ခႏၲီးၿမိဳ႕တြင္ မူးယစ္ေဆးဝါးသတင္းအရ ရွာေဖြရာမွ လက္နက္မိ

ခႏၲီးၿမိဳ႕တြင္ မူးယစ္ေဆးဝါးသတင္းအရ ရွာေဖြရာမွ လက္နက္မိ
ဒီဇင်ဘာ 5, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး ခႏၲီးၿမိဳ႕နယ္တြင္ ဒီဇင္ဘာလ (၄) ရက္ေန႔ ညေန (၅) နာရီအခ်ိန္က မူးယစ္ေဆးဝါး သယ္ေဆာင္သတင္းအရ ေစာင့္ဆိုင္းရွာေဖြရာမွ လက္နက္သယ္ေဆာင္လာသူ လူဦးအား ဖမ္းဆီးရမိထားေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ သိရသည္။

"ေလာေလာဆယ္ ဘယ္ကေန သယ္ေဆာင္လာသလဲဆိုတာ စစ္ေဆးေနပါတယ္။ က်ည္ဆံေတြလည္း ပါတယ္" ဟု တိုင္းေဒသႀကီး ရဲစခန္းမွ ရဲမွဴးေက်ာ္ေဇာက ေျပာသည္။

ဟုမၼလင္းၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ သတင္းအရ မူးယစ္ေဆးဝါးရွာေဖြရန္ ခႏၱီးၿမိဳ႕နယ္ ဆင္ေသ-လဟယ္ကားလမ္း ဆင္ေသသခ်ဳႋင္းအနီးတြင္ ေစာင့္ဆိုင္းေနစဥ္ လဟယ္ၿမိဳ႕ဘက္မွ ဆင္ေသရြာဘက္သို႔ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား ရပ္တန္႔ရွာေဖြရာ ဆိုင္ကယ္ေနာက္တြင္ လိုက္ပါလာသည့္ အသက္ (၁၉)ႏွစ္အရြယ္ ကိုတီးရ၏ လြယ္အိတ္ အတြင္းမွ ပိြဳင့္ ၂၂ ပစၥတို မိန္းမကိုင္တစ္လက္အား က်ည္အိမ္၊ ခဲထပ္ဖူးပါက်ည္ (၅)ေတာင့္၊ ေငြ (၄၁၀၀၀၀)က်ပ္တို႔အား ေတြ႔ရိွရသျဖင့္ သိမ္းဆည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္ႏွင့္အတူ ေတြ႔ရသည့္ ဆိုင္ကယ္ေမာင္းႏွင္သူ အသက္ (၃၁) ႏွစ္အရြယ္ ကိုမီႏိုႏွင့္ ကိုတီးရ တို႔ႏွစ္ဦးအား ခႏၱီးၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၁၇ /၂၀၁၆၊ လက္နက္ဥပေဒ ပုဒ္မ ၁၉ (စ)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ (၅) နာရီအချိန်က မူးယစ်ဆေးဝါး သယ်ဆောင်သတင်းအရ စောင့်ဆိုင်းရှာဖွေရာမှ လက်နက်သယ်ဆောင်လာသူ လူဦးအား ဖမ်းဆီးရမိထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

"လောလောဆယ် ဘယ်ကနေ သယ်ဆောင်လာသလဲဆိုတာ စစ်ဆေးနေပါတယ်။ ကျည်ဆံတွေလည်း ပါတယ်" ဟု တိုင်းဒေသကြီး ရဲစခန်းမှ ရဲမှူးကျော်ဇောက ပြောသည်။

ဟုမ္မလင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ မူးယစ်ဆေးဝါးရှာဖွေရန် ခန္တီးမြို့နယ် ဆင်သေ-လဟယ်ကားလမ်း ဆင်သေသင်္ချိုင်းအနီးတွင် စောင့်ဆိုင်းနေစဉ် လဟယ်မြို့ဘက်မှ ဆင်သေရွာဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အသက် (၁၉)နှစ်အရွယ် ကိုတီးရ၏ လွယ်အိတ် အတွင်းမှ ပွိုင့် ၂၂ ပစ္စတို မိန်းမကိုင်တစ်လက်အား ကျည်အိမ်၊ ခဲထပ်ဖူးပါကျည် (၅)တောင့်၊ ငွေ (၄၁၀၀၀၀)ကျပ်တို့အား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်နှင့်အတူ တွေ့ရသည့် ဆိုင်ကယ်မောင်းနှင်သူ အသက် (၃၁) နှစ်အရွယ် ကိုမီနိုနှင့် ကိုတီးရ တို့နှစ်ဦးအား ခန္တီးမြို့မရဲစခန်းတွင် (ပ) ၁၁၇ /၂၀၁၆၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~