တာလေမြို့တွင် (၇)ကြိမ်မြောက် တရားပွဲ ကျင်းပပြုလုပ်မည်

တာလေမြို့တွင် (၇)ကြိမ်မြောက် တရားပွဲ ကျင်းပပြုလုပ်မည်
ဖေဖော်ဝါရီ 4, 2016
By Tachileik News Agency

တာလေမြို့ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့မှ (၇)ကြိမ်မြောက် (၃)ည တိုင်တိုင် တရားပွဲကို ကျင်းပပြုလုပ်ရန်အတွက် ပြင်ဆင်နေလျှက်ရှိကြောင်း သိရသည်။

တာလေမြို့၏ (၃)ည တိုင်တိုင် တရားပွဲကို ဖေဖော်ဝါရီလ (၇)ရက်နေ့မှ ဖေဖော်ဝါရီလ (၉)ရက်နေ့အထိ ညစဉ် (၇)နာရီခွဲတွင် အမှတ်(၃)ရပ်ကွက်ရှိ တာလေဘုန်းကြီးကျောင်းအတွင်း၌ ကျင်းပပြုလုပ်မှာဖြစ်ရာ အဆိုပါ တရားပွဲ၏ နောက်ဆုံးညတွင် ရွှေည၀ါဆရာတော်မှ ကြွရောက်ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။

တာလေမြို့ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့မှ ပထမအကြိမ်အဖြစ် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့က စတင်ပြီး (၃)ညတိုင်တိုင် တရားပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၆ခုနှစ်အစထိ ယခု တရားပွဲ အပါအ၀င် (၇)ကြိမ်တိတိ ရှိပြီုဖစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~