ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ရံုး တာခ်ီလိတ္တြင္ ဖြင့္လွစ္

ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ရံုး တာခ်ီလိတ္တြင္ ဖြင့္လွစ္
ဒီဇင်ဘာ 30, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ ပထမဆံုးအျဖစ္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ရံုးကို တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ(၃၀)ရက္ေန႔ နံနက္ပိုင္းက ဖြင့္လွစ္လိုက္ရာ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီး ကိုယ္တိုင္ တက္ေရာက္ေၾကာင္း သိရသည္။

အဆိုပါရံုးဖြင့္ပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္၊ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ နာယက ဦးၾကည္ျမင့္တို႔မွ ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးရာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္းႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ကို တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္၊ တာေလာ့ေက်ာင္းေရွ႕၊ မဥၨဴလမ္း၊ အမွတ္ ၂/၁၈တြင္ ဖြင့္လွစ္ထားရွိၿပီး ဗမာတိုင္းရင္းသားယဥ္ေက်းမႈ ရိုးရာမ်ားႏွင့္ ပတ္သက္၍ အဆိုအကမ်ားကိုလည္း အဆိုပါ ရံုးတြင္ သင္ၾကားေပးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပထမဆုံးအဖြစ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ရုံးကို တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်လိုက်ရာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်တိုင် တက်ရောက်ကြောင်း သိရသည်။

အဆိုပါရုံးဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် နှင့် တာချီလိတ်မြို့နယ်ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ နာယက ဦးကြည်မြင့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

တာချီလိတ်မြို့နယ်ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ကို တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ တာလော့ကျောင်းရှေ့၊ မဉ္ဇူလမ်း၊ အမှတ် ၂/၁၈တွင် ဖွင့်လှစ်ထားရှိပြီး ဗမာတိုင်းရင်းသားယဉ်ကျေးမှု ရိုးရာများနှင့် ပတ်သက်၍ အဆိုအကများကိုလည်း အဆိုပါ ရုံးတွင် သင်ကြားပေးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~