နမ့္စန္ၿမိဳ႕တြင္ ေနထိုင္သည့္ ရန္ကုန္ မူးယစ္အမႈႏွစ္ခုမွ ကြင္းဆက္တရားခံမ်ား ထြက္ေျပးတိမ္းေရွာင္

နမ့္စန္ၿမိဳ႕တြင္ ေနထိုင္သည့္ ရန္ကုန္ မူးယစ္အမႈႏွစ္ခုမွ ကြင္းဆက္တရားခံမ်ား ထြက္ေျပးတိမ္းေရွာင္
ဒီဇင်ဘာ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္ ဝမ္ပံုေက်းရြာအုပ္စုတြင္ အိမ္ငွားရမ္းေနထိုင္သည့္ မူးယစ္အမႈမ်ားမွ ကြင္းဆက္တရားခံ ႏွစ္ဦးအား ဒီဇင္ဘာလ (၁၁) ရက္တြင္ သြားေရာက္ဖမ္းဆီးရာ ထြက္ေျပးတိမ္းေရွာင္ သြားေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး သကၤန္းကၽြန္းၿမိဳ႕မရဲစခန္း၏ မယ(ပ)၅၇/၂၀၁၆ မူး/စိတ္ပုဒ္မ ၁၅/၁၉ (က)/၂၀(ခ)/၂၁ ႏွင့္ မဂၤလာေတာင္ညြန္႔ၿမိဳ႕မရဲစခန္း၏ မယ(ပ)၃၉/၂၀၁၆ မူးစိတ္ပုဒ္မ ၁၅/၁၉(က) ၂၀(ခ)/၂၁ အမႈမ်ားမွ ကြင္းဆက္တရားခံမ်ားျဖစ္သည့္ ဦးရန္ခိုင္ကြဲႏွင့္ ေဒၚရန္ရင္ေဟြ႕တို႔ႏွစ္ဦးအား  မူးယစ္တပ္ဖြဲ႕စု(၂၇) လိြဳင္လင္၊ နမ့္စန္မူးယစ္လႈပ္ရွားတပ္ဆြယ္၊ နမ့္စန္ၿမိဳ႕မွ သက္ဆုိင္ရာ တာဝန္ရိွသူမ်ား ပါဝင္သည့္ အဖြဲ႕ျဖင့္ နမ့္စန္ၿမိဳ႕နယ္ ဝမ္ပံုေက်းရြာအုပ္စု အမွတ္(၁)ေက်းရြာမွ ေနအိမ္သို႔ သြားေရာက္ရွာေဖြရာ ၎တို႔ႏွစ္ဦးအား မေတြ႔ရဘဲ ေနအိမ္ၿခံဝန္းအတြင္းမွ စိတ္ၾကြေဆးျပား (၁၂၀၀) ျပား အေလးခ်ိန္ (၁၂၀) ဂရမ္ခန္႔ ကာလတန္ဖိုးေငြ (၁၂)သိန္းခန္႔ႏွင့္ ေနအိမ္အိပ္ခန္းအတြင္းမွ (၉)မမ ပစၥတိုတစ္လက္ႏွင့္ က်ည္(၅)ေတာင့္၊ ပစၥတိုက်ည္အိမ္တစ္ခု၊ ေဒၚရန္ရင္ေဟြ႕အမည္ပါ ေဆးကုသမႈမွတ္တမ္းစာအုပ္၊ ယာဥ္အမွတ္ 7E 5867 IPSUMအမ်ိဳးအစား ယာဥ္တစ္စီး၊ ယာဥ္အမွတ္ 6F 6484 PAJERO ယာဥ္တစ္စီးတို႔အား သိမ္းဆည္းရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထြက္ေျပးတိမ္းေရွာင္ေနသူႏွစ္ဦးျဖစ္သည့္ ဦးရန္ခုိင္ကြဲ(ခ) ဦးရန္က်င္ဖႏွင့္ ဇနီးျဖစ္သူ ရန္ရင္ေဟြ႕ တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၀/၂၀၁၆ မူး/စိတ္ပုဒ္မ ၁၉(က)/၂၂(ခ)/၂၁ ျဖင့္ အမႈဖြင့္ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စုတွင် အိမ်ငှါးရမ်းနေထိုင်သည့် မူးယစ်အမှုများမှ ကွင်းဆက်တရားခံ နှစ်ဦးအား ဒီဇင်ဘာလ (၁၁) ရက်တွင် သွားရောက်ဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့မရဲစခန်း၏ မယ(ပ)၅၇/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀(ခ)/၂၁ နှင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း၏ မယ(ပ)၃၉/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က) ၂၀(ခ)/၂၁ အမှုများမှ ကွင်းဆက်တရားခံများဖြစ်သည့် ဦးရန်ခိုင်ကွဲနှင့် ဒေါ်ရန်ရင်ဟွေ့တို့နှစ်ဦးအား မူးယစ်တပ်ဖွဲ့စု(၂၇) လွိုင်လင်၊ နမ့်စန်မူးယစ်လှုပ်ရှားတပ်ဆွယ်၊ နမ့်စန်မြို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ဖြင့် နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု အမှတ်(၁)ကျေးရွာမှ နေအိမ်သို့ သွားရောက်ရှာဖွေရာ၎င်းတို့နှစ်ဦးအား မတွေ့ရဘဲ နေအိမ်ခြံဝန်းအတွင်းမှ စိတ်ကြွဆေးပြား (၁၂၀၀) ပြား အလေးချိန် (၁၂၀) ဂရမ်ခန့် ကာလတန်ဖိုးငွေ (၁၂)သိန်းခန့်နှင့် နေအိမ်အိပ်ခန်းအတွင်းမှ (၉)မမ ပစ္စတိုတစ်လက်နှင့် ကျည်(၅)တောင့်၊ ပစ္စတိုကျည်အိမ်တစ်ခု၊ ဒေါ်ရန်ရင်ဟွေ့အမည်ပါ ဆေးကုသမှုမှတ်တမ်းစာအုပ်၊ ယာဉ်အမှတ် 7E 5867 IPSUMအမျိုးအစား ယာဉ်တစ်စီး၊ ယာဉ်အမှတ် 6F 6484 PAJERO ယာဉ်တစ်စီးတို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူနှစ်ဦးဖြစ်သည့် ဦးရန်ခိုင်ကွဲ(ခ) ဦးရန်ကျင်ဖနှင့် ဇနီးဖြစ်သူ ရန်ရင်ဟွေ့ တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ နမ့်စန်မြို့မရဲစခန်းတွင် မယ(ပ)၃၀/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~