ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသည့် AAC အဖွဲ့ ငွေကြေး အခက်အခဲဖြစ်နေ
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသည့် AAC အဖွဲ့ ငွေကြေး အခက်အခဲဖြစ်နေ
ဇူလိုငျ 28, 2016
By Tachileik News Agency
ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ အခက်အခဲများကို ကူညီပေးနေသည့် မြန်မာသံရုံး အလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီ"AAC"မဟာမိတ်အဖွဲ့သည် အလုပ်သမားများနှင့် စေတနာရှင်များ လှူဒါန်းငွေဖြင့်သာ လည်ပတ်နေရသဖြင့် ငွေကြေးအခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
မြန်မာလုပ်သားအရေးကို ကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့သို့ အလုပ်သမား အခက်အခဲများသာမက ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ လူမှုရေးကိစ္စရပ်များကိုပါ လာရောက် အကူအညီတောင်းခံ လာကြခြင်း၊ အမှုရင်ဆိုင်နေရသည့် မြန်မာအလုပ်သမားများကို ရုံးခန်းတွင် ကူညီစောင့်ရှောက်ထားရခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ကိုဇက်
ဓာတ်ပုံ - AAC
.........................
ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ အခက်အခဲများကို ကူညီပေးနေသည့် မြန်မာသံရုံး အလုပ်သမားများ ကူညီစောင့်ရှောက်ရေးကော်မတီ"AAC"မဟာမိတ်အဖွဲ့သည် အလုပ်သမားများနှင့် စေတနာရှင်များ လှူဒါန်းငွဖြေင့်သာ လည်ပတ်နေရသဖြင့် ငွေကြေးအခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့အဖွဲ့က NGO တွေလိုမျိုး နိုင်ငံတကာ အထောက်အပံ့နဲ့ ကူညီပေးနေတာမဟုတ်ဘူး။ အဓိက အလုပ်သမားတွေက ပြန်လှူတဲ့ငွေနဲ့ တခြားစေတနာရှင်တွေ လှူတဲ့ငွေ ရယ် ကိုယ်ပိုင်ငွေကြေးရယ် နဲ့ အလုပ်လုပ် နကြေတာပါ။ ကိုယ့်မြန်မာတွေ ဒုက္ခရောက်တာမကြည့်ရက်လို့ မနေနိုင် မထိုင်နိုင် လိုက်ကူညီနကြေတာပါ။ ရုံးခန်းမှာခေါ်ပြီး စောင့်ရှောက်ထားတဲ့ မြန်မာဒုက္ခသည်တွေကိုလည်း ကြည့်ရှုထားရတာ အလှူငွေကတော့ လိုအပ်တာပေါ့။ လကုန်ရင် ရုံးခန်းခတောင် အနိုင်နိုင်"ဟု မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီ"AAC"မဟာမိတ်မှ ကိုရဲမင်းက ပြောသည်။
မြန်မာလုပ်သားအရေးကို ကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့သို့ အလုပ်သမား အခက်အခဲများသာမက ထိုင်းနို်င်ငံရောက် မြန်မာလုပ်သားများ၏ လူမှုရေးကိစ္စရပ်များကိုပါ လာရောက် အကူအညီတောင်းခံ လာကြခြင်း၊ အမှုရင်ဆိုင်နေရသည့် မြန်မာအလုပ်သမားများကို ရုံးခန်းတွင် ကူညီစောင့်ရှောက်ထားရခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။
AAC မဟာမိတ်အဖွဲ့သို့ ဆန်၊ ဆီ၊ ဆားရိက္ခါများ လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများအား ကူညီစောင့်ရှောက်နေသော အဖွဲ့အစည်းများအနက် နိုင်ငံတကာအထောက်အပံ့မရဘဲ ကိုယ်ပိုင်ငွေကြေးဖြင့် ရပ်တည်ကူညီနေသည့်အဖွဲ့များမှာ ရေရှည်လုပ်ဆောင်ရန် ငွေကြေးအခက်အခဲရင်ဆိုင်နေရကြောင်း သိရသည်။
သတင်း - ကိုဇက်
ဓာတ္ပံု - AAC
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~