တာခ်ီလိတ္ခရိုင္အတြင္း ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲမ်ား အတြက္ ၀န္ထမ္းေလွ်ာက္လႊာမ်ား ေခၚယူ

တာခ်ီလိတ္ခရိုင္အတြင္း ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲမ်ား အတြက္ ၀န္ထမ္းေလွ်ာက္လႊာမ်ား ေခၚယူ
ဇူလိုင် 25, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္အတြင္းရွိ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမ်ားတြင္ ခန္႔အပ္ တာ၀န္ေပးရန္အတြက္ အခ်ိန္ျပည့္ ၀န္ထမ္းေလွ်ာက္လႊာမ်ားအား ၂၀၁၆ခုႏွစ္ ၾသဂုတ္(၈)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

"အရင္ေၾကညာတုန္းက ေလွ်ာက္တဲ့သူနည္းပါးတဲ့ အတြက္ ေလွ်ာက္ထားခြင့္ကို ရက္ျပန္ၿပီး တိုးေပးလိုက္တာပါ၊ ေရြးေကာက္ပြဲ ေကာ္မရွင္မွာ ခန္႔အပ္ခံရမယ့္ ၀န္ထမ္းေတြကုိ လစာေပးၿပီး အခ်ိန္ျပည့္ ၀န္ထမ္းအျဖစ္ တာ၀န္ထမ္းေဆာင္ေစမွာပါ၊ ေလွ်ာက္လႊာေတြကို ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲရံုးမွာ လာေရာက္ထုတ္ယူႏိုင္ၿပီး ေလွ်ာက္ထားႏိုင္ပါတယ္။"ဟု တာခ်ီလိတ္ခရိုင္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌ ဦးၾကည္၀င္းေမာင္က ေျပာသည္။

၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတြင္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ၀န္ထမ္းမ်ားမွာ လစာမဲ့ တာဝန္ ထမ္းေဆာင္ၾကျခင္းျဖစ္ၿပီး၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွွ ခ်မွတ္ေပးေသာ ဘတ္ဂ်က္ ရန္ပံုေငြျဖင့္ သံုးစြဲလည္ပတ္ခဲ့ျခင္းျဖစ္ကာ အစိုးရသစ္ လက္ထက္တြင္ က်င္းပမည့္ ေရြးေကာက္ပြဲမ်ား အတြက္ ေကာ္မရွင္မ်ားအား လစာႏွဳန္းထားမ်ား အဆင့္ဆင့္သတ္မွတ္ေပးၿပီး ၀န္ထမ္းမ်ားအျဖစ္ ေရြးခ်ယ္ခန္႔အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေရြးေကာက္ပြဲေကာ္မရွင္ အဆင့္ဆင့္တြင္ ၀န္ထမ္းမ်ားခန္႔ထားရန္ ေလွ်ာက္လႊာမ်ားကုိ သက္ဆိုင္ရာ ခရိုင္/ၿမိဳ႕နယ္၊ေကာ္မရွင္ရံုးမ်ားတြင္ ထုတ္ယူႏိုင္ၿပီး ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ(၈)ရက္ေန႔ ေနာက္ဆံုးထားကာ ေလွ်ာက္ထားႏိုင္ေႀကာင္း ႏွင့္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရံုးသို႔ ေပးပို႔ေလ်ွာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ‪#‎ကိုဇက္‬

......................
တာချီလိတ်ခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ခန့်အပ် တာဝန်ပေးရန်အတွက် အချိန်ပြည့် ဝန်ထမ်းလျှောက်လွှာများအား ၂၀၁၆ခုနှစ် သြဂုတ်(၈)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

"အရင်ကြေညာတုန်းက လျှောက်တဲ့သူနည်းပါးတဲ့ အတွက် လျှောက်ထားခွင့်ကို ရက်ပြန်ပြီး တိုးပေးလိုက်တာပါ၊ ရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ခံရမယ့် ဝန်ထမ်းတွေကို လစာပေးပြီး အချိန်ပြည့် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စေမှာပါ၊ လျှောက်လွှာတွေကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ လာရောက်ထုတ်ယူနိုင်ပြီး လျှောက်ထားနိုင်ပါတယ်။"ဟု တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကြည်ဝင်းမောင်က ပြောသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများမှာ လစာမဲ့ တာဝန် ထမ်းဆောင်ကြခြင်းဖြစ်ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ပေးသော ဘတ်ဂျက် ရန်ပုံငွဖြေင့် သုံးစွဲလည်ပတ်ခဲ့ခြင်းဖြစ်ကာ အစိုးရသစ် လက်ထက်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ အတွက် ကော်မရှင်များအား လစာနှုန်းထားများ အဆင့်ဆင့်သတ်မှတ်ပေးပြီး ဝန်ထမ်းများအဖြစ် ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် ဝန်ထမ်းများခန့်ထားရန် လျှောက်လွှာများကို သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ကော်မရှင်ရုံးများတွင် ထုတ်ယူနိုင်ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ(၈)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်ကြောင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ‪#‎ကိုဇက်‬

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~