မီးေဘးလံုၿခံဳေရးႏွင့္ မီးၿငိမ္းသတ္နည္းသရုပ္ေဖၚျပသမႈ ခိုလမ္အထက္တန္းေက်ာင္းတြင္ ပထမဆံုးအႀကိမ္ လုပ္ေဆာင္

မီးေဘးလံုၿခံဳေရးႏွင့္ မီးၿငိမ္းသတ္နည္းသရုပ္ေဖၚျပသမႈ ခိုလမ္အထက္တန္းေက်ာင္းတြင္ ပထမဆံုးအႀကိမ္ လုပ္ေဆာင္
ဒီဇင်ဘာ 9, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပိုင္း လိြဳင္လင္ခ႐ုိင္၊ နမ့္စန္ၿမိဳ႕နယ္၊ ခုိလမ္ၿမိဳ႕မအထက္တန္းေက်ာင္း၌ ဒီဇင္ဘာလ(၈)ရက္ေန႔တြင္ မီးေဘးလုံျခဳံေရး ၊ မီးေဘးသတိမူေရးႏွင့္ မီးေဘးအႏၱရာယ္ကင္းေ၀းေစရန္ ေဟာေျပာပြဲႏွင့္ မီးၿငိမ္းသတ္နည္း သ႐ုပ္ေဖာ္ျပသမႈမ်ား နမ့္စန္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနႏွင့္ ခုိလမ္ၿမိဳ႕႐ွိ မီးသတ္အဖြဲ႔၀င္မ်ား ပူေပါင္း၍ လုပ္ေဆာင္ေၾကာင္း သိရသည္။

"မီးေဘးအႏၱရာယ္ကင္းေစဖုိ႔နဲ႔ အကယ္၍ မေတာ္တဆ မီးေလာင္မႈမ်ားေတြ႔ၾကဳံခဲ့ရပါက ထိခုိက္မႈမ်ား မ႐ွိေအာင္ အႏၱရာယ္မ႐ွိေသာနည္းလမ္းကုိသုံးကာ မီးအားဘယ္လုိၿငိမ္းသတ္ရတယ္။ မီးသတ္ဗူးေတြကုိ ဘယ္လုိကုိင္တြယ္ၿပီး သုံးတယ္။ မီးေလာင္လာရင္လည္းစိတ္မလႈပ္႐ွားဘဲ မီးကုိဘယ္လုိကုိင္တြယ္ၿပီး ၿငိမ္းရမလဲဆုိတာကုိ သိဖုိ႔နဲ႔ အေၾကာက္လြန္ၾကၿပီး ထြက္မေျပးဘဲ ဘယ္လုိ၀ုိင္း၀န္းကူေပးရမလဲဆုိတာေတြ သိဖို႔ပါ”ဟု နမ့္စန္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးအရာ႐ွိ ဦးထြန္းထြန္းက ေျပာသည္။

ခိုလမ္အထက္တန္းေက်ာင္းမွ ေက်ာင္းသူေက်ာင္းသား(၈၀၀)ေက်ာ္ခန္႔ႏွင့္ ဆရာ၊ဆရာမ(၅၀)ခန္႔အား လက္ေတြ႔ကြင္းဆင္းျပသေပးခဲ့ေၾကာင္းသိရသည္။

"ဒီေန႔လုိ မီးသ႐ုပ္ေဖာ္ ၿငိမ္းသတ္ပြဲက ကြၽန္ေတာ္တာ၀န္ထမ္းေဆာင္စဥ္ကာလအတြင္း ခုိလမ္ၿမိဳ႕ ၿမိဳ႕မ အထကမွာ ပထမဦးဆုံး က်င္းပျပဳလုပ္ေပးတဲ့ ပြဲျဖစ္ပါတယ္။ ဒီလုိပြဲမ်ိဳး က်င္းပတာဟာ အင္မတန္ေကာင္းၿပီး ကေလးေတြလည္း မီးေလာင္လာရင္ မီးၿငိမ္းေအာင္ ဘယ္လုိလုပ္ေဆာင္ ကူညီေပးရမယ္ဆုိတဲ့ အသိပညာဗဟုတုတေတြ အမ်ားႀကီးရပါတယ္”ဟု ခိုလမ္ၿမိဳ႕မေက်ာင္းအုပ္ဆရာႀကီးဦးေသာင္းထြန္းဦးက ေျပာသည္။

အဆိုပါ ေဟာေျပာပြဲႏွင့္ လက္ေတြ႕သရုပ္ျပပြဲမွာ ခုိလမ္ၿမိဳ႕၊ ၿမိဳ႕မ အ.ထ.က အထက္တန္းေက်ာင္းတြင္ ပထမဆုံးအႀကိမ္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း  သိရသည္။

