တာခ်ီလိတ္နယ္စပ္တင္သြင္းကုန္မ်ား အပတ္စဥ္ေစ်းႏႈန္းသတ္မွတ္မႈေၾကာင့္ ကုန္သြယ္ေရး ျမန္ဆန္လာ

တာခ်ီလိတ္နယ္စပ္တင္သြင္းကုန္မ်ား အပတ္စဥ္ေစ်းႏႈန္းသတ္မွတ္မႈေၾကာင့္ ကုန္သြယ္ေရး ျမန္ဆန္လာ
ဒီဇင်ဘာ 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕  နယ္စပ္ကုန္သြယ္ေရးစခန္းမွ တင္သြင္းကုန္မ်ားကို အပတ္စဥ္ ေစ်းႏႈန္းသတ္မွတ္မႈ လုပ္ေဆာင္လာသျဖင့္ ထိုင္းႏိုင္ငံမွ လယ္ယာသုံးပစၥည္းမ်ား တင္သြင္းမႈ ယခင္ထက္ ျမန္ဆန္လာေၾကာင္း လယ္ယာသုံးပစၥည္းေရာင္းခ်သူမ်ားထံမွ သိရသည္။

“တင္သြင္းမႈေတြက ေလာေလာဆယ္ အခက္အခဲ မရွိေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ တာခ်ီလိတ္မွာက တစ္ပတ္တစ္ခါ ကုန္ပစၥည္းေစ်းႏွႈန္းသတ္မွတ္တာေတြလည္းရွိတယ္။ ေတာ္ေတာ္ေလး အဆင္ေျပလာၿပီ။ အရင္တုန္းကလိုမ်ိဳး အခ်ိန္အၾကာၾကီး ေစာင့္စရာ မရွိလို႔ေပါ့။ လိုင္စင္မက်တာနဲ႔ ေစ်းႏႈန္းမက်တာနဲ႔ အဲဒီလိုမ်ိဳးေတြေတာ့ မရွိေတာ့ဘူး။”ဟု တာခ်ီလိတ္ၿမိဳ႕ ၊ ယဥ္တုံးအိမ္ေဆာက္ပစၥည္းဆိုင္မွ ကိုဇင္မင္းထြန္းက ေျပာသည္။

ယခင္ တာခ်ီလိတ္နယ္စပ္ၿမိဳ႕တြင္ ကုန္ပစၥည္းေစ်းႏႈန္းသတ္မွတ္ေရး အစည္းအေ၀းမ်ား မျပဳလုပ္သျဖင့္ ကုန္ပစၥည္းတစ္ခု လိုင္စင္တင္ခ်ိန္တြင္ ေစ်းႏႈန္းအတည္သတ္မွတ္ႏိုင္ျခင္းမ်ား မရွိသည့္အတြက္ လိုင္စင္ရရွိရန္ ၾကန္႔ၾကာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ေဒသအတြင္းမွာရိွတဲ့ ကုန္သည္လုပ္ငန္းရွင္ေတြ ပစၥည္းတင္ပို ့တာတို ့ တင္သြင္းတာတို ့လုပ္တဲ့အခါမွာ တစ္ခ်ိဳ႕ ပစၥည္းေတြရဲ႕ ေဒၚလာေစ်း အတက္အက်ေတြရိွေတာ့ အခြန္စည္းၾကပ္တဲ့အခါမွာ မ်ားတာ နည္းတာ မျဖစ္ရေအာင္ အပတ္စဥ္ ေသာၾကာေန႔တိုင္း အစည္းအေ၀းလုပ္ၿပီး ညႇိႏိႈင္းေပးေနပါတယ္"ဟု တာခ်ီလိတ္ၿမဳိ႕နယ္ ၊ အေကာက္ခြန္ဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးျမ၀င္းက ေျပာသည္။

