ္ေနဆဲျဖစ္ေသာ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္း စခန္းအတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီက ထိုင္းဘတ္ေငြ (၁)သိန္းအား ဇန္န၀ါရီလ(၂၅)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနရံုးတြင္ လွဴဒါန္းလုိက္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းစခန္း အေဆာက္အဦအတြက္ တာခ်ီလိတ္ၿမိဳ႕ေန အမ်ားျပည္သူမ်ား၏ လွ်ပ္စစ္မီး အသံုးျပဳခ ေကာက္ခံရရွိ ေငြမ်ားထဲမွ ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ဦးေဆာင္နာယကမ်ား ႏွင့္  ဥကၠဌ ႏွင့္ ေကာ္မတီ၀င္မ်ား၏ သေဘာတူညီခ်က္ျဖင့္ လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီဌာနဟာ တက္တက္ၾကြၾကြနဲ႔ အမ်ားအက်ိဳးကို အျမဲတေစ ကူညီေဆာင္ရြက္ေပးေနတာ အားလံုးလည္းသိပါတယ္။ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ၿမိဳ႕ရဲ႕ လိုအပ္တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈေတြကို မဆုတ္ယုတ္သြားေအာင္ ကာကြယ္တဲ့ဌာနတစ္ခုအေနနဲ႔ ရွိသင့္တဲ့ အေဆာက္အဦေတြကို ေဆာက္ေနတဲ့အတြင္းမွာ မျပည့္မစုံျဖစ္မွာစုိးတဲ့ အတြက္ ေကာ္မတီ၀င္ေတြရဲ႕ သေဘာထားအရ ေထာက္ပံ့ေပးျခင္းျဖစ္ပါတယ္။"ဟု ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ဒုဥကၠဌ ဦးၾကည္ျမင့္က ေျပာသည္။

အဆိုပါ အေဆာက္အဦအတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ဒုတိယဥကၠဌ ဦးၾကည္ျမင့္ႏွင့္ အလုပ္အမႈေဆာင္ေကာ္မတီ၀င္မ်ားမွ အလွဴေငြမ်ား လွဴဒါန္းရာတြင္ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးေအာင္ေဇာ္လင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းမွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္းတို႔က လက္ခံရယူခဲ့ၾကသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၏ အရန္မီးသတ္တပ္ရင္းစခန္းအား ေစတနာရွင္ အလွဴရွင္မ်ား၏ စုေပါင္းလွဴဒါန္းမႈျဖင့္ ေဆာက္လုပ္ေနသည္မွာ (၅၀)ရာခိုင္ႏႈန္းခန္႔ ၿပီးစီးေနၿပီး (၁၀၀)ရာခုိင္ႏႈန္း ၿပီးေျမာက္ရန္အတြက္ ေစတနာရွင္မ်ား၏ အကူအညီမ်ား လိုအပ္ေနေသးေၾကာင္း သိရသည္။

"အခုေလာေလာဆယ္ကေတာ့ အေဆာက္အဦကေတာ့ (၅၀)ရာခိုင္ႏႈန္းေလာက္ၿပီးေနပါၿပီ၊ အဲ့ေလာက္ ၿပီးေအာင္လည္း ၿမိဳ႕မိၿမိဳ႕ဖမ်ားနဲ႔ ေစတနာရွင္ အလွဴရွင္မ်ားရဲ႕ ကူညီပံ့ပိုးမႈမ်ားေၾကာင့္ပါ၊ ဆက္လက္ၿပီးေတာ့လည္း ရာႏႈန္းျပည့္ ၿပီးစီးဖို႔အတြက္ အလွဴရွင္မ်ားရဲ႕ အကူအညီမ်ားလည္း ထပ္မံ လိုအပ္ေနပါေသးတယ္၊ အရင္ကဆိုရင္ အရန္မီးသတ္တပ္ဖြဲ႔၀င္ေတြအေနနဲ႔ အေရးေပၚကိစၥေတြ ျဖစ္လာမယ္ဆုိရင္ လြယ္လြယ္နဲ႔ စုစည္းဖို႔မလြယ္ဘူး၊ အခုကေတာ့ ေျမေနရာလည္း ရရွိထားပါၿပီ၊ စခန္းေဆာက္လုပ္ၿပီးသြားရင္ေတာ့ အရန္မီးသတ္တပ္ဖြဲ႔၀င္ေတြ အလြယ္တကူ စုစည္းႏိုင္မွာ ျဖစ္ပါတယ္။"ဟု ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းမွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တစ္ခုလံုးတြင္ အရန္မီးသတ္တပ္ဖြဲ႔၀င္ (၁၈၀၀)ေက်ာ္ရွိၿပီး တာခ်ီလိတ္ခရိုင္ တစ္ခုလံုးတြင္ အရန္မီးသတ္တပ္ဖြဲ႔၀င္  စုစုေပါင္း (၃၀၀၀)ေက်ာ္ ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ ဆောက်လုပ်နေဆဲဖြစ်သော တာချီလိတ်မြို့နယ် အရန်မီးသတ် တပ်ရင်း စခန်းအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီက ထိုင်းဘတ်ငွေ (၁)သိန်းအား ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် လှူဒါန်းလိုက်သည်။

တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းစခန်း အဆောက်အဦအတွက် တာချီလိတ်မြို့နေ အများပြည်သူများ၏ လျှပ်စစ်မီး အသုံးပြုခ ကောက်ခံရရှိ ငွေများထဲမှ မြို့မီးလင်းရေးကော်မတီမှ ဦးဆောင်နာယကများ နှင့် ဥက္ကဌ နှင့် ကော်မတီဝင်များ၏ သဘောတူညီချက်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဌာနဟာ တက်တက်ကြွကြွနဲ့ အများအကျိုးကို အမြဲတစေ ကူညီဆောင်ရွက်ပေးနေတာ အားလုံးလည်းသိပါတယ်။ ဒါကြောင့် ကျွန်တော်တို့မြို့ရဲ့ လိုအပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မဆုတ်ယုတ်သွားအောင် ကာကွယ်တဲ့ဌာနတစ်ခုအနေနဲ့ ရှိသင့်တဲ့ အဆောက်အဦတွေကို ဆောက်နေတဲ့အတွင်းမှာ မပြည့်မစုံဖြစ်မှာစိုးတဲ့ အတွက် ကော်မတီဝင်တွေရဲ့ သဘောထားအရ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။"ဟု မြို့မီးလင်းရေးကော်မတီမှ ဒုဥက္ကဌ ဦးကြည်မြင့်က ပြောသည်။

အဆိုပါ အဆောက်အဦအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ဒုတိယဥက္ကဌ ဦးကြည်မြင့်နှင့် အလုပ်အမှုဆောင်ကော်မတီဝင်များမှ အလှူငွေများ လှူဒါန်းရာတွင် တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း နှင့် တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းတို့က လက်ခံရယူခဲ့ကြသည်။

တာချီလိတ်မြို့နယ်၏ အရန်မီးသတ်တပ်ရင်းစခန်းအား စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်နေသည်မှာ (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးနပြေီး (၁၀၀)ရာခိုင်နှုန်း ပြီးမြောက်ရန်အတွက် စေတနာရှင်များ၏ အကူအညီများ လိုအပ်နေသေးကြောင်း သိရသည်။

"အခုလောလောဆယ်ကတော့ အဆောက်အဦကတော့ (၅၀)ရာခိုင်နှုန်းလောက်ပြီးနေပါပြီ၊ အဲ့လောက် ပြီးအောင်လည်း မြို့မိမြို့ဖများနဲ့ စေတနာရှင် အလှူရှင်များရဲ့ ကူညီပံ့ပိုးမှုများကြောင့်ပါ၊ ဆက်လက်ပြီးတော့လည်း ရာနှုန်းပြည့် ပြီးစီးဖို့အတွက် အလှူရှင်များရဲ့ အကူအညီများလည်း ထပ်မံ လိုအပ်နေပါသေးတယ်၊ အရင်ကဆိုရင် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အရေးပေါ်ကိစ္စတွေ ဖြစ်လာမယ်ဆိုရင် လွယ်လွယ်နဲ့ စုစည်းဖို့မလွယ်ဘူး၊ အခုကတော့ မြေနေရာလည်း ရရှိထားပါပြီ၊ စခန်းဆောက်လုပ်ပြီးသွားရင်တော့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အလွယ်တကူ စုစည်းနိုင်မှာ ဖြစ်ပါတယ်။"ဟု မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းက ပြောသည်။

တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၈၀၀)ကျော်ရှိပြီး တာချီလိတ်ခရိုင် တစ်ခုလုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၃၀၀၀)ကျော် ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~