နမ့္စန္တြင္ မူးယစ္ေဆး၀ါး သံုးစြဲၿပီး ပိုသည့္ေဆးျပားမ်ားကို သယ္ေဆာင္လာရာမွ ဖမ္းဆီးရမိ

နမ့္စန္တြင္ မူးယစ္ေဆး၀ါး သံုးစြဲၿပီး ပိုသည့္ေဆးျပားမ်ားကို သယ္ေဆာင္လာရာမွ ဖမ္းဆီးရမိ
ဒီဇင်ဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕ မုိးနဲၿမိဳ႕အထြက္ ဘီးခြန္၌ အဖြဲ႔စုံျဖင့္ ဒီဇင္ဘာလ ၂၇ ရက္ေန႔ ေန႔လယ္ပိုင္းက ေ႐ွာင္တခင္စစ္ေဆးမႈျပဳလုပ္စဥ္ မုိးနဲၿမိဳ႕မွ နမ့္စန္ၿမိဳ႕သုိ႔ ဆုိင္ကယ္စီးနင္းလာသူႏွစ္ဦးထံမွ ပန္းေရာင္စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဆိုင္ကယ္စီးနင္းလာသည့္ နမ့္စန္ၿမိဳ႕မွ ေက်ာ္ေလးႏွင့္ ေနလင္းထြန္းတို႔သည္ မက္မြန္မုန္းေက်းရြာအုပ္စု နမ့္စန္ - မုိးနဲသြားလမ္းေဘး႐ွိ ေက်ာက္ေတာင္တြင္ ေရာင္းခ်ေသာ အသက္(၄၀)ခန္႔အရြယ္ အမည္မသိ လူတစ္ဦးထံမွ ေဆးျပား(၄၀)ကုိ တစ္လုံးတစ္ေထာင္က်ပ္ျဖင့္ ၀ယ္ယူခဲ့ၿပီး ၎ႏွစ္ဦးသုံးစြဲ၍ ပုိလွ်ံလာေသာ ေဆးျပား(၃၂)ျပား အား ၀ွက္၍သယ္ေဆာင္လာစဥ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္ ဖမ္းဆီးရမိသည့္ ေက်ာ္ေလးႏွင့္ ေနလင္းထြန္းတုိ႔ႏွစ္ဦးအား နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၁/၂၀၁၆ မူး/စိတ္ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ မိုးနဲမြို့အထွက် ဘီးခွန်၌ အဖွဲ့စုံဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ် မိုးနဲမြို့မှ နမ့်စန်မြို့သို့ ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးထံမှ ပန်းရောင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဆိုင်ကယ်စီးနင်းလာသည့် နမ့်စန်မြို့မှ ကျော်လေးနှင့် နေလင်းထွန်းတို့သည် မက်မွန်မုန်းကျေးရွာအုပ်စု နမ့်စန် - မိုးနဲသွားလမ်းဘေးရှိ ကျောက်တောင်တွင် ရောင်းချသော အသက်(၄၀)ခန့်အရွယ် အမည်မသိ လူတစ်ဦးထံမှ ဆေးပြား(၄၀)ကို တစ်လုံးတစ်ထောင်ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး၎င်းနှစ်ဦးသုံးစွဲ၍ ပိုလျှံလာသော ဆေးပြား(၃၂)ပြား အား ဝှက်၍သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် ကျော်လေးနှင့် နေလင်းထွန်းတို့နှစ်ဦးအား နမ့်စန်မြို့မရဲစခန်းတွင် မယ(ပ)၃၁/၂၀၁၆ မူး/စိတ် ၁၅/၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~