ၿမိတ္ၿမိဳ႕တြင္ ေျမယာသိမ္းဆည္းခံ ေတာင္သူႏွစ္ရာခန္႔ ဆႏၵထုတ္ေဖၚ

ၿမိတ္ၿမိဳ႕တြင္ ေျမယာသိမ္းဆည္းခံ ေတာင္သူႏွစ္ရာခန္႔ ဆႏၵထုတ္ေဖၚ
ဒီဇင်ဘာ 24, 2016
By Tachileik News Agency

တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕တြင္ ေျမယာသိမ္းဆည္းခံရသည့္ ေဒသခံေတာင္သူ ၂၀၀ ေက်ာ္က ဒီဇင္ဘာလ ၂၄ ရက္ေန႔တြင္ ဆႏၵထုတ္ေဖာ္ၾကသည္။

“ကြ်န္ေတာ္တို႔ကေတာ႔ ထိုက္တန္တဲ႔ ေလ်ာ္ေၾကး၊ နစ္နာေၾကးေတြကို ျပန္လိုခ်င္တယ္။ ဒါကို သက္ဆိုင္ရာ ကုမၸဏီေတြက ေပးမေလ်ာ္ႏိုင္ဘူးဆိုရင္ေတာ႔ ကြ်န္ေတာ့္ေျမကို ကြ်န္ေတာ္ျပန္လိုခ်င္ပါတယ္”ဟု ဆႏၵထုတ္ေဖၚသူ တစ္ဦးျဖစ္သည့္ ကိုတင္ေဇာ္ဦးက ေျပာသည္။

၂၀၀၅ ခုႏွစ္တြင္ ၿမိဳ႕သစ္စီမံကိန္းတည္ေဆာက္ရန္အတြက္ ၿမိတ္ၿမိဳ႕နယ္၊ ေက်ာက္ဖ်ားေက်းရြာအုပ္စု၊ ေက်ာက္ဖ်ားေက်းရြာအနီးရွိ ေျမဧကေပါင္း (၅၆၀၀) နီးပါးကို ေဒသခံေတာင္သူ တစ္ေထာင္ေက်ာ္ထံမွ သိမ္းဆည္းထားေသာ္လည္း စီမံကိန္းေဖၚေဆာင္ႏုိင္ျခင္း မရိွေသးသျဖင့္ ေျမယာမ်ား ျပန္လည္ရရိွရန္ႏွင့္ ေျမယာေလ်ာ္ေၾကးမ်ား ရရိွေရး ဆႏၵထုတ္ေဖၚျခင္းျဖစ္ေၾကာင္း ဆႏၵထုတ္ေဖာ္သူမ်ားထံမွ သိရသည္။

အဆိုပါ ဆႏၵထုတ္ေဖၚမႈသို႔ ေျမယာသိမ္းဆည္းခံရသည့္ ေက်ာက္ဖ်ားေက်းရြာအုပ္စုအတြင္းရွိ အဒြင္း၊ ကဘင္း၊ အထူးဆိပ္၊ ယာႀကီး၊ လႊတ္ေလာ့ေက်းရြာမ်ားမွ ေဒသခံ ေတာင္သူမ်ားပါဝင္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြေယာသိမ်းဆည်းခံရသည့် ဒေသခံတောင်သူ ၂၀၀ ကျော်က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ကြသည်။

“ကျွန်တော်တို့ကတော့ ထိုက်တန်တဲ့ လျော်ကြေး၊ နစ်နာကြေးတွေကို ပြန်လိုချင်တယ်။ ဒါကို သက်ဆိုင်ရာ ကုမ္ပဏီတွေက ပေးမလျော်နိုင်ဘူးဆိုရင်တော့ ကျွန်တော့်မြေကို ကျွန်တော်ပြန်လိုချင်ပါတယ်”ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးဖြစ်သည့် ကိုတင်ဇော်ဦးက ပြောသည်။

၂၀၀၅ ခုနှစ်တွင် မြို့သစ်စီမံကိန်းတည်ဆောက်ရန်အတွက် မြိတ်မြို့နယ်၊ ကျောက်ဖျားကျေးရွာအုပ်စု၊ ကျောက်ဖျားကျေးရွာအနီးရှိ မြေဧကပေါင်း (၅၆၀၀) နီးပါးကို ဒေသခံတောင်သူ တစ်ထောင်ကျော်ထံမှ သိမ်းဆည်းထားသော်လည်း စီမံကိန်းဖော်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် မြေယာများ ပြန်လည်ရရှိရန်နှင့် မြေယာလျော်ကြေးများ ရရှိရေး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုသို့ မြေယာသိမ်းဆည်းခံရသည့် ကျောက်ဖျားကျေးရွာအုပ်စုအတွင်းရှိ အဒွင်း၊ ကဘင်း၊ အထူးဆိပ်၊ ယာကြီး၊ လွှတ်လော့ကျေးရွာများမှ ဒေသခံ တောင်သူများပါဝင်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~