တာခ်ီလိတ္ၿမိဳ႕၏ အိမ္ၿခံေျမေစ်းကြက္ ထုိင္း ရင္းႏွီးျမႇဳပ္ႏွံမႈေပၚ မူတည္ၿပီး ေစ်းကြက္ေအးေန

တာခ်ီလိတ္ၿမိဳ႕၏ အိမ္ၿခံေျမေစ်းကြက္ ထုိင္း ရင္းႏွီးျမႇဳပ္ႏွံမႈေပၚ မူတည္ၿပီး ေစ်းကြက္ေအးေန
ဇန်နဝါရီ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ထိုင္းႏိုင္ငံနယ္စပ္ တာခ်ီလိတ္ၿမိဳ႕၏ အိမ္ ၿခံ ေျမေစ်းကြက္သည္ ထိုင္းႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈ ရပ္တန္႔သြားသည့္အတြက္ ေစ်းကြက္ ေအးေနေၾကာင္း ျမန္မာႏိုင္ငံ အိမ္ ၿခံ ေျမ ဝန္ေဆာင္မႈအသင္း (တာခ်ီလိတ္) မွ သိရသည္။

"ရွမ္းျပည္နယ္အေရွ႕ပိုင္း လက္ရွိ အိမ္ ၿခံ ေျမ ေစ်းကြက္က ၿငိမ္သက္ေနပါတယ္။ ဘာလို႔လဲဆိုေတာ့ အိမ္ယာေျမ အရႈပ္အရွင္းေတြေၾကာင့္လည္း ပါတယ္.."ဟု ျမန္မာႏိုင္ငံ အိမ္၊ၿခံ၊ေျမ ဝန္ေဆာင္မႈအသင္း (တာခ်ီလိတ္)မွ ေကာ္မတီဝင္ ဦးဝင္းေက်ာ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္ နယ္နိမိတ္ထိစပ္ေနသည့္ ထုိင္းႏုိင္ငံတြင္ စစ္အစိုးရ တက္လာၿပီးေနာက္ ထိုင္းစီးပြားေရး သမားမ်ား၏ ရင္းနွီးျမႇဳပ္ႏွံမႈနည္းသြားသျဖင့္ တာခ်ီလိတ္ၿမိဳ႕၏ အေရာင္းအဝယ္ေစ်းကြက္မွာ ၿငိမ္ေနျခင္း ျဖစ္ေၾကာင္း ေဒသတြင္း အိမ္ ၿခံ ေျမ လုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရသည္။

"တာခ်ီလိတ္မွာေတာ့ အိမ္ ၿခံ ေျမ ေစ်းကြက္က တျခားၿမိဳ႕နဲ႔ ႏိႈင္းယွဥ္ရင္ ကြာဟမႈေတြ ရွိပါတယ္။ ဒီဖက္မွာက် ႀကိဳက္ေရာင္း ႀကိဳက္ဝယ္ေတြလည္း ရွိတယ္။ တခ်ိဳ႕က်ၿမိဳ႕လယ္မွာ ေစ်းႀကီးတယ္လို႔ထင္တယ္။ ဒီမွာက် တခ်ိဳ႕ေနရာဆိုၿမိဳ႕ျပင္က ေစ်းႀကီးေနတာလည္း ရွိပါတယ္။ ေနာက္ၿပီး ေတာင္ေပၚေဒသသူေတြ ျဖစ္တဲ့အတြက္ ေဒသအစြဲေတြလည္း ရွိတယ္။ အဲ့ဒါေၾကာင့္ အျခားၿမိဳ႕နဲ႔ ႏႈိင္းယွဥ္တဲ့အခါ ကြာဟမႈေတြ ရွိတယ္.."ဟု ဦးဝင္းေက်ာ္က ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ ၿခံ ေျမ ေစ်းႏႈန္းကို စတုရန္းေပျဖင့္ တိုင္းတာျခင္း မဟုတ္ဘဲ ေပ ၄၀× ေပ၆၀ ႏွင့္ တြက္ခ်က္ၿပီး ေရာင္းခ်ျခင္းေၾကာင့္ ၿမိဳ႕လယ္၌ ေပ၄၀× ေပ၆၀ တစ္ကြက္လွ်င္ ထိုင္းဘတ္ေငြ သိန္း (၄၀) ဝန္းက်င္ ေပါက္ေစ်းရွိေနကာ ၿမိဳ႕ျပင္တြင္ ေပ၄၀× ေပ၆၀ တစ္ကြက္လွ်င္ ထိုင္းဘတ္ေငြ ၄ သိန္းမွ ၅ သိန္းဝန္းက်င္ရွိေနေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ

