တမူးမွတဆင့္ ျပည္တြင္းသို႔ ၀င္ေရာက္လည့္ပတ္သည့္ ႏိုင္ငံျခားသား ဆိုင္ကယ္စီးအဖြဲ႔ တာခ်ီလိတ္မွ တဆင့္ ထိုင္းသို႔ ၀င္ေရာက္

တမူးမွတဆင့္ ျပည္တြင္းသို႔ ၀င္ေရာက္လည့္ပတ္သည့္ ႏိုင္ငံျခားသား ဆိုင္ကယ္စီးအဖြဲ႔ တာခ်ီလိတ္မွ တဆင့္ ထိုင္းသို႔ ၀င္ေရာက္
ဇန်နဝါရီ 24, 2017
By Tachileik News Agency

တမူးနယ္စပ္ဂိတ္မွ ၀င္ေရာက္ၿပီး ျပည္တြင္းခရီးစဥ္မ်ားအား ေမာ္ေတာ္ဆိုင္ကယ္(၃)စီးျဖင့္ သြားေရာက္သည့္ ႏိုင္ငံျခားသားအဖြဲ႔သည္ ဇန္န၀ါရီလ(၂၄)ရက္ေန႔ တြင္ တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တဆင့္ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။

Bright View Travels & Tours ကုမၸဏီ၏ စီစဥ္မႈျဖင့္ ၿဗိတိန္ႏိုင္ငံသား Mr. Richard Charles Kaye အပါအ၀င္ (၃)ဦးသည္ ေမာ္ေတာ္ဆိုင္ကယ္ (၃)စီးျဖင့္ အိႏၵိယနယ္စပ္ျဖစ္သည့္ တမူးမွ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁၈)ရက္ေန႔က ၀င္ေရာက္လာခဲ့ၿပီး တမူး - ကေလး - ပုဂံ - ပုပၸါး - အင္းေလး - နမ့္စန္ - က်ဳိင္းတံု စသည့္ ၿမိဳ႕မ်ားသို႔ သြားေရာက္ လည္ပတ္ခဲ့ၿပီးေနာက္ ယေန႔ ဇန္န၀ါရီလ (၂၄)ရက္ေန႔တြင္ တာခ်ီလိတ္မွတဆင့္ တစ္ဖက္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ ထြက္ခြာသြားေၾကာင္း သိရသည္။

ႏိုင္ငံျခားသား ခရီးသြားမ်ားသည့္ အစုအဖြဲ႔ျဖင့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁) တံတားမွ တဆင့္ ျပည္တြင္းသို႔ ကားမ်ားျဖင့္ လည္းေကာင္း၊ ဆိုင္ကယ္မ်ားျဖင့္ လည္းေကာင္း ၀င္ေရာက္ လည္ပတ္သည္မ်ားရွိသည့္ နည္းတူ အမွတ္(၁) တံတားမွ တဆင့္ ထိုင္းႏိုင္ငံအတြင္းသို႔ ျပန္လည္ ထြက္ခြာသြားၾကေလ့ ရွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ပညာေအာင္



~~~~~~~~⊰❂ unicode ~~~~~~~~

တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်ပြီး ပြည်တွင်းခရီးစဉ်များအား မော်တော်ဆိုင်ကယ်(၃)စီးဖြင့် သွားရောက်သည့် နိုင်ငံခြားသားအဖွဲ့သည် ဇန်နဝါရီလ(၂၄)ရက်နေ့ တွင် တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

Bright View Travels & Tours ကုမ္ပဏီ၏ စီစဉ်မှုဖြင့် ဗြိတိန်နိုင်ငံသား Mr. Richard Charles Kaye အပါအဝင် (၃)ဦးသည် မော်တော်ဆိုင်ကယ် (၃)စီးဖြင့် အိန္ဒိယနယ်စပ်ဖြစ်သည့် တမူးမှ ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က ဝင်ရောက်လာခဲ့ပြီး တမူး - ကလေး - ပုဂံ - ပုပ္ပါး - အင်းလေး - နမ့်စန် - ကျိုင်းတုံ စသည့် မြို့များသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် တာချီလိတ်မှတဆင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွားများသည့် အစုအဖွဲ့ဖြင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားမှ တဆင့် ပြည်တွင်းသို့ ကားများဖြင့် လည်းကောင်း၊ ဆိုင်ကယ်များဖြင့် လည်းကောင်း ဝင်ရောက် လည်ပတ်သည်များရှိသည့် နည်းတူ အမှတ်(၁) တံတားမှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည် ထွက်ခွာသွားကြလေ့ ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ပညာအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~