ေနအိမ္မီးေလာင္ကၽြမ္းမႈေၾကာင့္ အိပ္ေပ်ာ္ေနသည့္ မိသားစုသံုးဦးေသဆံုးမႈ နမ့္စန္၌ ျဖစ္ပြား

ေနအိမ္မီးေလာင္ကၽြမ္းမႈေၾကာင့္ အိပ္ေပ်ာ္ေနသည့္ မိသားစုသံုးဦးေသဆံုးမႈ နမ့္စန္၌ ျဖစ္ပြား
ဒီဇင်ဘာ 14, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ နမ့္စန္ၿမိဳ႕နယ္ ပါလစ္ေက်းရြာတြင္ ဒီဇင္ဘာ(၁၄)ရက္ေန႔ နံနက္ (၁)နာရီအခ်ိန္က မီးေလာင္ကၽြမ္းမႈေၾကာင့္ အိပ္ေပ်ာ္ေနေသာ မိသားစု(၃)ဦး ေသဆံုးသြားခဲ့ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

မီးေလာင္ကၽြမ္းေသာေနအိမ္မွာ နမ့္စန္ၿမိဳ႕နယ္၊ မက္မြန္မုန္းေက်းရြာအုပ္စု၊ ပါလစ္ေက်းရြာတြင္ျဖစ္ၿပီး ညအခ်ိန္ ဆိုလာမီးျဖင့္ ဖုန္းအားသြင္း၍ အိပ္ေပ်ာ္ေနစဥ္ ေနအိမ္အား မီးေလာင္ကၽြမ္းခဲ့ျခင္းျဖစ္သျဖင့္ အိပ္ေပ်ာ္ေနေသာ အိမ္ရွင္ျဖစ္သူ ေဒၚပါေန၊ သမီးျဖစ္သူ မနန္းေမြေဖာင္းႏွင့္အတူ တူမျဖစ္သူ မနန္းျမစိန္တို႔(၃)ဦး မီးေလာင္ကၽြမ္း၍ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္းစစ္ေဆးခ်က္မွတ္တမ္းအရ သိရသည္။

ဝါးထရံႏွစ္ထပ္ေနအိမ္အား မီးေလာင္ကၽြမ္းမႈေၾကာင့္ အိမ္ေအာက္တြင္ရွိေသာ လက္တြန္းထြန္စက္ တစ္စီးႏွင့္အတူ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးပါ မီးေလာင္ကၽြမ္းသြားခဲ့ကာ ေက်းရြာသားမ်ားက မီးၿငိွမ္းသတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"မီးေလာင္ကၽြမ္းတာက RCSS/SSA အပိုင္နယ္ေျမထဲမွာျဖစ္သြားတာ။ အဲဒီေက်းရြာပတ္၀န္းက်င္က ဖုန္းဆက္သြယ္လို႔မရေတာ့ သတင္းရတာေနာက္က်သြားတယ္။ ေနာက္ၿပီး နမ့္စန္ၿမိဳ႕နဲ႔ မိုင္(၂၀)ေလာက္ေ၀းၿပီး ခရီးလမ္းသြားလာမႈကလည္း ခက္ခဲပါတယ္။ အခုေလာေလာဆယ္ေတာ့ စခန္းမွာ ေပါ့ဆမီးေလာင္ကၽြမ္းမႈနဲ႔ အမႈဖြင့္လွစ္ထားပါတယ္"ဟု နမ့္စန္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

မီးေလာင္ကၽြမ္းမႈအား ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးထြန္းထြန္းမွ တရားလိုျပဳလုပ္ကာ နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၄/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅/၃၀၄(က)ျဖင့္ ေနအိမ္ပိုင္ရွင္ျဖစ္သူ မီးေလာင္ကၽြမ္း၍ ေသဆံုးသြားေသာ ေဒၚပါေနအား အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပါလစ်ကျေးရွာတွင် ဒီဇင်ဘာ(၁၄)ရက်နေ့ နံနက် (၁)နာရီအချိန်က မီးလောင်ကျွမ်းမှုကြောင့် အိပ်ပျော်နေသော မိသားစု(၃)ဦး သေဆုံးသွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

မီးလောင်ကျွမ်းသောနေအိမ်မှာ နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ပါလစ်ကျေးရွာတွင်ဖြစ်ပြီး ညအချိန် ဆိုလာမီးဖြင့် ဖုန်းအားသွင်း၍ အိပ်ပျော်နေစဉ် နေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သဖြင့် အိပ်ပျော်နေသော အိမ်ရှင်ဖြစ်သူ ဒေါ်ပါနေ၊ သမီးဖြစ်သူ မနန်းမွေဖောင်းနှင့်အတူ တူမဖြစ်သူ မနန်းမြစိန်တို့(၃)ဦး မီးလောင်ကျွမ်း၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ဝါးထရံနှစ်ထပ်နေအိမ်အား မီးလောင်ကျွမ်းမှုကြောင့် အိမ်အောက်တွင်ရှိသော လက်တွန်းထွန်စက် တစ်စီးနှင့်အတူ မော်တော်ဆိုင်ကယ်တစ်စီးပါ မီးလောင်ကျွမ်းသွားခဲ့ကာ ကျေးရွာသားများက မီးငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မီးလောင်ကျွမ်းတာက RCSS/SSA အပိုင်နယ်မြေထဲမှာဖြစ်သွားတာ။ အဲဒီကျေးရွာပတ်ဝန်းကျင်က ဖုန်းဆက်သွယ်လို့မရတော့ သတင်းရတာနောက်ကျသွားတယ်။ နောက်ပြီး နမ့်စန်မြို့နဲ့ မိုင်(၂၀)လောကေ်ဝးပြီး ခရီးလမ်းသွားလာမှုကလည်း ခက်ခဲပါတယ်။ အခုလောလောဆယ်တော့ စခန်းမှာ ပေါ့ဆမီးလောင်ကျွမ်းမှုနဲ့ အမှုဖွင့်လှစ်ထားပါတယ်"ဟု နမ့်စန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းမှ တရားလိုပြုလုပ်ကာ နမ့်စန်မြို့မရဲစခန်းတွင် (ပ)၄၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄(က)ဖြင့် နေအိမ်ပိုင်ရှင်ဖြစ်သူ မီးလောင်ကျွမ်း၍ သေဆုံးသွားသော ဒေါ်ပါနေအား အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~