နမ့္စန္အနီးတ၀ုိက္တြင္ လူသစ္စုေဆာင္းေနဟု သတင္းမ်ားထြက္ေန၍ ရြာသားမ်ား ေရွာင္တိမ္း

နမ့္စန္အနီးတ၀ုိက္တြင္ လူသစ္စုေဆာင္းေနဟု သတင္းမ်ားထြက္ေန၍ ရြာသားမ်ား ေရွာင္တိမ္း
ဒီဇင်ဘာ 26, 2016
By Tachileik News Agency


ရွမ္းျပည္နယ္ေတာင္ပုိင္း လိြဳင္လင္ခ႐ုိင္၊ နမ့္စန္ၿမိဳ႕နယ္အတြင္း႐ွိ ဖက္ဖုန္းရြာ၊ လိြဳင္လ်န္ရြာ၊ ေနာင္လုိင္၊ နမ့္၀မ္ရြာ၊ နမ့္ဟူးရြာတုိ႔တြင္ RCSS/SSA မွ ဒီဇင္ဘာလ(၂၃)မွစ၍ လူသစ္စုေဆာင္းမႈမ်ားရိွေနသည္ဟု သတင္းမ်ား ထြက္ေပၚေနသျဖင့္ ေဒသခံမ်ား ေက်းရြာေျပာင္းေရႊ႕မႈမ်ားရိွေနေၾကာင္း သိရသည္။

“RCSS/SSA က ဒီဇင္ဘာလ ၂၃ ကစၿပီး လူေကာက္ခံတာေၾကာင့္ လူရြယ္လူပ်ိဳ၊ သက္ႀကီးရြယ္အုိတခ်ိဳ႕ ၿမိဳ႕ေပၚေဆြမ်ိဳးအိမ္ေတြနဲ႔ အိမ္ထာင္စုတစ္စုလုံး တျခားေက်းရြာမ်ား ေျပာင္းေရႊ႕ေနၾကတယ္”ဟု လူသစ္စုေဆာင္းခံရသည္ဟု ေျပာသည့္ ဖက္ဖုန္းရြာမွ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။

ေဒသခံအခ်ိဳ႕မွာ ၿမိဳ႕ေပၚ႐ွိ ေဆြမ်ိဳးမ်ားအိမ္သုိ႔ ထြက္ေျပးတိမ္းေ႐ွာင္ေနရကာ အိမ္ေထာင္စု(၇)စုခန္႔မွာလည္း အျခား လူသစ္စုေဆာင္းမႈ ကင္းေဝးရာ ေက်းရြာမ်ားသုိ႔ ေျပာင္းေရႊ႕ေနထုိင္ၾကေၾကာင္း သိရသည္။

"ကြၽန္ေတာ္သုိ႔ အခုေက်းရြာေျပာင္းၿပီး ေနထုိင္ရတာေပါ့။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူသူငါငါ စစ္သား လုပ္ေနရတာကုိ။ အခုေတာ့ PNO ပအုိ၀္းဖက္ကုိ ေျပာင္းေရႊ႕ေနထုိင္တယ္။ PNO ကေတာ့ ေနစရာယာယီေျမကြက္လပ္ေတြ ခ်ထားေပးပါတယ္”ဟု ဖက္ဖုန္းရြာမွ ေဒသခံတစ္ဦးက ဆိုသည္။

ဖက္ဖုန္းေက်းရြာတြင္ အိမ္ေျခ ၂၆ အိမ္ရိွသည့္ အနက္ ၇ အိမ္ခန္႔မွာ ပအိုဝ္းနယ္ေျမသို႔ ေျပာင္းေရႊ႕သြားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ဘာမွ မသိရေသးေတာ့ ေအာက္ေျခနဲ႔ အဆက္အသြယ္လုပ္ၿပီးမွ ေျပာႏုိင္မွာပါ”ဟု လူသစ္စုေဆာင္းမႈႏွင့္ပတ္သက္၍ RCSS/SSA ၏ ေျပာေရးဆုိခြင့္႐ွိသူ ဒုဗုိလ္မွဴးႀကီးစုိင္းငင္းအား ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းရာတြင္ ေျဖၾကားသည္။

ဒီဇင္ဘာလ ၂၂ ရက္ေန႔တြင္လည္း မက္မြန္းမုန္းအုပ္စု မက္မြန္းမုန္းေက်းရြာအေနာက္ဖက္ျခမ္းတြင္ ေက်းရြာတစ္ရြာလွ်င္ လူႏွစ္ဦးႏႈန္း လာေရာက္ေကာက္ခံေၾကာင္း အဆုိပါရြာမွ ေဒသခံမ်ားထံမွ သိရသည္။

သတင္း/ဓာတ္ပံု - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ဖက်ဖုန်းရွာ၊ လွိုင်လျန်ရွာ၊ နောင်လိုင်၊ နမ့်ဝမ်ရွာ၊ နမ့်ဟူးရွာတို့တွင် RCSS/SSA မှ ဒီဇင်ဘာလ(၂၃)မှစ၍ လူသစ်စုဆောင်းမှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံများ ကျေးရွာပြောင်းရွှေ့မှုများရှိနေကြောင်း သိရသည်။

“RCSS/SSA က ဒီဇင်ဘာလ ၂၃ ကစပြီး လူကောက်ခံတာကြောင့် လူရွယ်လူပျို၊ သက်ကြီးရွယ်အိုတချို့ မြို့ပေါ်ဆွေမျိုးအိမ်တွေနဲ့ အိမ်ထာင်စုတစ်စုလုံး တခြားကျေးရွာများ ပြောင်းရွှေ့နကြေတယ်”ဟု လူသစ်စုဆောင်းခံရသည်ဟု ပြောသည့် ဖက်ဖုန်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံအချို့မှာ မြို့ပေါ်ရှိ ဆွေမျိုးများအိမ်သို့ ထွက်ပြေးတိမ်းရှောင်နေရကာ အိမ်ထောင်စု(၇)စုခန့်မှာလည်း အခြား လူသစ်စုဆောင်းမှု ကင်းဝေးရာ ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။

"ကျွန်တော်သို့ အခုကျေးရွာပြောင်းပြီး နေထိုင်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူသူငါငါ စစ်သား လုပ်နေရတာကို။ အခုတော့ PNO ပအိုဝ်းဖက်ကို ပြောင်းရွှေ့နေထိုင်တယ်။ PNO ကတော့ နေစရာယာယီမြေကွက်လပ်တွေ ချထားပေးပါတယ်”ဟု ဖက်ဖုန်းရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

ဖက်ဖုန်းကျေးရွာတွင် အိမ်ခြေ ၂၆ အိမ်ရှိသည့် အနက် ၇ အိမ်ခန့်မှာ ပအိုဝ်းနယ်မြေသို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။

“ကျွန်တော်တို့ ဘာမှ မသိရသေးတော့ အောက်ခြေနဲ့ အဆက်အသွယ်လုပ်ပြီးမှ ပြောနိုင်မှာပါ”ဟု လူသစ်စုဆောင်းမှုနှင့်ပတ်သက်၍ RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းငင်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ဖြကြေားသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း မက်မွန်းမုန်းအုပ်စု မက်မွန်းမုန်းကျေးရွာအနောက်ဖက်ခြမ်းတွင် ကျေးရွာတစ်ရွာလျှင် လူနှစ်ဦးနှုန်း လာရောက်ကောက်ခံကြောင်း အဆိုပါရွာမှ ဒေသခံများထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~