ေဒၚေအာင္ဆန္းစုၾကည့္၏ ရွမ္း(ေရွ႕) ခရီးစဥ္အတြင္း တပ္မိသားစုမ်ား ျပင္ပမထြက္ရန္ တပ္ရင္းတို႔မွ တားျမစ္ထားသည္ဟု အမ်ားေျပာဆို

ေဒၚေအာင္ဆန္းစုၾကည့္၏ ရွမ္း(ေရွ႕) ခရီးစဥ္အတြင္း တပ္မိသားစုမ်ား ျပင္ပမထြက္ရန္ တပ္ရင္းတို႔မွ တားျမစ္ထားသည္ဟု အမ်ားေျပာဆို
အောက်တိုဘာ 22, 2015
By Tachileik News Agency

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၏ ရွမ္းျပည္နယ္အေရွ႕ပိုင္း ခရီးစဥ္အတြင္း တပ္မိသားစုမ်ား သက္ဆိုင္ရာ တပ္ရင္းမွ ျပင္ပ မထြက္ရန္ တားျမစ္ထားသည္ဟု ေကာလဟာလမ်ား ပ်ံ႕ႏံွ႔ေနသည့္ ကိစၥႏွင့္ ပတ္သက္၍ တပ္နယ္တို႔မွ မတားျမစ္ထားေၾကာင္း ၿငင္းဆိုလိုက္သည္။

"ကၽြန္ေတာ္တို႔ တာခ်ီလိတ္မွာေတာ့ အဲ့လို အမိန္႔ထုတ္ျပန္ထားတာ မရွိပါဘူး၊ မေန႔က ကၽြန္ေတာ္တို႔ တပ္ေတြ အစည္းအေ၀းလုပ္တာရွိတယ္၊ အျပင္ေပးမထြက္တာေတာ့ မရွိပါဘူး.."ဟု တာခ်ီလိတ္တပ္နယ္မွ အရာရွိတစ္ဦးက ေျဖၾကားလာသည္။

မိုင္းျဖတ္ၿမိဳ႕တြင္လဲ အမိန္႔ထုတ္ျပန္ထားျခင္း မရွိေၾကာင္း၊ ကေလးမ်ားအား ၎တို႔မိဘမ်ားက ေပးမထြက္ျခင္း ျဖစ္ႏိုင္ေၾကာင္း၊ တပ္ရင္းတပ္ဆြယ္မ်ားအတြင္း သြားေရာက္ရန္ မေျပာၾကားထား သကဲ့သို႔ ပိတ္ပင္ထားျခင္း မရွိေၾကာင္း၊ ယခုကိစၥမ်ိဳးသည္ ဖိအားေပးပါက ေရရွည္တြင္ ကန္ထြက္၍ ပိုဆိုးႏိုင္သည့္ အေျခအေနရွိသျဖင့္ ပိတ္ပင္တားျမစ္ထားျခင္း မရွိေၾကာင္း ၎မွ ဆက္လက္ေျပာၾကားသည္။

"ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္ မိုင္းျဖတ္ၿမိဳ႕ကို လာမယ္ဆိုေတာ့ ကြ်န္ေတာ့္ဆိုင္က အလုပ္သမားေတြက တပ္ထဲကဆိုေတာ့ သူတို႔ အျပင္ထြက္ခြင့္ မရဘူးလို႔ ေျပာတယ္၊ အဲ့လို တားျမစ္ထားေတာ့ အခု မနက္ပိုင္း ကြ်န္ေတာ့္ဆိုင္မွာ အလုပ္သမား မလာေတာ့ ကြ်န္ေတာ္ကိုယ္တိုင္ပဲ ကူလုပ္ေနရတယ္.."ဟု စားေသာက္ဆိုင္တစ္ဆိုင္မွ အမ်ဳိးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

"ကၽြန္ေတာ္တို႔အိမ္နားမွာ ပန္းရံလုပ္ေနတဲ့ တပ္ထဲက မိသားစုတစ္စု ဒီေန႔အလုပ္လာ မဆင္းဘူး၊ ေမးၾကည့္ေတာ့ တပ္ရင္းက အျပင္ေပး မထြက္ဘူးလို႔ေျပာတယ္၊ ေဒၚစုျပန္သြားမွ သြားရမယ္လို႔ ေျပာထားတယ္လို႔ၾကားရတာဘဲ.."ဟု မိုင္းျဖတ္ၿမိဳ႕ ေဒသခံတစ္ဦးမွေျပာသည္။

"ကၽြန္ေတာ္တို႔ တာေလမွာလဲ ၾကားေတာ့ၾကားတယ္ သိပ္မေသျခာဘူး၊ ဒါေပမယ့္ တပ္ထဲကလူေတြက ေဒၚေအာင္ဆန္းစုၾကည္ျဖတ္သြားၿပီးမွ အျပင္ထြက္တာေတြ႕ရတယ္"ဟု တာေလၿမိဳ႕မွ ေဒသခံ ဦးအိုက္ေက်ာ္မွေျပာသည္။

