နမ့္စန္တြင္ ကားႏွင့္ဆိုင္ကယ္ တိုက္မိရာမွာ ဆိုင္ကယ္ေမာင္းသူ ေသဆံုး

နမ့္စန္တြင္ ကားႏွင့္ဆိုင္ကယ္ တိုက္မိရာမွာ ဆိုင္ကယ္ေမာင္းသူ ေသဆံုး
ဒီဇင်ဘာ 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ နမ့္စန္ - မိုးနဲသြား လမ္းမႀကီးရွိ ေဟာ္နန္းစားေသာက္ဆိုင္အနီး ယာဥ္တိုက္မႈ ျဖစ္ပြားရာမွ  ဒဏ္ရာရရွိသူတစ္ဦး ေဆးရံုသို႔ ပို႔ေဆာင္ကုသစဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

ႏို၀င္ဘာလ(၃၀)ရက္ေန႔ ညေန(၁၁)နာရီ၀န္းက်င္က နမ့္စန္ - မိုးနဲသြား လမ္းမႀကီးရွိ ေဟာ္နန္းစားေသာက္ဆိုင္အနီးတြင္ ေမာ္ေတာ္ဆိုင္ကယ္ ႏွင့္ ေမာ္ေတာ္ကားတို႔ တိုက္မိၿပီး ေမာ္ေတာ္ဆိုင္ကယ္ေမာင္းသူမွာ ဒဏ္ရာရရွိကာ ေဆးရံုသို႔ ပို႔ေဆာင္ကုသစဥ္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း ႏွင့္ ေသဆံုးသူသည္ အသက္(၂၁)ႏွစ္ရွိ ကိုသြားဟစ္ ျဖစ္ၿပီး ၎သည္ ယာဥ္တိုက္မႈေၾကာင့္ ယာမ်က္ခံုးကြဲ၊ ၀ဲေျခေထာက္က်ဳိးကာ၊ ၀ဲ/ယာ လက္ခံုပြန္းပဲ့ဒဏ္ရာမ်ားရရွိကာ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း နမ့္စန္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ယာဥ္တိုက္မႈ ျဖစ္စဥ္ ႏွင့္ ပတ္သက္၍ နမ့္စန္ၿမိဳ႕ဘက္မွ မိုးနဲၿမိဳ႕ဘက္သို႔ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းလာေသာ ကိုသြားဟစ္သည္ ေဟာ္နန္းစားေသာက္ဆိုင္အနီး ရဲစခန္း၏ အေရွ႕ေတာင္ဘက္သို႔ အေရာက္တြင္ အေနာက္သို႔ ရုတ္တရက္ ျပန္ေကြ႕ရာမွ နမ့္စန္ဘက္မွ မိုးနဲဘက္သို႔ စိုင္းေအာင္မိန္း ေမာင္းလာသည့္ ေမာ္ေတာ္ကားျဖင့္ တိုက္မိရာမွ ထိုသို႔ ျဖစ္ပြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္အား မဆင္မျခင္ေမာင္းႏွင္ခဲ့သည့္ ဆိုင္ကယ္ယာဥ္ေမာင္း ကိုသြားဟစ္အား နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၆/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ - ၂၇၉/၃၀၄-ကျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် - မိုးနဲသွား လမ်းမကြီးရှိ ဟော်နန်းစားသောက်ဆိုင်အနီး ယာဉ်တိုက်မှု ဖြစ်ပွားရာမှ ဒဏ်ရာရရှိသူတစ်ဦး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ(၃၀)ရက်နေ့ ညနေ(၁၁)နာရီဝန်းကျင်က နမ့်စန် - မိုးနဲသွား လမ်းမကြီးရှိ ဟော်နန်းစားသောက်ဆိုင်အနီးတွင် မော်တော်ဆိုင်ကယ် နှင့် မော်တော်ကားတို့ တိုက်မိပြီး မော်တော်ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း နှင့် သေဆုံးသူသည် အသက်(၂၁)နှစ်ရှိ ကိုသွားဟစ် ဖြစ်ပြီး၎င်းသည် ယာဉ်တိုက်မှုကြောင့် ယာမျက်ခုံးကွဲ၊ ဝဲခြေထောက်ကျိုးကာ၊ ဝဲ/ယာ လက်ခုံပွန်းပဲ့ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း နမ့်စန်မြို့မရဲစခန်းမှ သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ် နှင့် ပတ်သက်၍ နမ့်စန်မြို့ဘက်မှ မိုးနဲမြို့ဘက်သို့ မော်တော်ဆိုင်ကယ်မောင်းလာသော ကိုသွားဟစ်သည် ဟော်နန်းစားသောက်ဆိုင်အနီး ရဲစခန်း၏ အရှေ့တောင်ဘက်သို့ အရောက်တွင် အနောက်သို့ ရုတ်တရက် ပြန်ကွေ့ရာမှ နမ့်စန်ဘက်မှ မိုးနဲဘက်သို့ စိုင်းအောင်မိန်း မောင်းလာသည့် မော်တော်ကားဖြင့် တိုက်မိရာမှ ထိုသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်ခဲ့သည့် ဆိုင်ကယ်ယာဉ်မောင်း ကိုသွားဟစ်အား နမ့်စန်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ - ၂၇၉/၃၀၄-ကဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

သတင်း - သန်းစိုးအောင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~