နမ့္စန္ၿမိဳ႕တြင္ ယာဥ္မ်ားကို ေရွာင္တခင္ရပ္တန္႔ စစ္ေဆးရာမွ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ

နမ့္စန္ၿမိဳ႕တြင္ ယာဥ္မ်ားကို ေရွာင္တခင္ရပ္တန္႔ စစ္ေဆးရာမွ စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ
ဒီဇင်ဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေဒသ၊ နမ့္စန္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၅) ရက္ ညေနက ယာဥ္မ်ားအား ေရွာင္တခင္ရပ္တန္႔ရွာေဖြရာ ခိုလမ္ၿမိဳ႕မွ နမ့္စန္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္ တစ္စီးေပၚမွ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးသိမ္းဆည္း ရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၂၇) လိြဳင္လင္၊ နမ့္စန္မူးယစ္လႈပ္႐ွားတပ္ဆြယ္မွ တာ၀န္႐ွိသူမ်ား၊ နမ့္စန္ၿမိဳ႕မရဲစခန္း မွ သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ရပ္ကြက္/ေက်းရြာမွ အုပ္ခ်ဳပ္ေရးတာဝန္ရိွသူမ်ား ပူးေပါင္းပါဝင္သည့္ အဖဲြ႕သည္ နမ့္စန္ၿမိဳ႕တြင္ ခရီးသြားယာဥ္မ်ားကုိ ေ႐ွာင္တခင္ရပ္တန္႔ စစ္ေဆး႐ွာေဖြစဥ္ ယာဥ္ေမာင္း စိုင္းေက်ာ္စြာ၀င္း၏ ေဘး၌ လုိက္ပါစီးနင္းလာေသာ စုိင္းမြမ္းေလာင္လြယ္ထားသည့္ အနီေရာင္ ႐ွမ္းလြယ္အိတ္ အတြင္းမွ Wy စာတမ္းပါ ပန္းေရာင္စိတ္ႂကြေဆး (၂၀၀) ျပားပါတစ္ထုပ္ႏွင့္ ႏွစ္လက္မခန္႔ ပလပ္စတစ္ေကာ္ဘူးငယ္အတြင္းမွ Wy စာတန္းပါ ပန္းေရာင္စိတ္ႂကြေဆးျပား (၅၀) စုစုေပါင္း(၂၅၀)ျပားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးမ်ားနွင့္အတူဖမ္းဆီးရမိသည့္ ယာဥ္ေပၚလိုက္ပါလာသူ စုိင္းမြမ္းေလာင္ႏွင့္ ယာဥ္ေမာင္း စုိင္းက်ာ္စြာ၀င္းတို႔ ႏွစ္ဦးအား နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ပုဒ္မမ်ားျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ၊ နမ့်စန်မြို့တွင် ဒီဇင်ဘာလ (၅) ရက် ညနေက ယာဉ်များအား ရှောင်တခင်ရပ်တန့်ရှာဖွေရာ ခိုလမ်မြို့မှ နမ့်စန်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်၊ နမ့်စန်မူးယစ်လှုပ်ရှားတပ်ဆွယ်မှ တာဝန်ရှိသူများ၊ နမ့်စန်မြို့မရဲစခန်း မှ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာမှ အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် နမ့်စန်မြို့တွင် ခရီးသွားယာဉ်များကို ရှောင်တခင်ရပ်တန့် စစ်ဆေးရှာဖွေစဉ် ယာဉ်မောင်း စိုင်းကျော်စွာဝင်း၏ ဘေး၌ လိုက်ပါစီးနင်းလာသော စိုင်းမွမ်းလောင်လွယ်ထားသည့် အနီရောင်ရှမ်းလွယ်အိတ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေး (၂၀၀) ပြားပါတစ်ထုပ်နှင့် နှစ်လက်မခန့် ပလပ်စတစ်ကော်ဘူးငယ်အတွင်းမှ Wy စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၅၀) စုစုပေါင်း(၂၅၀)ပြားအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးများနှင့်အတူဖမ်းဆီးရမိသည့် ယာဉ်ပေါ်လိုက်ပါလာသူ စိုင်းမွမ်းလောင်နှင့် ယာဉ်မောင်း စိုင်းကျာ်စွာဝင်းတို့ နှစ်ဦးအား နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မများဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~