ထိုင္းလယ္သမား အေယာက္(၂၀၀)ခန္႔ မယ္ဆိုင္ေခ်ာင္းအတြင္း သဲအိတ္မ်ားခ်မည္ကို သတင္းရ၍ ျမန္မာဘက္မွ ေစာင့္ၾကည့္

ထိုင္းလယ္သမား အေယာက္(၂၀၀)ခန္႔ မယ္ဆိုင္ေခ်ာင္းအတြင္း သဲအိတ္မ်ားခ်မည္ကို သတင္းရ၍ ျမန္မာဘက္မွ ေစာင့္ၾကည့္
ဇန်နဝါရီ 13, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ ႏွင့္ မယ္ဆိုင္ၿမိဳ႕အၾကား မယ္ဆိုင္ေခ်ာင္းေပၚ ထိုင္းလယ္ သမားမ်ားက ေရဦးေရလႊဲ ရယူရန္ ေခ်ာင္းလယ္တြင္ သဲအိတ္မ်ား ခ်ထားရန္အတြက္ ထိုင္းလယ္သမား (၂၀၀)၀န္းက်င္သည္ ေခ်ာင္းအနီး ဇန္န၀ါရီလ(၁၃)ရက္ေန႔ နံနက္(၁၁)နာရီ၀န္းက်င္က စုရံုးေနမႈကို ျမန္မာဘက္ တာ၀န္ရွိသူမ်ားက သြားေရာက္ ေစာင့္ၾကည့္ေၾကာင္း သိရသည္။

ထိုင္းလယ္သမားမ်ားက ေခ်ာင္းလယ္တြင္ သဲအိတ္မ်ား ခ်မည့္ ကိစၥႏွင့္ ပတ္သက္၍ ထိုင္းဘက္ ဆည္ေျမာင္းဌာနႏွင့္ တာ၀န္ရွိသူမ်ားက သိရွိသြားၿပီးေနာက္ ေရာက္ရွိလာကာ ၎တို႔၏ လယ္သမားမ်ားအား သဲအိတ္မ်ားျဖင့္ မျပဳလုပ္ဘဲ ေရစုပ္စက္မ်ားျဖင့္ ေရရယူႏိုင္အတြက္ ေဆာင္ရြက္ႏိုင္ေရးကို အစည္းအေ၀း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းကို ေျပာၾကားသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ ငွက္ေပ်ာဆိပ္ဘက္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းႏု ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေက်ာ္မိုးထြန္း၊ ဆည္ေျမာင္း ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကၿပီး ထိုင္းဘက္မွ သဲအိတ္မ်ား မခ်ေစရန္အတြက္ ေစာင့္ၾကည့္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ နှင့် မယ်ဆိုင်မြို့အကြား မယ်ဆိုင်ချောင်းပေါ် ထိုင်းလယ် သမားများက ရေဦးရေလွှဲ ရယူရန် ချောင်းလယ်တွင် သဲအိတ်များ ချထားရန်အတွက် ထိုင်းလယ်သမား (၂၀၀)ဝန်းကျင်သည် ချောင်းအနီး ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က စုရုံးနေမှုကို မြန်မာဘက် တာဝန်ရှိသူများက သွားရောက် စောင့်ကြည့်ကြောင်း သိရသည်။

ထိုင်းလယ်သမားများက ချောင်းလယ်တွင် သဲအိတ်များ ချမည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက် ဆည်မြောင်းဌာနနှင့် တာဝန်ရှိသူများက သိရှိသွားပြီးနောက် ရောက်ရှိလာကာ၎င်းတို့၏ လယ်သမားများအား သဲအိတ်များဖြင့် မပြုလုပ်ဘဲ ရေစုပ်စက်များဖြင့် ရေရယူနိုင်အတွက် ဆောင်ရွက်နိုင်ရေးကို အစည်းအေဝး ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ပြောကြားသွားကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ငှက်ပျောဆိပ်ဘက်တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု နှင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း၊ ဆည်မြောင်း နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြပြီး ထိုင်းဘက်မှ သဲအိတ်များ မချစေရန်အတွက် စောင့်ကြည့်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~