ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးမှ တာချီလိတ်တွင် ဒေသတွင်းကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး
ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးမှ တာချီလိတ်တွင် ဒေသတွင်းကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး
ဒီဇငျဘာ 17, 2016
By Tachileik News Agency
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးစိုးညွှန့်လွင်သည် ရှမ်ပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းအချိန်က ဒေသတွင်း ကုန်သွယ်ရေး အခြေအနေ အခက်အခဲများနှင့်ပတ်သက်၍ ကုန်သည်များနှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသောကုန်သည်များက ဒေသတွင်း ကုန်သွယ်မှုမြှင့်တင်ရန်အတွက် လိုအပ်ချက်များကို တင်ပြကြရာတွင် တာချီလိတ်ခရိုင် ၊ ကျိုင်းလပ်မြို့ရှိ လာအို - မြန်မာချစ်ကြည်ရေးတံတားပေါ် ကုန်သွယ်ရေးကိစ္စနှင့် ရွှေတြိဂံဒေသဖြစ်သော ဝမ်ပုံဆိပ်ကမ်းကို အဆင့်မြှင့်တင်ရေးတို့လည်း တင်ပြဆွေးနွေးကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအနေဖြင့် တာချီလိတ်မြို့မှကုန်သည်များ ၊ ဌာနဆိုင်ရာများနှင့် (၃)ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအနေဖြင့် ဖြေရှင်း၍ရသော ပြဿနာများကို ဖြေရှင်းသွားမည်ဖြစ်ကာ ဖြေရှင်း၍မရသော ပြဿနာများကို ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးစိုးညွှန့်လွင်သည် ရှမ်ပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းအချိန်က ဒေသတွင်း ကုန်သွယ်ရေး အခြေအနေ အခက်အခဲများနှင့်ပတ်သက်၍ ကုန်သည်များနှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအေဝးခန်းမတွင် တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
“ကုန်သည်တွေကို ဘာလို့တွေ့ရတာလဲဆိုတော့ စီးပွားရေးဝန်ကြီးဖြစ်တဲ့အတွက် ကုန်သည်တွေရဲ့အသံတွေကို နားထောင်ချင်လို့ပါ။ အဓိကကတော့ ဒေသရဲ့လိုအပ်ချက်တွေ၊ အစိုးရရဲ့ ယန္တရားလည်ပတ်မှုတွေက ဘာတွဖြေစ်နေလဲဆိုတာ သိချင်လို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောပြကြပါ”ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ကုန်သည်များအား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသောကုန်သည်များက ဒေသတွင်း ကုန်သွယ်မှုမြှင့်တင်ရန်အတွက် လိုအပ်ချက်များကို တင်ပြကြရာတွင် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ လာအို - မြန်မာချစ်ကြည်ရေးတံတားပေါ် ကုန်သွယ်ရေးကိစ္စနှင့် ရွှတြေိဂံဒေသဖြစ်သော ဝမ်ပုံဆိပ်ကမ်းကို အဆင့်မြှင့်တင်ရေးတို့လည်း တင်ပြဆွေးနွေးကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအနဖြေင့် တာချီလိတ်မြို့မှကုန်သည်များ၊ ဌာနဆိုင်ရာများနှင့် (၃)ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအနဖြေင့် ဖြေရှင်း၍ရသော ပြဿနာများကို ဖြေရှင်းသွားမည်ဖြစ်ကာ ဖြေရှင်း၍မရသော ပြဿနာများကို ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~