ကုန္ပစၥည္းေစ်းႏႈန္းသတ္မွတ္ျခင္းလုပ္ငန္းမ်ားကို နယ္စပ္စခန္းမ်ားရိွသည့္ၿမိဳ ့တိုင္းတြင္ လုပ္ေဆာင္လွ်က္ရိွၿပီး တာခ်ီလိတ္ၿမိဳ႕တြင္မူ ႏို၀င္ဘာလမွစတင္ကာ အပတ္စဥ္ ေသာၾကာေန႔တိုင္း စတင္လုပ္ေဆာင္လာျခင္း ျဖစ္သည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးမွ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ ထိုင္းႏိုင္ငံသို႔ အေမရိကန္ေဒၚလာ (၉.၃၉၄)မီလီယံ တင္ပို႔ႏိုင္ခဲ့ၿပီး ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ တင္သြင္းလာေသာ သြင္းကုန္တန္ဖိုးမွာ (၅၇.၃၅၃)မီလီယံရွိေၾကာင္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္း၏ စာရင္းမ်ားအရ သိရသည္။

သတင္း - ေဇာင္းညီ
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းကုန်များကို အပတ်စဉ် ဈေးနှုန်းသတ်မှတ်မှု လုပ်ဆောင်လာသဖြင့် ထိုင်းနိုင်ငံမှ လယ်ယာသုံးပစ္စည်းများ တင်သွင်းမှု ယခင်ထက် မြန်ဆန်လာကြောင်း လယ်ယာသုံးပစ္စည်းရောင်းချသူများထံမှ သိရသည်။

“တင်သွင်းမှုတွေက လောလောဆယ် အခက်အခဲ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ တာချီလိတ်မှာက တစ်ပတ်တစ်ခါ ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်တာတွေလည်းရှိတယ်။ တော်တော်လေး အဆင်ပြေလာပြီ။ အရင်တုန်းကလိုမျိုး အချိန်အကြာကြီး စောင့်စရာ မရှိလို့ပေါ့။ လိုင်စင်မကျတာနဲ့ ဈေးနှုန်းမကျတာနဲ့ အဲဒီလိုမျိုးတွေတော့ မရှိတော့ဘူး။”ဟု တာချီလိတ်မြို့၊ ယဉ်တုံးအိမ်ဆောက်ပစ္စည်းဆိုင်မှ ကိုဇင်မင်းထွန်းက ပြောသည်။

ယခင် တာချီလိတ်နယ်စပ်မြို့တွင် ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်ရေး အစည်းအေဝးများ မပြုလုပ်သဖြင့် ကုန်ပစ္စည်းတစ်ခု လိုင်စင်တင်ချိန်တွင် ဈေးနှုန်းအတည်သတ်မှတ်နိုင်ခြင်းများ မရှိသည့်အတွက် လိုင်စင်ရရှိရန် ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒေသအတွင်းမှာရှိတဲ့ ကုန်သည်လုပ်ငန်းရှင်တွေ ပစ္စည်းတင်ပို့တာတို့ တင်သွင်းတာတို့လုပ်တဲ့အခါမှာ တစ်ချို့ ပစ္စည်းတွေရဲ့ ဒေါ်လာဈေး အတက်အကျတွေရှိတော့ အခွန်စည်းကြပ်တဲ့အခါမှာ များတာ နည်းတာ မဖြစ်ရအောင် အပတ်စဉ် သောကြာနေ့တိုင်း အစည်းအေဝးလုပ်ပြီး ညှိနှိုင်းပေးနေပါတယ်"ဟု တာချီလိတ်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြဝင်းက ပြောသည်။

ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်ခြင်းလုပ်ငန်းများကို နယ်စပ်စခန်းများရှိသည့်မြို့တိုင်းတွင် လုပ်ဆောင်လျှက်ရှိပြီး တာချီလိတ်မြို့တွင်မူ နိုဝင်ဘာလမှစတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ (၉.၃၉၄)မီလီယံ တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် တင်သွင်းလာသော သွင်းကုန်တန်ဖိုးမှာ (၅၇.၃၅၃)မီလီယံရှိကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~