ဒီမိုကေရစီစနစ္သို႔ ေျပာင္းလဲေနသည့္ကာလအတြင္း ယခုကဲ့သို႔ ပြင့္လင္းလြတ္လပ္မႈမရွိသည့္ အမိန္႔မ်ား ထုတ္ျပန္ျခင္းသည္ သင့္ေလ်ာ္မႈ မရွိေၾကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္မွ ၂၀၁၅ ေရြးေကာက္ပြဲတြင္ စစ္သည္မ်ား ႀကိဳက္ႏွစ္သက္ရာ ပါတီမဲေပးခြင့္ရွိသည္ဟု ေျပာထားေသာ္လည္း စစ္သည္မ်ား သက္ဆိုင္ရာ ပါတီမ်ား၏ သတင္းအခ်က္အလက္မ်ား ရရွိမည္ မထင္ေၾကာင္း ၎မွ ေ၀ဖန္ေျပာၾကားသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္၏ ေအာက္တိုဘာ(၂၁)မွ စတင္၍ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္၊ မိုင္းျဖတ္၊ က်ိဳင္းတံုၿမိဳ႕ ခရီးစဥ္အတြင္း သက္ဆိုင္ရာ နယ္ေျမခံ တပ္ရင္းမ်ားမွ အရာရွိစစ္သည္ႏွင့္ တပ္မိသားစုမ်ား အျပင္မထြက္ရဟူေသာ အမိန္႔ထုတ္ျပန္ထားသည္ဟု ေဒသတြင္း ေကာလဟာလမ်ား ထြက္ေပၚေနေၾကာင္း သိရသည္။

*************

( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်အတွင်း တပ်မိသားစုများ သက်ဆိုင်ရာ တပ်ရင်းမှ ပြင်ပ မထွက်ရန် တားမြစ်ထားသည်ဟု ကောလဟာလများ ပျံ့နှံ့နေသည့် ကိစ္စနှင့် ပတ်သက်၍ တပ်နယ်တို့မှ မတားမြစ်ထားကြောင်း ငြင်းဆိုလိုက်သည်။

"ကျွန်တော်တို့ တာချီလိတ်မှာတော့ အဲ့လို အမိန့်ထုတ်ပြန်ထားတာ မရှိပါဘူး၊ မနေ့က ကျွန်တော်တို့ တပ်တွေ အစည်းအေဝးလုပ်တာရှိတယ်၊ အပြင်ပေးမထွက်တာတော့ မရှိပါဘူး.."ဟု တာချီလိတ်တပ်နယ်မှ အရာရှိတစ်ဦးက ဖြကြေားလာသည်။

မိုင်းဖြတ်မြို့တွင်လဲ အမိန့်ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ ကလေးများအား၎င်းတို့မိဘများက ပေးမထွက်ခြင်း ဖြစ်နိုင်ကြောင်း၊ တပ်ရင်းတပ်ဆွယ်များအတွင်း သွားရောက်ရန် မပြောကြားထား သကဲ့သို့ ပိတ်ပင်ထားခြင်း မရှိကြောင်း၊ ယခုကိစ္စမျိုးသည် ဖိအားပေးပါက ရေရှည်တွင် ကန်ထွက်၍ ပိုဆိုးနိုင်သည့် အခြေအနေရှိသဖြင့် ပိတ်ပင်တားမြစ်ထားခြင်း မရှိကြောင်း၎င်းမှ ဆက်လက်ပြောကြားသည်။

"ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် မိုင်းဖြတ်မြို့ကို လာမယ်ဆိုတော့ ကျွန်တော့်ဆိုင်က အလုပ်သမားတွေက တပ်ထဲကဆိုတော့ သူတို့ အပြင်ထွက်ခွင့် မရဘူးလို့ ပြောတယ်၊ အဲ့လို တားမြစ်ထားတော့ အခု မနက်ပိုင်း ကျွန်တော့်ဆိုင်မှာ အလုပ်သမား မလာတော့ ကျွန်တော်ကိုယ်တိုင်ပဲ ကူလုပ်နေရတယ်.."ဟု စားသောက်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

"ကျွန်တော်တို့အိမ်နားမှာ ပန်းရံလုပ်နေတဲ့ တပ်ထဲက မိသားစုတစ်စု ဒီနေ့အလုပ်လာ မဆင်းဘူး၊ မေးကြည့်တော့ တပ်ရင်းက အပြင်ပေး မထွက်ဘူးလို့ပြောတယ်၊ ဒေါ်စုပြန်သွားမှ သွားရမယ်လို့ ပြောထားတယ်လို့ကြားရတာဘဲ.."ဟု မိုင်းဖြတ်မြို့ ဒေသခံတစ်ဦးမှပြောသည်။

"ကျွန်တော်တို့ တာလေမှာလဲ ကြားတော့ကြားတယ် သိပ်မသခြောဘူး၊ ဒါပေမယ့် တပ်ထဲကလူတွေက ဒေါ်အောင်ဆန်းစုကြည်ဖြတ်သွားပြီးမှ အပြင်ထွက်တာတွေ့ရတယ်"ဟု တာလမြေို့မှ ဒေသခံ ဦးအိုက်ကျော်မှပြောသည်။

ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသည့်ကာလအတွင်း ယခုကဲ့သို့ ပွင့်လင်းလွတ်လပ်မှုမရှိသည့် အမိန့်များ ထုတ်ပြန်ခြင်းသည် သင့်လျော်မှု မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်မှ ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်သည်များ ကြိုက်နှစ်သက်ရာ ပါတီမဲပေးခွင့်ရှိသည်ဟု ပြောထားသော်လည်း စစ်သည်များ သက်ဆိုင်ရာ ပါတီများ၏ သတင်းအချက်အလက်များ ရရှိမည် မထင်ကြောင်း၎င်းမှေဝဖန်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အောက်တိုဘာ(၂၁)မှ စတင်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ ခရီးစဉ်အတွင်း သက်ဆိုင်ရာ နယ်မြေခံ တပ်ရင်းများမှ အရာရှိစစ်သည်နှင့် တပ်မိသားစုများ အပြင်မထွက်ရဟူသော အမိန့်ထုတ်ပြန်ထားသည်ဟု ဒေသတွင်း ကောလဟာလများ ထွက်ပေါ်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~