ေဒၚခင္ဝင္းအသတ္ခံရျခင္း (၂) ႏွစ္ျပည့္ေအာက္ေမ႔ဖြယ္ အခမ္းအနား ျပဳလုပ္

ေဒၚခင္ဝင္းအသတ္ခံရျခင္း (၂) ႏွစ္ျပည့္ေအာက္ေမ႔ဖြယ္ အခမ္းအနား ျပဳလုပ္
ဒီဇင်ဘာ 22, 2016
By Tachileik News Agency

လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းအား ကန္႔ကြက္သပိတ္ေမွာက္ရင္း ေသနတ္က်ည္ဆံထိမွန္၍ ေသဆံုးခဲ့သူ ေဒၚခင္ဝင္းအား ေအာက္ေမ႔ဖြယ္ (၂)ႏွစ္ျပည့္အထိမ္းအမွတ္ အခမ္းအနားကို ဒီဇင္ဘာလ (၂၂)ရက္ေန႔ မနက္ပိုင္းက ေသဆံုးသူ၏ ေနအိမ္၌ ျပဳလုပ္ၾကသည္။

"ကၽြန္မအေနနဲ႔ အေမကို အခုခ်ိန္ထိ တစ္ရက္မွ မေမ႔နိုင္ပါဘူး။ အေမအသတ္ခံရတဲ႔ ကိစၥ ဘာမွအေျဖမေပၚဘဲ အခုလို အဆံုးသတ္ရေတာ့မွာလား။ အမႈမွန္ကို ျပန္လည္ေဖာ္ထုတ္ၿပီး ဒီအေပၚမွာ တာဝန္ရိွသူေတြကို အေရးယူေပးဖို႔ အစိုးရသစ္ကို ေတာင္းဆိုပါတယ္" ဟု ေဒၚခင္ဝင္း၏သမီးျဖစ္သူ မဝင္းခိုင္က ေျပာသည္။

ေသဆံုးသူ ေဒၚခင္ဝင္းအား ရည္စူး၍ သံဃာမ်ားအား ဆြမ္းကပ္ျခင္း ၊ ေဟာေျပာျခင္း၊ ကဗ်ာရြတ္ျခင္းမ်ားႏွင့္ ေသဆံုးမႈအတြက္ စံုစမ္းစစ္ေဆး အေရးယူေပးရန္ ေတာင္းဆိုျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

"ေဒၚခင္ဝင္းဟာ လက္ပံေတာင္း ေတာင္သူေတြအတြက္ ထာဝရရွင္သန္ေနမွာပါ။ အသတ္ခံရတုန္းက သူ႔မွာ ေသာက္ေရသန္႔ဘူးတစ္လံုးကလြဲၿပီး ခုခံတိုက္ခိုက္ဖို႔ ဘာလက္နက္မွ မပါ ပါဘူး။ ဒါ့ေၾကာင့္ အျပစ္မဲ့တဲ့ ျပည္သူတစ္ေယာက္ အခုလို အသတ္ခံရတာနဲ႔ပတ္သတ္ၿပီး ဥပေဒအရ အျဖစ္မွန္ကို စံုစမ္းေဖာ္ထုတ္အေရးယူေပးေစခ်င္ပါတယ္" ဟု လက္ပံေတာင္းေဒသခံ ေတာင္သူ ကိုမင္းမင္းမွ ဆိုသည္။

