FDA ေထာက္ခံခ်က္ႏွင့္ လိုင္စင္မရိွသည့္ ဆီစက္လုပ္ငန္းႏွင့္ တစ္ဆင့္ခံ ထုပ္ပိုးစက္ရံုမ်ားကို အေရးယူမည္

FDA ေထာက္ခံခ်က္ႏွင့္ လိုင္စင္မရိွသည့္ ဆီစက္လုပ္ငန္းႏွင့္ တစ္ဆင့္ခံ ထုပ္ပိုးစက္ရံုမ်ားကို အေရးယူမည္
ဇူလိုင် 14, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ ဆီစက္လုပ္ငန္းမ်ားနွင့္ တစ္ဆင့္ခံ ထုပ္ပိုးေရာင္းခ်လွ်က္ရွိေသာ ဆီစက္လုပ္ငန္းမ်ားအေနျဖင့္ FDA ေထာက္ခံခ်က္မ်ား၊ စက္မႈႀကီးၾကပ္လိုင္စင္နွင့္ စည္ပင္လိုင္စင္ ေထာက္ခံခ်က္မ်ားမပါရိွပါက ဇူလိုင္လ တတိယပတ္အကုန္မွစ၍ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဆီစက္ေတြအေနနဲ႔ ဆီပုံုးေတြမွာ စည္ပင္လိုင္စင္၊ စက္မႈႀကီးၾကပ္ေရးလိုင္စင္ေတြကို ေဖာ္ျပထားရပါမယ္။ လက္လီဝယ္ၿပီး ျဖန္႔ျဖဴးတဲ့သူေတြအေနနဲ႔ ဘယ္ဆိုင္က ဝယ္တာလဲဆိုတာကိုပါ အေထာက္အထား စာရြက္စာတမ္းေတြ ျပနိုင္ရပါမယ္။ FDA က (၇)လပိုင္း တတိယအပတ္အထိ ပညာေပးကာလအေနနဲ႔ အသိပညာေပးေဟာေျပာမႈေတြ လုပ္ေဆာင္မယ္။ ေနာက္ဆံုးအပတ္ကေနစၿပီး စားသံုးသူကာကြယ္ေပးေရး ဥပေဒအရ အေရးယူမႈေတြ လုပ္ေဆာင္သြားပါမယ္"ဟု ျပည္နယ္စားသံုးသူေရးရာဦးစီးဌာန ဒုတိယဦးစီးမႈး ဦးေဇာ္မင္းသန္းက ေျပာသည္။

လားရႈိးၿမိဳ႕ေပၚတြင္ ဆီထုတ္လုပ္ေရာင္းခ်ေသာ ေနရာမ်ားစြာ ရွိေသာ္လည္း ေထာက္ခံခ်က္မရိွျခင္း၊ လုပ္ငန္းလည္ပတ္လွ်က္ရွိေသာ ဆီစက္မ်ားတြင္ ဆီတစ္မ်ိဳးတည္းကို ေစ်းနႈန္းအမ်ိဳးမ်ိဳး ေျပာင္းလဲေရာင္းခ်ျခင္း၊ မလည္ပတ္နိုင္ေသာ ဆီဆိုင္မ်ားမွ တစ္ဆင့္ခံမွာယူ၍ ကိုယ္ပိုင္ တံဆိပ္ကပ္ျဖန္႔ျဖဴးျခင္းမ်ားကို စစ္ေဆးေတြ႔ရိွရသျဖင့္ စီးပြားေရးနွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသံုးသူေရးရာဦးစီးဌာန (လားရႈိးရံုး)မွ အသိေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

စားသံုးသူေရးရာဦးစီးဌာနမွ ေမလ (၂၀)ရက္ေန႔တြင္ လားရိႈးၿမိဳ႕မွ ဆီစက္လုပ္ငန္းမ်ားအား စစ္ေဆးခဲ့ျခင္းျဖစ္သည္။

"ခု ဒီလိုေတြ လုပ္ေရာင္းတယ္ၾကားေတာ့ ဆီေတာင္မစားရဲေတာ့ဘူး။ ခုလိုမ်ိဳး က်န္းမာေရးနဲ႔ ညီညႊတ္ေအာင္ ၿပီးေတာ ့စားသံုးသူကာကြယ္ေရးအေနနဲ႔လည္း လုပ္ေဆာင္ေပးေနတယ္လို႔ သိေနတာေတာ့ ၾကာပါၿပီ။ ေရာင္းခ်သူေတြကလည္း သမာအာဇီဝနဲ႔  ေရာင္းခ်ေပးမယ္ဆိုရင္ အစစအရာရာ အဆင္ေျပတာေပါ့။ စားသံုးသူေတြ အေနနဲ႔ကေတာ့ သာမန္ပဲၾကည့္ၿပီး ဝယ္လိုက္မွာပဲ။ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြက မ်ားစြာရွိေနတယ္ဆိုတာ ခုလိုမ်ိဳး လူတိုင္းသိရွိေအာင္ ပညာေပးေဟာေျပာေပးတဲ့ တာဝန္ရွိလူႀကီးေတြကိုလည္း ေက်းဇူးတင္ပါတယ္"ဟု ၿမိဳ႕ခံ ေဒၚလုၾကာက ေျပာသည္။

