တာခ်ီလိတ္၌ ျဖစ္ပြားသည့္ က်ပ္သိန္းေပါင္း (၁၉၄)သိန္းေက်ာ္ တန္ဖိုးရွိ ေရႊထည္ႏွင့္ ေငြေပ်ာက္ဆံုးမႈ ရဲတပ္ဖြဲ႔မွ (၂၄)နာရီအတြင္း ေဖာ္ထုတ္

တာခ်ီလိတ္၌ ျဖစ္ပြားသည့္ က်ပ္သိန္းေပါင္း (၁၉၄)သိန္းေက်ာ္ တန္ဖိုးရွိ ေရႊထည္ႏွင့္ ေငြေပ်ာက္ဆံုးမႈ ရဲတပ္ဖြဲ႔မွ (၂၄)နာရီအတြင္း ေဖာ္ထုတ္
ဇူလိုင် 29, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဧဒင္ေက်းရြာ၌ ဇူလိုင္လ(၂၆)ရက္ေန႔ညပိုင္းတြင္ တန္ဖိုးက်ပ္သိန္း(၁၉၄)သိန္းေက်ာ္ တန္ဖိုးရွိ ေရႊထည္ႏွင့္ ေငြမ်ားေပ်ာက္ဆံုးမႈအား တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး၏ ႀကီးၾကပ္မႈျဖင့္ ဇူလိုင္လ(၂၇)ရက္ေန႔က ဖမ္းဆီးရမိသည့္အတြက္ (၂၄)နာရီအတြင္း ေဖၚထုတ္ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ သိရသည္။

"အမႈကို စစ္ေဆးေတာ့ ေပ်ာက္ဆံုးတာက ပိုင္ရွင္အိပ္တဲ့ အိပ္ခန္းထဲက ျဖစ္ေနတယ္၊ ေနာက္ထပ္ မီးခံေသတၱာပါမၿပီး ျခံ၀န္းထဲမွာ သံတူရြင္းနဲ႔ ကေလာ္ၿပီး ဖြင့္ထားတာ ဒါေၾကာင့္ အတြင္းလူဘဲျဖစ္မယ္ဆိုၿပီး စံုစမ္း စစ္ေဆးလိုက္ေတာ့ အလုပ္သမားတစ္ေယာက္က က်ပ္ေငြ(၁၀)သိန္းေက်ာ္ကို ကိုင္ဆြဲၿပီး အသံုးျပဳေနတာေတြ႕လို႔ မသကၤာတာနဲ႔ စစ္ေဆးေတာ့ သူ ခိုးထားပါတယ္၊ ပစၥည္းေတြကို အုတ္တံတိုင္း အတြင္းမွာ ပုဆိုးနဲ႔ခ်ိတ္ၿပီး ဖြတ္ထားတယ္လို႔ ၀န္ခံတယ္ အမႈတိုင္တာနဲ႔ ေဖၚထုတ္တဲ့ အခ်ိန္ဆိုရင္ (၂၄)နာရီအတြင္းမွာ ဖမ္းမိတာပါ၊ "ဟု တာခ်ီလိတ္ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး စိုးလြင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဖန္မင္အုပ္စု၊ ဧဒင္ေက်းရြာ မိသားစုတည္းခိုခန္းမွ ပိုင္ရွင္ျဖစ္သူ မနန္းႏြန္းဟြမ္မွာ ဇူလိုင္လ(၂၆)ရက္ေန႔ ညပိုင္းတြင္ ကုတင္ေဘးတြင္ထားရွိေသာ မီးခံေသတၱာေပ်ာက္ဆံုးေနၿပီး ျခံ၀န္းအတြင္း ငွက္ေပ်ာပင္ေအာက္တြင္ေတြ႕ရွိသျဖင့္ ၿမိဳ႕မရဲစခန္းအား တိုင္ၾကားခဲ့ျခင္းျဖစ္ၿပီး၊ ရဲစခန္းမွ အမႈအား စစ္ေဆးခဲ့ရာ မိသားစုတည္းခိုခန္းတြင္ ယခင္လူယံုအျဖစ္ လုပ္ကိုင္ခဲ့ဖူးေသာ ေမာင္ႏိုင္၀င္းထြန္းအား ေငြေၾကးအေျမာက္အမ်ား ကုိင္ေဆာင္သံုးစြဲေနသျဖင့္ ေခၚယူစစ္ေဆးရာ မီးခံေသတၱာအား တူရြင္းျဖင့္ ထိုးကေလာ္ ဖြင့္လွစ္ကာ ေငြေၾကးမ်ားသံုးစြဲၿပီး လက္၀တ္ရတနာမ်ားအား ျခံ၀န္းအတြင္း အုတ္တံတိုင္းေဘးတြင္ ပုုဆိုးျဖင့္ ခ်ိတ္၍ ဖြတ္ထားေၾကာင္း ဖြင့္ဟ၀န္ခံသျဖင့္ သိမ္းဆည္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

