ေဘာ္ႀကိဳစစ္ေရွာင္မ်ား တိုက္ပြဲအေျခအေန ေစာင့္ၾကည့္ေန၍ ေနရပ္မျပန္ႏုိင္ေသး

ေဘာ္ႀကိဳစစ္ေရွာင္မ်ား တိုက္ပြဲအေျခအေန ေစာင့္ၾကည့္ေန၍ ေနရပ္မျပန္ႏုိင္ေသး
ဒီဇင်ဘာ 26, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေျမာက္ပုိင္း ေက်ာက္မဲခ႐ုိင္ သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳစစ္ေဘးေ႐ွာင္စခန္းတြင္ ပန္ခါးရြာႏွင့္ မန္လြယ္ရြာႏွစ္ရြာမွ ထြက္ေျပးတိမ္းေ႐ွာင္လာသည့္ စစ္ေဘးေရွာင္မ်ားမွာ တုိက္ပြဲမ်ား မရိွေတာ့ေသာ္လည္း ေနရပ္ မျပန္ရဲေသးဘဲ အေျခအေန ေစာင့္ၾကည့္ဆဲျဖစ္ေၾကာင္း သိရသည္။

"အခုေဘာ္ႀကိဳစစ္ေ႐ွာင္စခန္းမွာ ေရာက္႐ွိေနထုိင္ရတာ အားလုံးအဆင္ေျပတယ္။ ဆန္၊ ဆီ၊ ဆား၊ အ၀တ္အထည္အားလုံး ၿပီးျပည့္စုံတယ္”ဟု ပန္ခါးရြာမွ ရပ္မိရပ္ဖတစ္ဦးျဖစ္သူ ဦးေက်ာ္၀င္းႏုိင္က ေျပာသည္။

ပန္ခါးရြာႏွင့္ မန္လြယ္ေက်းရြာမ်ားအနီး တဝိုက္တြင္ RCSSႏွင့္ TNLA တို႔ ဒီဇင္ဘာလ ၂၀ ရက္ေန႔မွစ၍ တိုက္ပြဲမ်ား ျဖစ္ပြားသျဖင့္ ေဒသခံ ၅၂၃ ဦး ေဘာ္ႀကိဳစစ္ေရွာင္စခန္းသို႔ ေရာက္႐ွိလာျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဘးေရွာင္မ်ား၏ ေဒသမ်ားတြင္ စိုက္ပ်ဳိးထားေသာ ေကာက္ပဲသီးႏွံမ်ားကို ရိတ္သိမ္းႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - သန္းစိုးေအာင္






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုစစ်ဘေးရှောင်စခန်းတွင် ပန်ခါးရွာနှင့် မန်လွယ်ရွာနှစ်ရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များမှာ တိုက်ပွဲများ မရှိတော့သော်လည်း နေရပ် မပြန်ရဲသေးဘဲ အခြေအနေ စောင့်ကြည့်ဆဲဖြစ်ကြောင်း သိရသည်။

"အခုဘော်ကြိုစစ်ရှောင်စခန်းမှာ ရောက်ရှိနေထိုင်ရတာ အားလုံးအဆင်ပြေတယ်။ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်အားလုံး ပြီးပြည့်စုံတယ်”ဟု ပန်ခါးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကျော်ဝင်းနိုင်က ပြောသည်။

ပန်ခါးရွာနှင့် မန်လွယ်ကျေးရွာများအနီး တဝိုက်တွင် RCSSနှင့် TNLA တို့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားသဖြင့် ဒေသခံ ၅၂၃ ဦး ဘော်ကြိုစစ်ရှောင်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များ၏ ဒေသများတွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို ရိတ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~