ေမလအတြင္းက စစ္ေဆးေတြ႔ရိွခ်က္မ်ားတြင္ လားရိႈးၿမိဳ႕ရိွ ကိုယ္ပိုင္ဆီစက္အခ်ိဳ႕သည္ ဆီအမ်ိဳးအစားတစ္မ်ိဳးတည္းအား တံဆိပ္အမ်ိဳးမ်ိဳးျဖင့္ ေရာင္းခ်ျခင္း၊ မႏၱေလးမွ တစ္ဆင့္တင္သြင္းၿပီး ကိုယ္ပိုင္တံဆိပ္ကပ္ေရာင္းခ်ျခင္းမ်ားကို ေတြ႔ေနရျခင္းျဖစ္ေၾကာင္း စားသံုးသူေရးရာဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ေအာင္ျပည့္

.........................

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆီစက်လုပ်ငန်းများနှင့် တစ်ဆင့်ခံ ထုပ်ပိုးရောင်းချလျှက်ရှိသော ဆီစက်လုပ်ငန်းများအနဖြေင့် FDA ထောက်ခံချက်များ၊ စက်မှုကြီးကြပ်လိုင်စင်နှင့် စည်ပင်လိုင်စင် ထောက်ခံချက်များမပါရှိပါက ဇူလိုင်လ တတိယပတ်အကုန်မှစ၍ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆီစက်တွေအနေနဲ့ ဆီပုံးတွေမှာ စည်ပင်လိုင်စင်၊ စက်မှုကြီးကြပ်ရေးလိုင်စင်တွေကို ဖော်ပြထားရပါမယ်။ လက်လီဝယ်ပြီး ဖြန့်ဖြူးတဲ့သူတွေအနေနဲ့ ဘယ်ဆိုင်က ဝယ်တာလဲဆိုတာကိုပါ အထောက်အထား စာရွက်စာတမ်းတွေ ပြနိုင်ရပါမယ်။ FDA က (၇)လပိုင်း တတိယအပတ်အထိ ပညာပေးကာလအနေနဲ့ အသိပညာပေးဟောပြောမှုတွေ လုပ်ဆောင်မယ်။ နောက်ဆုံးအပတ်ကနေစပြီး စားသုံးသူကာကွယ်ပေးရေး ဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားပါမယ်"ဟု ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှုး ဦးဇော်မင်းသန်းက ပြောသည်။

လားရှိုးမြို့ပေါ်တွင် ဆီထုတ်လုပ်ရောင်းချသော နေရာများစွာ ရှိသော်လည်း ထောက်ခံချက်မရှိခြင်း၊ လုပ်ငန်းလည်ပတ်လျှက်ရှိသော ဆီစက်များတွင် ဆီတစ်မျိုးတည်းကို ဈေးနှုန်းအမျိုးမျိုး ပြောင်းလဲရောင်းချခြင်း၊ မလည်ပတ်နိုင်သော ဆီဆိုင်များမှ တစ်ဆင့်ခံမှာယူ၍ ကိုယ်ပိုင် တံဆိပ်ကပ်ဖြန့်ဖြူးခြင်းများကို စစ်ဆေးတွေ့ရှိရသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (လားရှိုးရုံး)မှ အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနမှ မေလ (၂၀)ရက်နေ့တွင် လားရှိုးမြို့မှ ဆီစက်လုပ်ငန်းများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

"ခု ဒီလိုတွေ လုပ်ရောင်းတယ်ကြားတော့ ဆီတောင်မစားရဲတော့ဘူး။ ခုလိုမျိုး ကျန်းမာရေးနဲ့ ညီညွှတ်အောင် ပြီးတော့စားသုံးသူကာကွယ်ရေးအနေနဲ့လည်း လုပ်ဆောင်ပေးနေတယ်လို့ သိနေတာတော့ ကြာပါပြီ။ ရောင်းချသူတွေကလည်း သမာအာဇီဝနဲ့ ရောင်းချပေးမယ်ဆိုရင် အစစအရာရာ အဆင်ပြေတာပေါ့။ စားသုံးသူတွေ အနေနဲ့ကတော့ သာမန်ပဲကြည့်ပြီး ဝယ်လိုက်မှာပဲ။ နောက်ဆက်တွဲ ဆိုးကျိုးတွေက များစွာရှိနေတယ်ဆိုတာ ခုလိုမျိုး လူတိုင်းသိရှိအောင် ပညာပေးဟောပြောပေးတဲ့ တာဝန်ရှိလူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်"ဟု မြို့ခံ ဒေါ်လုကြာက ပြောသည်။

မေလအတွင်းက စစ်ဆေးတွေ့ရှိချက်များတွင် လားရှိုးမြို့ရှိ ကိုယ်ပိုင်ဆီစက်အချို့သည် ဆီအမျိုးအစားတစ်မျိုးတည်းအား တံဆိပ်အမျိုးမျိုးဖြင့် ရောင်းချခြင်း၊ မန္တလေးမှ တစ်ဆင့်တင်သွင်းပြီး ကိုယ်ပိုင်တံဆိပ်ကပ်ရောင်းချခြင်းများကို တွေ့နေရခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

သတင်း။ အောင်ပြည့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~