တာခ်ီလိတ္တြင္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဆိုင္ရာ အာဆီယံႏိုင္ငံအဆင့္ “စံ”သတ္မွတ္ႏႈန္းႏွင့္အညီ သင္ၾကားေရး ဆရာျဖစ္ သင္တန္းဆင္းပြဲ ျပဳလုပ္

တာခ်ီလိတ္တြင္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဆိုင္ရာ အာဆီယံႏိုင္ငံအဆင့္ “စံ”သတ္မွတ္ႏႈန္းႏွင့္အညီ သင္ၾကားေရး ဆရာျဖစ္ သင္တန္းဆင္းပြဲ ျပဳလုပ္
ဇန်နဝါရီ 19, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဆိုင္ရာ အာဆီယံႏိုင္ငံအဆင့္ “စံ”သတ္မွတ္ႏႈန္းႏွင့္အညီ သင္ၾကားေရးဆရာျဖစ္ သင္တန္းသို႔ တက္ေရာက္ သင္ယူခဲ့သည့္ သင္တန္းသား (၂၁)ဦးအား သင္တန္းဆင္း လက္မွတ္မ်ား ေပးပြဲကို ဇန္န၀ါရီလ (၁၉)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ ပလက္တီနမ္စတား ဟိုတယ္တြင္ ျပဳလုပ္သည္။

အဆိုပါ အာဆီယံႏိုင္ငံအဆင့္ “စံ” ႏႈန္းသင္ၾကားေရးဆရာျဖစ္ သင္တန္းကို ဟိုတယ္ႏွင့္ခရီးသြားလာေရး ၀န္ႀကီးဌာနမွ ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္း လူ႔စြမ္းအားရင္းျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းက စီစဥ္ကာ ဇန္န၀ါရီလ (၉)ရက္ေန႔မွ (၁၈)ရက္ေန႔အထိ သင္ၾကားခဲ့ၿပီး  ဇန္န၀ါရီလ(၁၉)ရက္ေန႔မွာ သင္တန္းဆင္း လက္မွတ္မ်ားအား အခမ္းအနားသို႔ တက္ေရာက္လာသည့္ အႀကီးအကဲမ်ားႏွင့္ တာ၀န္ရွိသူမ်ားက ေပးအပ္ခဲ့ျခင္း ျဖစ္သည္။

“ဒီသင္တန္းရဲ႕ အဓိက ရည္ရြယ္ခ်က္ကေတာ့ တာခ်ီလိတ္ၿမိဳ႕ရဲ႕ လူ႕စြမ္းအား အရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ရည္ရြက္တာပါ။ ကြ်န္ေနာ္တို႔ Service worker ေတြ တာခ်ီလိတ္မွာ အရမ္းနည္းတယ္။ လုပ္တတ္တယ္ နည္းလမ္းမက်ဘူး။ အာဆီယံအဆင့္ “စံ”မရွိဘူး၊ အဲ့ဒီအတြက္ေၾကာင့္အားလုံးကို တေျပးတညီထဲ ျဖစ္ေစျခင္တယ္။ ၿပီးေတာ့ တာခ်ီလိတ္ၿမိဳ႕ကေန တျခားၿမိဳ႕ႀကီးေတြကို ယွဥ္ၿပိဳင္ခ်င္တယ္ ၊ ယွဥ္ၿပိဳင္ၿပီး ဆုေတြလည္း လိုခ်င္တယ္။အဲ့ေတာ့က်ေနာ္တို႔ ၾကိဳးစားသြားမယ္။ ၿပီးေတာ့ ၿမိဳ႕မွာ ဆရာ ရွားပါးတယ္။ သင္တန္းေပးခ်င္တယ္ ဆရာမရွိဘူး ၊ တျခားၿမိဳ႕က ဆရာေတြ ငွားရင္ ေငြကုန္ေၾကးက်မ်ားမယ္။ ဒီျပသနာေတြကို ျဖစ္ရွင္းခ်င္တယ္။ ဒီအတြက္ေၾကာင့္ ဒီသင္တန္းကို လုပ္ျဖစ္သြားတာျဖစ္ပါတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕ ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းဥကၠဌ ဦးအာကာက ေျပာသည္။

ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းလူ႔စြမ္းအားရင္းျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းက စီစဥ္သည့္ အာဆီယံ ႏိုင္ငံအဆင့္ “စံ”သတ္မွတ္ႏႈန္းႏွင့္အညီ သင္ၾကားေရးဆရာျဖစ္ သင္တန္းကို ရွမ္းျပည္နယ္တြင္ ရွမ္းေတာင္ႏွင့္ ရွမ္းေရွ႕မွာ ျပဳလုပ္ၿပီးစီးခဲ့ၿပီး ထပ္မံၿပီး ရွမ္းေျမာက္မွာလည္း သင္တန္းေပးသြားရန္ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ အာဆီယံနိုင်ငံအဆင့် “စံ”သတ်မှတ်နှုန်းနှင့်အညီ သင်ကြားရေးဆရာဖြစ် သင်တန်းသို့ တက်ရောက် သင်ယူခဲ့သည့် သင်တန်းသား (၂၁)ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးပွဲကို ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ပလက်တီနမ်စတား ဟိုတယ်တွင် ပြုလုပ်သည်။

အဆိုပါ အာဆီယံနိုင်ငံအဆင့် “စံ” နှုန်းသင်ကြားရေးဆရာဖြစ် သင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက စီစဉ်ကာ ဇန်နဝါရီလ (၉)ရက်နေ့မှ (၁၈)ရက်နေ့အထိ သင်ကြားခဲ့ပြီး ဇန်နဝါရီလ(၁၉)ရက်နေ့မှာ သင်တန်းဆင်း လက်မှတ်များအား အခမ်းအနားသို့ တက်ရောက်လာသည့် အကြီးအကဲများနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တာချီလိတ်မြို့ရဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွက်တာပါ။ ကျွန်နော်တို့ Service worker တွေ တာချီလိတ်မှာ အရမ်းနည်းတယ်။ လုပ်တတ်တယ် နည်းလမ်းမကျဘူး။ အာဆီယံအဆင့် “စံ”မရှိဘူး၊ အဲ့ဒီအတွက်ကြောင့်အားလုံးကို တပြေးတညီထဲ ဖြစ်စခြေင်တယ်။ ပြီးတော့ တာချီလိတ်မြို့ကနေ တခြားမြို့ကြီးတွေကို ယှဉ်ပြိုင်ချင်တယ်၊ ယှဉ်ပြိုင်ပြီး ဆုတွေလည်း လိုချင်တယ်။အဲ့တော့ကျနော်တို့ ကြိုးစားသွားမယ်။ ပြီးတော့ မြို့မှာ ဆရာ ရှားပါးတယ်။ သင်တန်းပေးချင်တယ် ဆရာမရှိဘူး၊ တခြားမြို့က ဆရာတွေ ငှါးရင် ငွေကုန်ကြေးကျများမယ်။ ဒီပြသနာတွေကို ဖြစ်ရှင်းချင်တယ်။ ဒီအတွက်ကြောင့် ဒီသင်တန်းကို လုပ်ဖြစ်သွားတာဖြစ်ပါတယ်။”ဟု တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအာကာက ပြောသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက စီစဉ်သည့် အာဆီယံ နိုင်ငံအဆင့် “စံ”သတ်မှတ်နှုန်းနှင့်အညီ သင်ကြားရေးဆရာဖြစ် သင်တန်းကို ရှမ်းပြည်နယ်တွင် ရှမ်းတောင်နှင့် ရှမ်းရှေ့မှာ ပြုလုပ်ပြီးစီးခဲ့ပြီး ထပ်မံပြီး ရှမ်းမြောက်မှာလည်း သင်တန်းပေးသွားရန်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~