ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ေၾကာင့္ က်ဳိင္းတုံ ဆိုင္ကယ္ ၀ယ္ေရာင္း ေစ်းကြက္ ေအးေန

ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ေၾကာင့္ က်ဳိင္းတုံ ဆိုင္ကယ္ ၀ယ္ေရာင္း ေစ်းကြက္ ေအးေန
ဇန်နဝါရီ 28, 2016
By Tachileik News Agency

 ၂၀၁၅ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ေၾကာင့္ က်ဳိင္းတုံေမာ္ေတာ္ယာဥ္ေစ်းကြက္မွာ ယခင္ကထက္ အေရာင္းအ၀ယ္ ပါးလွ်က္ရိွေၾကာင္း က်ိဳင္းတုံေမာ္ေတာ္ယာဥ္ ေစ်းကြက္မွ သိရသည္။

"ခါတိုင္း ဒီလိုအခ်ိန္ဆို ကား၊ ဆိုင္ကယ္ေတြက ပုံမွန္အေရာင္းအ၀ယ္ျဖစ္တယ္။ ဒါေပမဲ့ အခုထြက္လာတဲ့ ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ေၾကာင့္နဲ႔ Withoutေတြ ဖမ္းမယ္ဆိုတဲ့ သတင္းေတြေၾကာင့္ အေရာင္းအ၀ယ္ေတြ ေအးေနတယ္"ဟု က်ဳိင္းတုံမွ ကား၊ဆိုင္ကယ္အက်ိဳးေဆာင္ ဦးေမာင္ခိုင္ကေျပာသည္။

က်ဳိင္းတုံ ဆိုင္ကယ္ေစ်းကြက္တြင္ ထိုင္းႏိုင္ငံထုတ္ ဆိုင္ကယ္မ်ားသာ အဓိကေရာင္းရၿပီး ယခုကဲ့သို႔ အေရာင္းအ၀ယ္ ပါးေနသည္မွာ တစ္လခန္႔ ရိွေနၿပီျဖစ္ေၾကာင္း ၎ထံမွသိရသည္။

က်ဳိင္းတုံၿမိဳ႕ရိွ HONDA ေမာ္ေတာ္ဆိုင္ကယ္ အေရာင္းျပခန္းတြင္လည္း အေရာင္းအ၀ယ္ ေအးေနေသာေၾကာင့္ ယခင္က တစ္ရက္လွ်င္ ဆိုင္ကယ္ (၅)စီးခန္႔ ေရာင္းခ်ႏိုင္ခဲ့ရာမွ ယခုတြင္ တစ္ရက္လွ်င္ ပ်မ္းမွ် (၂)စီးခန္႔သာ ေရာင္းခ်ရေၾကာင္း သိရသည္။

Honda Wave 100 အမ်ိဳးအစားမွာ တန္ဖိုေငြအားျဖင့္ တစ္စီးလွ်င္ က်ပ္(၁၀)သိန္း(၉)ေသာင္း၊ Honda Dream 125 အမ်ိဳးအစားကို က်ပ္(၁၉)သိန္းခြဲႏွင့္ Honda Click 125 အမ်ိဳးအစားကို က်ပ္(၂၁)သိန္း(၃)ေသာင္းခြဲျဖင့္ ေရာင္းခ်ေပးေနေၾကာင္း က်ိဳင္းတုံ HONDA ဆိုင္ကယ္အေရာင္းျပခန္းမွ သိရသည္။

ဓာတ္ပံု/သတင္း။  ။ ဇြဲျမတ္
****************

( unicode )

 ၂၀၁၅မော်တော်ယာဉ် ဥပဒေသစ်ကြောင့် ကျိုင်းတုံမော်တော်ယာဉ်ဈေးကွက်မှာ ယခင်ကထက် အရောင်းအဝယ် ပါးလျှက်ရှိကြောင်း ကျိုင်းတုံမော်တော်ယာဉ် ဈေးကွက်မှ သိရသည်။

"ခါတိုင်း ဒီလိုအချိန်ဆို ကား၊ ဆိုင်ကယ်တွေက ပုံမှန်အရောင်းအဝယ်ဖြစ်တယ်။ ဒါပေမဲ့ အခုထွက်လာတဲ့ မော်တော်ယာဉ် ဥပဒေသစ်ကြောင့်နဲ့ Withoutတွေ ဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် အရောင်းအဝယ်တွေ အေးနေတယ်"ဟု ကျိုင်းတုံမှ ကား၊ဆိုင်ကယ်အကျိုးဆောင် ဦးမောင်ခိုင်ကပြောသည်။

ကျိုင်းတုံ ဆိုင်ကယ်ဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များသာ အဓိကရောင်းရပြီး ယခုကဲ့သို့ အရောင်းအဝယ် ပါးနေသည်မှာ တစ်လခန့် ရှိနပြေီဖြစ်ကြောင်း၎င်းထံမှသိရသည်။

ကျိုင်းတုံမြို့ရှိ HONDA မော်တော်ဆိုင်ကယ် အရောင်းပြခန်းတွင်လည်း အရောင်းအဝယ် အေးနေသောကြောင့် ယခင်က တစ်ရက်လျှင် ဆိုင်ကယ် (၅)စီးခန့် ရောင်းချနိုင်ခဲ့ရာမှ ယခုတွင် တစ်ရက်လျှင် ပျမ်းမျှ (၂)စီးခန့်သာ ရောင်းချရကြောင်း သိရသည်။

Honda Wave 100 အမျိုးအစားမှာ တန်ဖိုငွေအားဖြင့် တစ်စီးလျှင် ကျပ်(၁၀)သိန်း(၉)သောင်း၊ Honda Dream 125 အမျိုးအစားကို ကျပ်(၁၉)သိန်းခွဲနှင့် Honda Click 125 အမျိုးအစားကို ကျပ်(၂၁)သိန်း(၃)သောင်းခွဲဖြင့် ရောင်းချပေးနေကြောင်း ကျိုင်းတုံ HONDA ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

ဓာတ်ပုံ/သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~