****************

( unicode )

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်မြို့၏ အိမ် ခြံ မြေဈေးကွက်သည် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ရပ်တန့်သွားသည့်အတွက် ဈေးကွက် အေးနေကြောင်း မြန်မာနိုင်ငံ အိမ် ခြံ မြေ ဝန်ဆောင်မှုအသင်း (တာချီလိတ်) မှ သိရသည်။

"ရှမ်းပြည်နယ်အရှေ့ပိုင်း လက်ရှိ အိမ် ခြံ မြေ ဈေးကွက်က ငြိမ်သက်နေပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ယာမြေ အရှုပ်အရှင်းတွေကြောင့်လည်း ပါတယ်.."ဟု မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုအသင်း (တာချီလိတ်)မှ ကော်မတီဝင် ဦးဝင်းကျော်က ပြောသည်။

တာချီလိတ်မြို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံတွင် စစ်အစိုးရ တက်လာပြီးနောက် ထိုင်းစီးပွားရေး သမားများ၏ ရင်းနှီးမြှုပ်နှံမှုနည်းသွားသဖြင့် တာချီလိတ်မြို့၏ အရောင်းအဝယ်ဈေးကွက်မှာ ငြိမ်နခြေင်း ဖြစ်ကြောင်း ဒေသတွင်း အိမ် ခြံ မြေ လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

"တာချီလိတ်မှာတော့ အိမ် ခြံ မြေ ဈေးကွက်က တခြားမြို့နဲ့ နှိုင်းယှဉ်ရင် ကွာဟမှုတွေ ရှိပါတယ်။ ဒီဖက်မှာကျ ကြိုက်ရောင်း ကြိုက်ဝယ်တွေလည်း ရှိတယ်။ တချို့ကျမြို့လယ်မှာ ဈေးကြီးတယ်လို့ထင်တယ်။ ဒီမှာကျ တချို့နေရာဆိုမြို့ပြင်က ဈေးကြီးနေတာလည်း ရှိပါတယ်။ နောက်ပြီး တောင်ပေါ်ဒေသသူတွေ ဖြစ်တဲ့အတွက် ဒေသအစွဲတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် အခြားမြို့နဲ့ နှိုင်းယှဉ်တဲ့အခါ ကွာဟမှုတွေ ရှိတယ်.."ဟု ဦးဝင်းကျော်က ဆိုသည်။

တာချီလိတ်မြို့တွင် အိမ် ခြံ မြေ ဈေးနှုန်းကို စတုရန်းပဖြေင့် တိုင်းတာခြင်း မဟုတ်ဘဲ ပေ ၄၀× ပေ၆၀ နှင့် တွက်ချက်ပြီး ရောင်းချခြင်းကြောင့် မြို့လယ်၌ ပေ၄၀× ပေ၆၀ တစ်ကွက်လျှင် ထိုင်းဘတ်ငွေ သိန်း (၄၀) ဝန်းကျင် ပေါက်ဈေးရှိနေကာ မြို့ပြင်တွင် ပေ၄၀× ပေ၆၀ တစ်ကွက်လျှင် ထိုင်းဘတ်ငွေ ၄ သိန်းမှ ၅ သိန်းဝန်းကျင်ရှိနေကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~