တာခ်ီလိတ္တြင္ FDA မွ ေၾကျငာထားသည့္ စားသံုးရန္မသင့္မ်ား စစ္ေဆးရန္ မညႊန္ၾကားေသး

တာခ်ီလိတ္တြင္ FDA မွ ေၾကျငာထားသည့္ စားသံုးရန္မသင့္မ်ား စစ္ေဆးရန္ မညႊန္ၾကားေသး
ဒီဇင်ဘာ 25, 2016
By Tachileik News Agency


ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ FDA က ေၾကျငာထားသည့္ စားသံုးရန္မသင့္ ကုန္ပစၥည္းမ်ားအား စစ္ေဆးသိမ္းဆည္းရန္ လုပ္ေဆာင္ေနၿပီး ျမန္မာ - ထိုင္းနယ္စပ္ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္မူ လုပ္ေဆာင္ရန္ ညႊန္ၾကားခ်က္ မရွိေသးေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန(FDA) မွ သိရသည္။

“FDA ႏွင့္ မညီညြတ္တဲ့ စားသုံးကုန္ပစၥည္းမ်ားကို ဖမ္းဆီးအေရးယူဖို႔ မရွိေသးပါဘူး။ အထက္က ညႊန္ၾကားခ်က္ ထုတ္ျပန္မွ ေဆာင္ရြက္ရမွာပါ။ တာခ်ီလိတ္မွာ ဘာမွမညႊန္ၾကားေသးတဲ့အတြက္ မလုပ္ေသးတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန(FDA) မွ ဦးစီးအရာရွိ ဦးေအာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

က်ိဳင္းတုံၿမိဳ႕မေစ်းတြင္ ဒီဇင္ဘာလ ဒုတိယပတ္မွစ၍ FDA ႏွင့္ မညီညြတ္သည့္ စားသုံးကုန္ပစၥည္းမ်ားကို စစ္ေဆးအေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ႏို၀င္ဘာလမွာ သုံးရက္ဆက္တိုက္၊ ၁လကို ႏွစ္ၾကိမ္ က်ိဳင္းတုံၿမိဳ႕မ ေစ်းထဲမွာ အသိပညာေပးမႈေတြ ခဏခဏလုပ္တယ္။ တခ်ိဳ႕လည္း မလိုက္နာမႈေတြသိရွိရတယ္။ ဒါေၾကာင့္ ဒီဇင္ဘာလမွာ FDA က တရား၀င္ကန္႔သတ္ထားတဲ့ စားေသာက္ကုန္ေတြရယ္ ၊စိုက္ပ်ိဳးေရးဥပေဒနဲ႔မညီတဲ့ ပိုးသတ္ေဆးေတြ၊ သက္တမ္းလြန္ေဆးေတြ ၊ေဆးတုေတြ စတာဒါေတြကို စစ္ေဆးဖမ္းဆီးသြားမွာပါ။” ဟု က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန(FDA)အေနနဲ႔ ေမလက ရက္(၁၀၀)စီမံခ်က္အေနျဖင့္ ထုိင္းနိုင္ငံမွ တင္သြင္းသည့္ စားေသာက္ကုန္မ်ားအျပင္ ျပည္တြင္းမွ ငပိ၊ ငါးေျခာက္၊ လက္ဖက္ေျခာက္ႏွင့္ ငရုတ္သီးမွဳန္႔တို႔ကိုလည္း စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး FDA ေထာက္ခံစာမပါသည့္ ေဆး၀ါ ႏွင့္ ေရသန္႔လုပ္ငန္းမ်ားကိုလည္း အသိပညာေပးမႈမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် FDA က ကြငြောထားသည့် စားသုံးရန်မသင့် ကုန်ပစ္စည်းများအား စစ်ဆေးသိမ်းဆည်းရန် လုပ်ဆောင်နပြေီး မြန်မာ - ထိုင်းနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင်မူ လုပ်ဆောင်ရန် ညွှန်ကြားချက် မရှိသေးကြောင်း တာချီလိတ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ သိရသည်။

“FDA နှင့် မညီညွတ်တဲ့ စားသုံးကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူဖို့ မရှိသေးပါဘူး။ အထက်က ညွှန်ကြားချက် ထုတ်ပြန်မှ ဆောင်ရွက်ရမှာပါ။ တာချီလိတ်မှာ ဘာမှမညွှန်ကြားသေးတဲ့အတွက် မလုပ်သေးတာပါ”ဟု တာချီလိတ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ဦးစီးအရာရှိ ဦးအောင်တိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ကျိုင်းတုံမြို့မဈေးတွင် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ FDA နှင့် မညီညွတ်သည့် စားသုံးကုန်ပစ္စည်းများကို စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုဝင်ဘာလမှာ သုံးရက်ဆက်တိုက်၊ ၁လကို နှစ်ကြိမ် ကျိုင်းတုံမြို့မ ဈေးထဲမှာ အသိပညာပေးမှုတွေ ခဏခဏလုပ်တယ်။ တချို့လည်း မလိုက်နာမှုတွေသိရှိရတယ်။ ဒါကြောင့် ဒီဇင်ဘာလမှာ FDA က တရားဝင်ကန့်သတ်ထားတဲ့ စားသောက်ကုန်တွေရယ်၊စိုက်ပျိုးရေးဥပဒေနဲ့မညီတဲ့ ပိုးသတ်ဆေးတွေ၊ သက်တမ်းလွန်ဆေးတွေ၊ဆေးတုတွေ စတာဒါတွေကို စစ်ဆေးဖမ်းဆီးသွားမှာပါ။” ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

တာချီလိတ်မြို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အနေနဲ့ မေလက ရက်(၁၀၀)စီမံချက်အနဖြေင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များအပြင် ပြည်တွင်းမှ ငပိ၊ ငါးခြောက်၊ လက်ဖက်ခြောက်နှင့် ငရုတ်သီးမှုန့်တို့ကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး FDA ထောက်ခံစာမပါသည့် ဆေးဝါ နှင့် ရေသန့်လုပ်ငန်းများကိုလည်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~