"ကၽြန္ေတာ္တို႔ တိုင္ခ်က္ဖြင့္လွစ္ၿပီး ညပိုင္းမွာ စစ္ေဆးေနေတာ့ ခိုးယူတယ္လို႔ သံသယရွိတဲ့ ေကာင္ေလးက ၀န္ခံလာတယ္ သူခိုးယူခဲ့ပါတယ္လို႔ ကၽြန္ေတာ္တို႔လဲသံုးသပ္တာ ပိုင္ရွင္ရဲ႕ အတြင္းခန္းထဲကို ေတာ္ယံုလူ မ၀င္ႏိုင္ဘူး ပိုင္ရွင္မိသားစုနဲ႔ ရင္းႏွီးတဲ့သူဘဲ ျဖစ္ရမယ္လို႔ သံုးသပ္ေတာ့ သံသယျဖစ္စရာ လူ(၃)ဦးေလာက္ ထြက္ေပၚလာတယ္ အဲ့အထဲမွာမွ အမ်ိဳးသမီးတစ္ေယာက္ ပါ၀င္လာေသာ မီးခံေသတၱာကိုထမ္းၿပီးေတာ့ မသယ္ႏိုင္ဘူးလို႔ ထည့္သြင္းတြက္ခ်က္ၿပီး က်န္(၂)ေယာက္ကို စစ္ေဆးေတာ့ တစ္ေယာက္က ၀န္ခံလာတာပါဘဲ လက္၀တ္ရတနာ အတြင္းပစၥည္းေတြ အကုန္လံုးျပန္ရပါတယ္"ဟု  ဒုရဲမွဴး စိုးလြင္က ထပ္မံေျပာၾကားသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမာင္ႏိုင္၀င္းထြန္း ခိုးယူဖြက္ထားေသာ ေငြေၾကးႏွင့္ ေရႊထည္ပစၥည္းမ်ားအား ဇူလိုင္လ(၂၇)ရက္ေန႔တြင္ သက္ေသမ်ားေရွ႕ေမွာက္ လက္မွတ္ေရးထိုး၍ သိမ္းဆည္းခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၄၀/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ကိုဇက္
.................

တာချီလိတ်မြို့ ဧဒင်ကျေးရွာ၌ ဇူလိုင်လ(၂၆)ရက်နေ့ညပိုင်းတွင် တန်ဖိုးကျပ်သိန်း(၁၉၄)သိန်းကျော် တန်ဖိုးရှိ ရွှေထည်နှင့် ငွေများပျောက်ဆုံးမှုအား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ဇူလိုင်လ(၂၇)ရက်နေ့က ဖမ်းဆီးရမိသည့်အတွက် (၂၄)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

"အမှုကို စစ်ဆေးတော့ ပျောက်ဆုံးတာက ပိုင်ရှင်အိပ်တဲ့ အိပ်ခန်းထဲက ဖြစ်နေတယ်၊ နောက်ထပ် မီးခံသေတ္တာပါမပြီး ခြံဝန်းထဲမှာ သံတူရွင်းနဲ့ ကလော်ပြီး ဖွင့်ထားတာ ဒါကြောင့် အတွင်းလူဘဲဖြစ်မယ်ဆိုပြီး စုံစမ်း စစ်ဆေးလိုက်တော့ အလုပ်သမားတစ်ယောက်က ကျပ်ငွေ(၁၀)သိန်းကျော်ကို ကိုင်ဆွဲပြီး အသုံးပြုနေတာတွေ့လို့ မသင်္ကာတာနဲ့ စစ်ဆေးတော့ သူ ခိုးထားပါတယ်၊ ပစ္စည်းတွေကို အုတ်တံတိုင်း အတွင်းမှာ ပုဆိုးနဲ့ချိတ်ပြီး ဖွတ်ထားတယ်လို့ ဝန်ခံတယ် အမှုတိုင်တာနဲ့ ဖော်ထုတ်တဲ့ အချိန်ဆိုရင် (၂၄)နာရီအတွင်းမှာ ဖမ်းမိတာပါ"ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး စိုးလွင်က ပြောသည်။