 “မီးေလာင္ရင္ ဘယ္လုိေနရာ ဘယ္လုိကူညီလုပ္ေဆာင္ေပးရမယ္။ မီးၿငိမ္းသတ္တဲ့ပစၥည္းေတြကုိ မီးေလာင္ရင္ ဘယ္လုိအသုံးျပဳရမလဲ အရင္က မသိခဲ့ဘူး။ အခုကြၽန္ေတာ္တုိ႔ ေက်ာင္းမွာ မီးသတ္ဦးစီဌာနကေန ဒီလုိမီးၿငိမ္းသတ္ပုံေတြကုိ လက္ေတြ႕ လာေရာက္ သင္ၾကားျပသေပးေတာ့မွ သိရတယ္”ဟု တကၠသုိလ္၀င္တန္းေက်ာင္းသားတစ္ဦးျဖစ္သူ ေမာင္ႏုိင္ေဇာ္လင္းထြန္းက ေျပာသည္။

အဆိုပါလက္ေတြ႕သရုပ္ျပပြဲတြင္ ေက်ာင္းသူေက်ာင္းမ်ားမွ လက္ေတြ႕မီးၿငိမ္းသတ္ပုံမ်ားအား လက္ေတြ႕စမ္းသပ္လုပ္မႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့မအထက်တန်းကျောင်း၌ ဒီဇင်ဘာလ(၈)ရက်နေ့တွင် မီးဘေးလုံခြုံရေး၊ မီးဘေးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကင်းေဝးစေရန် ဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း သရုပ်ဖော်ပြသမှုများ နမ့်စန်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ခိုလမ်မြို့ရှိ မီးသတ်အဖွဲ့ဝင်များ ပူပေါင်း၍ လုပ်ဆောင်ကြောင်း သိရသည်။

"မီးဘေးအန္တရာယ်ကင်းစေဖို့နဲ့ အကယ်၍ မတော်တဆ မီးလောင်မှုများတွေ့ကြုံခဲ့ရပါက ထိခိုက်မှုများ မရှိအောင် အန္တရာယ်မရှိသောနည်းလမ်းကိုသုံးကာ မီးအားဘယ်လိုငြိမ်းသတ်ရတယ်။ မီးသတ်ဗူးတွေကို ဘယ်လိုကိုင်တွယ်ပြီး သုံးတယ်။ မီးလောင်လာရင်လည်းစိတ်မလှုပ်ရှားဘဲ မီးကိုဘယ်လိုကိုင်တွယ်ပြီး ငြိမ်းရမလဲဆိုတာကို သိဖို့နဲ့ အကြောက်လွန်ကြပြီး ထွက်မပြေးဘဲ ဘယ်လိုဝိုင်းဝန်းကူပေးရမလဲဆိုတာတွေ သိဖို့ပါ”ဟု နမ့်စန်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းက ပြောသည်။

ခိုလမ်အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသား(၈၀၀)ကျော်ခန့်နှင့် ဆရာ၊ဆရာမ(၅၀)ခန့်အား လက်တွေ့ကွင်းဆင်းပြသပေးခဲ့ကြောင်းသိရသည်။

"ဒီနေ့လို မီးသရုပ်ဖော် ငြိမ်းသတ်ပွဲက ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ခိုလမ်မြို့ မြို့မ အထကမှာ ပထမဦးဆုံး ကျင်းပပြုလုပ်ပေးတဲ့ ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုး ကျင်းပတာဟာ အင်မတန်ကောင်းပြီး ကလေးတွေလည်း မီးလောင်လာရင် မီးငြိမ်းအောင် ဘယ်လိုလုပ်ဆောင် ကူညီပေးရမယ်ဆိုတဲ့ အသိပညာဗဟုတုတတွေ အများကြီးရပါတယ်”ဟု ခိုလမ်မြို့မကျောင်းအုပ်ဆရာကြီးဦးသောင်းထွန်းဦးက ပြောသည်။

အဆိုပါ ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲမှာ ခိုလမ်မြို့၊ မြို့မ အ.ထ.က အထက်တန်းကျောင်းတွင် ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 “မီးလောင်ရင် ဘယ်လိုနေရာ ဘယ်လိုကူညီလုပ်ဆောင်ပေးရမယ်။ မီးငြိမ်းသတ်တဲ့ပစ္စည်းတွေကို မီးလောင်ရင် ဘယ်လိုအသုံးပြုရမလဲ အရင်က မသိခဲ့ဘူး။ အခုကျွန်တော်တို့ ကျောင်းမှာ မီးသတ်ဦးစီဌာနကနေ ဒီလိုမီးငြိမ်းသတ်ပုံတွေကို လက်တွေ့ လာရောက် သင်ကြားပြသပေးတော့မှ သိရတယ်”ဟု တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးဖြစ်သူ မောင်နိုင်ဇော်လင်းထွန်းက ပြောသည်။

အဆိုပါလက်တွေ့သရုပ်ပြပွဲတွင် ကျောင်းသူကျောင်းများမှ လက်တွေ့မီးငြိမ်းသတ်ပုံများအား လက်တွေ့စမ်းသပ်လုပ်မှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - #သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~