တာခ်ီလိတ္တြင္ ႏိုင္ငံျခားသားမ်ားအား ဟိုတယ္မွ လြဲ၍ အျခားေနရာမ်ားတြင္ တည္းခိုခြင့္မျပဳရန္ ၿမိဳ႕နယ္ရဲ ႏွင့္ လ၀ကမွ အသိေပး

တာခ်ီလိတ္တြင္ ႏိုင္ငံျခားသားမ်ားအား ဟိုတယ္မွ လြဲ၍ အျခားေနရာမ်ားတြင္ တည္းခိုခြင့္မျပဳရန္ ၿမိဳ႕နယ္ရဲ ႏွင့္ လ၀ကမွ အသိေပး
ဇန်နဝါရီ 24, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ မႈခင္းႀကိဳတင္ကာကြယ္ေရး အတြက္ ႏို္င္ငံျခားသား ခရီးသြား ဧည့္သည္မ်ားအား ဟိုတယ္မွ လြဲ၍ အျခားေနရာမ်ားတြင္ တည္းခိုး ညအိပ္ခြင့္မျပဳရန္ တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္လ၀ကတို႔မွ တာခ်ီလိတ္ၿမိဳ႕ေပၚ အိမ္ရွင္၊ အိမ္ငွားမ်ားအား ေခၚယူေတြ႔ဆံု၍ အသိပညာေပး ေဟာေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ဓမၼာရံုတြင္ ဇန္န၀ါရီလ(၂၄)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ႏွင့္ အိမ္ခန္းငွားအိမ္ရွင္မ်ားကို ဖိတ္ၾကားကာ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ထိန္လင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္လ၀က ဦးစီးမွဴး ဦးစိုင္းဆိုင္တစ္တို႔က အသိေပးပညာေပး ေဟာေျပာျခင္း ျဖစ္သည္။

“ႏိုင္ငံျခားသားေတြကို တည္းခိုခန္း အဆင့္ေတာင္ ညအိပ္ခြင့္ မရွိပါဘူး။ ေနအိမ္ေတြဆိုရင္ ပိုဆိုး။ မိမိရပ္ကြက္မွာ  တကယ္လို႔ ႏိုင္ငံျခားသား ညအိပ္ လက္ခံတာေတြ႕ရင္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ ၿမိဳ႕မရဲစခန္းေတြမွာ လာေရာက္အေၾကာင္းၾကားဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ မႈခင္းျဖစ္ပြားခဲ့မယ္ဆိုရင္ လက္ခံတဲ့ အိမ္ရွင္ပါ တာ၀န္ရွိပါတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ထိန္လင္းက ေျပာသည္။

အဆိုပါ အသိပညာေပးေဟာေျပာပြဲတြင္ တက္ေရာက္လာသည့္ အခန္းငွား အိမ္ရွင္မ်ားႏွင့္ အခ်ဳိ႕မွ သိရွိလိုသည္မ်ားကို ျပန္လည္ေဆြးေႏြးေမးျမန္းခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မႈခင္းႀကိဳတင္ကာကြယ္ေရးႏွင့္ မႈခင္းေလ်ာ့ပါးေရးအတြက္ အသိပညာေပးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိၿပီး ႏိုင္ငံျခားသား ခရီးသြားဧည့္သည္မ်ားအား ေနအိမ္၊ တည္းခိုခန္း ႏွင့္ အိမ္ခန္းငွားမ်ားတြင္ ညအိမ္ခြင့္မရွိေၾကာင္း ႏွင့္ ဟိုတယ္တစ္ခုတည္းတြင္သာ ညအိပ္ခြင့္ရွိမွာ ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္အတြင္း တာခ်ီလိတ္ၿမိဳ႕တြင္ ႏိုင္ငံျခားသားခရီးသြား ဧည့္သည္ႏွင့္ပတ္သတ္၍ ျဖစ္ပြားခဲ့သည့္ မႈခင္းမ်ားမွာ (၅)ခုရွိခဲ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေး အတွက် နို်င်ငံခြားသား ခရီးသွား ဧည့်သည်များအား ဟိုတယ်မှ လွဲ၍ အခြားနေရာများတွင် တည်းခိုး ညအိပ်ခွင့်မပြုရန် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ နှင့် တာချီလိတ်မြို့နယ်လဝကတို့မှ တာချီလိတ်မြို့ပေါ် အိမ်ရှင်၊ အိမ်ငှါးများအား ခေါ်ယူတွေ့ဆုံ၍ အသိပညာပေး ဟောပြောသည်။

တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က တာချီလိတ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် အိမ်ခန်းငှါးအိမ်ရှင်များကို ဖိတ်ကြားကာ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထိန်လင်း နှင့် တာချီလိတ်မြို့နယ်လဝက ဦးစီးမှူး ဦးစိုင်းဆိုင်တစ်တို့က အသိပေးပညာပေး ဟောပြောခြင်း ဖြစ်သည်။

“နိုင်ငံခြားသားတွေကို တည်းခိုခန်း အဆင့်တောင် ညအိပ်ခွင့် မရှိပါဘူး။ နေအိမ်တွေဆိုရင် ပိုဆိုး။ မိမိရပ်ကွက်မှာ တကယ်လို့ နိုင်ငံခြားသား ညအိပ် လက်ခံတာတွေ့ရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့မရဲစခန်းတွေမှာ လာရောက်အကြောင်းကြားဖို့ လိုအပ်ပါတယ်။ တကယ်လို့ မှုခင်းဖြစ်ပွားခဲ့မယ်ဆိုရင် လက်ခံတဲ့ အိမ်ရှင်ပါ တာဝန်ရှိပါတယ်။”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထိန်လင်းက ပြောသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာသည့် အခန်းငှါး အိမ်ရှင်များနှင့် အချို့မှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းလျော့ပါးရေးအတွက် အသိပညာပေးမှုများ ပြုလုပ်နေလျှက်ရှိပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား နေအိမ်၊ တည်းခိုခန်း နှင့် အိမ်ခန်းငှါးများတွင် ညအိမ်ခွင့်မရှိကြောင်း နှင့် ဟိုတယ်တစ်ခုတည်းတွင်သာ ညအိပ်ခွင့်ရှိမှာ ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း တာချီလိတ်မြို့တွင် နိုင်ငံခြားသားခရီးသွား ဧည့်သည်နှင့်ပတ်သတ်၍ ဖြစ်ပွားခဲ့သည့် မှုခင်းများမှာ (၅)ခုရှိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~