လွိုင်လင်မြို့တွင် မော်တော်ယာဉ်မောင်းနှင့်စီးသူ ထိုင်ခုံခါးပတ် ပတ်ရေး ပညာပေးလုပ်ဆောင်

လွိုင်လင်မြို့တွင် မော်တော်ယာဉ်မောင်းနှင့်စီးသူ ထိုင်ခုံခါးပတ် ပတ်ရေး ပညာပေးလုပ်ဆောင်
ဒီဇင်ဘာ 11, 2016
By Tachileik News Agency

ရှမ်းပြည်​နယ်​​တောင်​ပိုင်း လွိုင်​လင်​ခရိုင်​ လွိုင်​လင်​မြို့တွင် ​​မော်​​တော်​ယာဉ်​​မောင်းသူနှင့်​ လိုက်​ပါ စီးနင်းသူများအားလုံးကို အသက်​ကယ်​ထိုင်​ခုံ​ခါးပတ် ပတ်ရန်လှုပ်ရှားမှုအဖြစ် "BUCKLE UP EVERY TIME"စာတမ်းတံဆိပ်​ပါ ပညာ​ပေးတီရှပ်​များ​ ဝေငှခြင်း အစီအစဉ်​အား ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက လွိုင်လင်ခရိုင်​ရဲတပ်​ဖွဲ့မှူးရုံး​ရှေ့ ပြည်​​ထောင်​စုလမ်းမကြီး​ပေါ်တွင် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ​ အစီအစဉ်​အား လွိုင်​လင်​ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးဝဏ္ဏဦး​​ဆောင်၍​ လွိုင်လင်ခရိုင်မှ​​​ ဒုခရိုင်​အုပ်​ချုပ်​​ရေးမှူး​ဦးသန်း​အေး​ဆွေ အပါအ၀င် သက်ဆိုင်ရာအဖွဲ့ဝင်များဖြင့် တီရှပ်​များ​ဝေငှပေးကာ ယာဉ်​​မောင်း သူနှင့်​ စီးနင်းသူများ ခါးပတ်​ပတ်ခြင်းကို လိုက်​နာ​ပေး​ရန် အသိပေးကြောင်းသိရသည်​။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်​းပြည်​နယ်​​တောင်​ပိုင်​း လွိုင်​လင်​ခရိုင်​ လွိုင်​လင်​မြို့တွင် ​​မော်​​တော်​ယာဉ်​​မောင်​းသူနှင်​့ လိုက်​ပါ စီးနင်းသူများအားလုံးကို အသက်​ကယ်​ထိုင်​ခုံ​ခါးပတ် ပတ်ရန်လှုပ်ရှားမှုအဖြစ် "BUCKLE UP EVERY TIME"စာတမ်​းတံဆိပ်​ပါ ပညာ​ပေးတီရှပ်​များ​ေဝငှခြင်​း အစီအစဉ်​အား ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက လွိုင်လင်ခရိုင်​ရဲတပ်​ဖွဲ့မှူးရုံး​ရှေ့ ပြည်​​ထောင်​စုလမ်​းမကြီး​ပေါ်တွင် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ​ အစီအစဉ်​အား လွိုင်​လင်​ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးဝဏ​္ဏဦး​​ဆောင်၍​ လွိုင်လင်ခရိုင်မှ​​​ ဒုခရိုင်​အုပ်​ချုပ်​​ရေးမှူး​ဦးသန်​း​အေး​ဆွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့ဝင်များဖြင့် တီရှပ်​များ​ေဝငှပေးကာ ယာဉ်​​မောင်​း သူနှင်​့ စီးနင်​းသူများ ခါးပတ်​ပတ်ခြင်းကို လိုက်​နာ​ပေး​ရန် အသိပေးကြောင်းသိရသည်​။

ထို့သို ပညာ​ပေးလုပ်​​ဆောင်​မှုကို အမှတ်​(၁၁၅)ယာဉ်​ထိန်​းတပ်​ဖွဲ့စုမှူးဒုရဲမှူး​အောင်​နိုင်​မိုးမှ ဦးစီး​ဆောင်​ရွက်​မှုပြုလုပ်​​ပေးပြီး လွိုင်​လင်​ခရိုင်​ပို့​ဆောင်​​ရေးစီမံကိန်​းစက်​မှုကျွမ်​း-၂ဦးစိုင်​း​အောင်​ညွန်​့၊ ကညနမှယာဉ်​​မောင်​းစစ်​၂ဦးလှ​ထွေးတက်​​ရောက်​ပူး​ပေါင်​းပြီး တီရှပ်​​(၂၀၀)ဝေငှပေးကြောင်း သိရသည်။

အဆိုပါ ပညာ​ပေးအစီအစဉ်​ကို နှစ်​ကုန်​အထိ လုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်​းသိရသည်​။

သတင်း/ဓာတ်ပုံ- သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~