ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ်အနေဖြင့် တာချီလိတ်တွင် စုပေါင်းစက်ဘီးစီး

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ်အနေဖြင့် တာချီလိတ်တွင် စုပေါင်းစက်ဘီးစီး
ဒီဇငျဘာ 25, 2016
By Tachileik News Agency

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ်အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စုပေါင်းစက်ဘီးစီးနင်းပွဲကို ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်အစောပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။



ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ်အနေဖြင့် တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၄)ရက်နေ့က စုပေါင်းလမ်းလျှောက်ပွဲနှင့် ဂေါက်ရိုက်ပွဲတို့အား ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် စုပေါင်း စက်ဘီးစီးပွဲကို ပြုလုပ်ပြီး နံနက်(၁၀)နာရီအချိန်တွင် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ၀မ်ပုံဆေးရုံတွင် အခမဲ့ဆေးကုသမှုများ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ်အနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စုပေါင်းစက်ဘီးစီးနင်းပွဲကို ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက်အစောပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

စက်ဘီးစီးနင်းပွဲအား ရှမ်းပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးက သေနတ်ပစ်ဖောက်၍ စတင်ဖွင့်လှစ်ပေးရာ ရှမ်းရိုးမကုန်တိုက်ရှေ့မှ စ၍ မယ်ယန်းတိုးဂိတ်အထိ စီးနင်းခဲ့ကြသည်။

အဆိုပါ စက်ဘီးစီးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း အပါအဝင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် စက်ဘီးစီးဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ်အနဖြေင့် တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၄)ရက်နေ့က စုပေါင်းလမ်းလျှောက်ပွဲနှင့် ဂေါက်ရိုက်ပွဲတို့အား ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် စုပေါင်း စက်ဘီးစီးပွဲကို ပြုလုပ်ပြီး နံနက်(၁၀)နာရီအချိန်တွင် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ဝမ်ပုံဆေးရုံတွင် အခမဲ့ဆေးကုသမှုများ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~