တာချီလိတ်မြို့၊ ဖန်မင်အုပ်စု၊ ဧဒင်ကျေးရွာ မိသားစုတည်းခိုခန်းမှ ပိုင်ရှင်ဖြစ်သူ မနန်းနွန်းဟွမ်မှာ ဇူလိုင်လ(၂၆)ရက်နေ့ ညပိုင်းတွင် ကုတင်ဘေးတွင်ထားရှိသော မီးခံသေတ္တာပျောက်ဆုံးနပြေီး ခြံဝန်းအတွင်း ငှက်ပျောပင်အောက်တွင်တွေ့ရှိသဖြင့် မြို့မရဲစခန်းအား တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ ရဲစခန်းမှ အမှုအား စစ်ဆေးခဲ့ရာ မိသားစုတည်းခိုခန်းတွင် ယခင်လူယုံအဖြစ် လုပ်ကိုင်ခဲ့ဖူးသော မောင်နိုင်ဝင်းထွန်းအား ငွေကြေးအမြောက်အများ ကိုင်ဆောင်သုံးစွဲနေသဖြင့် ခေါ်ယူစစ်ဆေးရာ မီးခံသေတ္တာအား တူရွင်းဖြင့် ထိုးကလော် ဖွင့်လှစ်ကာ ငွေကြေးများသုံးစွဲပြီး လက်ဝတ်ရတနာများအား ခြံဝန်းအတွင်း အုတ်တံတိုင်းဘေးတွင် ပုဆိုးဖြင့် ချိတ်၍ ဖွတ်ထားကြောင်း ဖွင့်ဟဝန်ခံသဖြင့် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

"ကျွန်တော်တို့ တိုင်ချက်ဖွင့်လှစ်ပြီး ညပိုင်းမှာ စစ်ဆေးနေတော့ ခိုးယူတယ်လို့ သံသယရှိတဲ့ ကောင်လေးက ဝန်ခံလာတယ် သူခိုးယူခဲ့ပါတယ်လို့ ကျွန်တော်တို့လဲသုံးသပ်တာ ပိုင်ရှင်ရဲ့ အတွင်းခန်းထဲကို တော်ယုံလူ မဝင်နိုင်ဘူး ပိုင်ရှင်မိသားစုနဲ့ ရင်းနှီးတဲ့သူဘဲ ဖြစ်ရမယ်လို့ သုံးသပ်တော့ သံသယဖြစ်စရာ လူ(၃)ဦးလောက် ထွက်ပေါ်လာတယ် အဲ့အထဲမှာမှ အမျိုးသမီးတစ်ယောက် ပါဝင်လာသော မီးခံသေတ္တာကိုထမ်းပြီးတော့ မသယ်နိုင်ဘူးလို့ ထည့်သွင်းတွက်ချက်ပြီး ကျန်(၂)ယောက်ကို စစ်ဆေးတော့ တစ်ယောက်က ဝန်ခံလာတာပါဘဲ လက်ဝတ်ရတနာ အတွင်းပစ္စည်းတွေ အကုန်လုံးပြန်ရပါတယ်"ဟု ဒုရဲမှူး စိုးလွင်က ထပ်မံပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်နိုင်ဝင်းထွန်း ခိုးယူဖွက်ထားသော ငွေကြေးနှင့် ရွှေထည်ပစ္စည်းများအား ဇူလိုင်လ(၂၇)ရက်နေ့တွင် သက်သေများရှေ့မှောက် လက်မှတ်ရေးထိုး၍ သိမ်းဆည်းခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၄၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  



~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~