ေဒၚခင္ဝင္းေသဆံုးမႈ (၂)ႏွစ္ျပည့္ ေအာက္ေမ႔ဖြယ္အခမ္းနားတြင္ မိုးႀကိဳဳးျပင္၊ ဆည္တည္း၊ ဇီးေတာ၊ တံုရြာအုပ္စု ေက်းရြာမ်ားမွ ေဒသခံေတာင္သူမ်ားႏွင့္ နိုင္ငံေရးအဖြဲ႔စည္းမ်ားမွ  တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလ (၂၂)ရက္ေန႔ ေန႔လယ္ အခ်ိန္၌ ေလ်ာ္ေၾကးယူထားျခင္း မရိွေသးေသာ ေဒသခံေတာင္သူမ်ား၏ လယ္ယာေျမေနရာအား ဝမ္ေပါင္ကုမၸဏီဘက္မွ သံဆူးႀကိဳးလာေရာက္ခတ္သျဖင့္ ေဒသခံ ေတာင္သူမ်ားက သြားေရာက္တားဆီးရာမွ လံုျခံဳေရးယူထားသည့္ လံုထိိန္းမ်ားႏွင့္ ပဋိပကၡျဖစ္ကာ မိုးႀကိဳးျပင္အလယ္ေက်းရြာမွ ေတာင္သူ ေဒၚခင္ဝင္းမွာ ဦးေခါင္းအား ေသနတ္က်ည္ဆံထိမွန္ ေသဆံုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး


~~~~~~~~⊰❂ unicode ~~~~~~~~

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်သပိတ်မှောက်ရင်း သေနတ်ကျည်ဆံထိမှန်၍ သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအား အောက်မေ့ဖွယ် (၂)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ (၂၂)ရက်နေ့ မနက်ပိုင်းက သေဆုံးသူ၏ နေအိမ်၌ ပြုလုပ်ကြသည်။

"ကျွန်မအနေနဲ့ အမေကို အခုချိန်ထိ တစ်ရက်မှ မမေ့နိုင်ပါဘူး။ အမေအသတ်ခံရတဲ့ ကိစ္စ ဘာမှအဖြေမပေါ်ဘဲ အခုလို အဆုံးသတ်ရတော့မှာလား။ အမှုမှန်ကို ပြန်လည်ဖော်ထုတ်ပြီး ဒီအပေါ်မှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ အစိုးရသစ်ကို တောင်းဆိုပါတယ်" ဟု ဒေါ်ခင်ဝင်း၏သမီးဖြစ်သူ မဝင်းခိုင်က ပြောသည်။

သေဆုံးသူ ဒေါ်ခင်ဝင်းအား ရည်စူး၍ သံဃာများအား ဆွမ်းကပ်ခြင်း၊ ဟောပြောခြင်း၊ ကဗျာရွတ်ခြင်းများနှင့် သေဆုံးမှုအတွက် စုံစမ်းစစ်ဆေး အရေးယူပေးရန် တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

"ဒေါ်ခင်ဝင်းဟာ လက်ပံတောင်း တောင်သူတွေအတွက် ထာဝရရှင်သန်နေမှာပါ။ အသတ်ခံရတုန်းက သူ့မှာ သောက်ရေသန့်ဘူးတစ်လုံးကလွဲပြီး ခုခံတိုက်ခိုက်ဖို့ ဘာလက်နက်မှ မပါ ပါဘူး။ ဒါ့ကြောင့် အပြစ်မဲ့တဲ့ ပြည်သူတစ်ယောက် အခုလို အသတ်ခံရတာနဲ့ပတ်သတ်ပြီး ဥပဒေအရ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်အရေးယူပေးစေချင်ပါတယ်" ဟု လက်ပံတောင်းဒေသခံ တောင်သူ ကိုမင်းမင်းမှ ဆိုသည်။

ဒေါ်ခင်ဝင်းသေဆုံးမှု (၂)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနားတွင် မိုးကြိုးပြင်၊ ဆည်တည်း၊ ဇီးတော၊ တုံရွာအုပ်စု ကျေးရွာများမှ ဒေသခံတောင်သူများနှင့် နိုင်ငံရေးအဖွဲ့စည်းများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့ နေ့လယ် အချိန်၌ လျော်ကြေးယူထားခြင်း မရှိသေးသော ဒေသခံတောင်သူများ၏ လယ်ယာမြေနေရာအား ဝမ်ပေါင်ကုမ္ပဏီဘက်မှ သံဆူးကြိုးလာရောက်ခတ်သဖြင့် ဒေသခံ တောင်သူများက သွားရောက်တားဆီးရာမှ လုံခြုံရေးယူထားသည့် လုံထိန်းများနှင့် ပဋိပက္ခဖြစ်ကာ မိုးကြိုးပြင်အလယ်ကျေးရွာမှ တောင်သူ ဒေါ်ခင်ဝင်းမှာ ဦးခေါင်းအား သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~