ျပင္သစ္ႏုိင္ငံအလယ္ပိုင္း ေက်ာက္မုိင္းေဟာင္းအတြင္း ႏွစ္ေပါင္း ၇၀ ေက်ာ္သိမ္းထားသည့္ ကားမ်ား ရွာေဖြေတြြ႔ရိွ

ျပင္သစ္ႏုိင္ငံအလယ္ပိုင္း ေက်ာက္မုိင္းေဟာင္းအတြင္း ႏွစ္ေပါင္း ၇၀ ေက်ာ္သိမ္းထားသည့္ ကားမ်ား ရွာေဖြေတြြ႔ရိွ
ဒီဇင်ဘာ 3, 2016
By Tachileik News Agency

ဒုတိယကမၻာစစ္ကာလအတြင္းက ျပင္သစ္ႏုိင္ငံအလယ္ပိုင္း ေက်ာက္မိုင္းေဟာင္းတစ္ခုတြင္ သိမ္းထားသည့္ကားမ်ားကို ႏွစ္ေပါင္း (၇၀)ေက်ာ္ အၾကာတြင္ ဘယ္လ္ဂ်ီယံႏုိင္ငံသားတစ္ဦးျဖစ္သည့္ ဗင္းဆင့္မိုက္ကယ္က ရွာေဖြေေတြ႕ရိွသြားေၾကာင္း သိရသည္။

“ကမၻာႀကီးက ဘယ္ေလာက္ အံ့ၾသစရာေကာင္းလိုက္သလဲဆိုရင္ လြန္ခဲ့တဲ့ႏွစ္ (၇၀)ေက်ာ္ကို ျပန္ေရာက္သြားသလိုပါပဲ။”ဟု မိုက္ကယ္က ဆိုသည္။

ဒုတိယကမၻာစစ္အတြင္းက ကားမ်ားသိမ္းဆည္းခံရျခင္းမွ ေရွာင္ရွားႏုိင္ရန္ ဝွက္ထားခဲ့ၾကျခင္းျဖစ္ႏိုင္ၿပီး စစ္အၿပီးတြင္ ျပန္လည္ထုတ္ယူျခင္းမျပဳခဲ့သျဖင့္ ႏွစ္ကာလၾကာျမင့္စြာ ေက်ာက္မိုင္းအတြင္း သိမ္းဆည္းထားသည့္ ကားမ်ားမွာ အခြံမ်ားသာက်န္ေတာ့ေၾကာင္း သိရသည္။

ရွာေဖြေတြ႕ရိွထားသည့္ ကားအမ်ားစုကို ေရာင္းခ်ထားၿပီး အခ်ိဳ႕ကိုမူ မူလအတိုင္း ထားရိွမည္ဟု အသက္ (၅၆) ႏွစ္အရြယ္ မုိက္ကယ္က ဆိုသည္။

“သိပ္မၾကာခင္မွာ ျပပြဲမွာ တင္ေရာင္းဖို႔ တခ်ိဳ႕ကို ထုတ္ယူမွာပါ။ ဒါေပမဲ့ ေရႊ႕လုိက္ရင္ ပ်က္စီးသြားေတာ့မယ့္ ကားေတြကိုေတာ့ ဒီတုိင္းပဲထားမွာပါ”ဟု မိုက္ကယ္က ဆိုသည္။

၎၏ရွာေဖြေတြ႕ရိွမႈအား မယံုၾကည္ႏုိင္ျဖစ္ေနၿပီး အလားတူထပ္ေတြ႔ရန္မွာလည္း မျဖစ္ႏုိင္ေၾကာင္း မုိက္ကယ္က မွတ္ခ်က္ျပဳထားသည္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; dailymail


~~~~~~~~⊰❂ unicode ~~~~~~~~

ဒုတိယကမ္ဘာစစ်ကာလအတွင်းက ပြင်သစ်နိုင်ငံအလယ်ပိုင်း ကျောက်မိုင်းဟောင်းတစ်ခုတွင် သိမ်းထားသည့်ကားများကို နှစ်ပေါင်း (၇၀)ကျော် အကြာတွင် ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးဖြစ်သည့် ဗင်းဆင့်မိုက်ကယ်က ရှာဖွေတွေ့ရှိသွားကြောင်း သိရသည်။

“ကမ္ဘာကြီးက ဘယ်လောက် အံ့သြစရာကောင်းလိုက်သလဲဆိုရင် လွန်ခဲ့တဲ့နှစ် (၇၀)ကျော်ကို ပြန်ရောက်သွားသလိုပါပဲ။”ဟု မိုက်ကယ်က ဆိုသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ကားများသိမ်းဆည်းခံရခြင်းမှ ရှောင်ရှားနိုင်ရန် ဝှက်ထားခဲ့ကြခြင်းဖြစ်နိုင်ပြီး စစ်အပြီးတွင် ပြန်လည်ထုတ်ယူခြင်းမပြုခဲ့သဖြင့် နှစ်ကာလကြာမြင့်စွာ ကျောက်မိုင်းအတွင်း သိမ်းဆည်းထားသည့် ကားများမှာ အခွံများသာကျန်တော့ကြောင်း သိရသည်။

ရှာဖွေတွေ့ရှိထားသည့် ကားအများစုကို ရောင်းချထားပြီး အချို့ကိုမူ မူလအတိုင်း ထားရှိမည်ဟု အသက် (၅၆) နှစ်အရွယ် မိုက်ကယ်က ဆိုသည်။

“သိပ်မကြာခင်မှာ ပြပွဲမှာ တင်ရောင်းဖို့ တချို့ကို ထုတ်ယူမှာပါ။ ဒါပေမဲ့ ရွှေ့လိုက်ရင် ပျက်စီးသွားတော့မယ့် ကားတွေကိုတော့ ဒီတိုင်းပဲထားမှာပါ”ဟု မိုက်ကယ်က ဆိုသည်။

၎င်း၏ရှာဖွေတွေ့ရှိမှုအား မယုံကြည်နိုင်ဖြစ်နပြေီး အလားတူထပ်တွေ့ရန်မှာလည်း မဖြစ်နိုင်ကြောင်း မိုက်ကယ်က မှတ်ချက်ပြုထားသည်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; dailymail

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~