ကျိုင်းလပ်မြို့ ရေဘေးသင့် ကျေးရွာများ၌ ငွေကျပ်သန်း (၁၆၀)ကျော်ဖြင့် လမ်း၊ တံတား၊ ရေ နှင့် မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိ

ကျိုင်းလပ်မြို့ ရေဘေးသင့် ကျေးရွာများ၌ ငွေကျပ်သန်း (၁၆၀)ကျော်ဖြင့် လမ်း၊ တံတား၊ ရေ နှင့် မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိ
စက်တင်ဘာ 5, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ရေဘေးသင့်ကျေးရွာများတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လမ်း ၊ တံတားတည်ဆောက်ခြင်း၊ သောက်သုံးရေရရှိရေး၊ ဆိုလာမီးရရှိရေးနှင့် ယင်လုံ အိမ်သာ တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကွင်းဆင်း စိစစ်ဆောင်ရွက်ခြင်းကို စက်တင်ဘာ(၂)ရက် နေ့၊ ညနေပိုင်းက စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းသည် ရှမ်းပြည်နယ်(ရုံးခွဲ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ရုံးခွဲဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်ဦးစီးမှူး ဦးအောင်ထွန်း ၊ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင်၊ ခရိုင်နှင့်မြို့နယ် ၀န်ထမ်းများနှင့်အတူ ကျကကျေးရွာ၊ ပါနွန်ကျေးရွာ၊ ၀မ်မီးမိုင်ကျေးရွာ၊ ကော်ကော့ကျေးရွာ၊ နမ့်ကိုင်းကျေးရွာ၊ နမ့်ဖြန် ကျေးရွာ၊ နမ့်ဝမ်း(၁)၊ နမ့်ဝမ်း(၂) ၊ နမ့်ဝမ်း(၃)ကျေးရွာများ သို့ ရောက်ရှိပြီး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှုများကြည့်ရှု အားပေးခြင်းနှင့် ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျကကျေးရွာတွင် ငွေကျပ်(၃၉)သန်းဖြင့် အရှည်(၆၅)ပေ၊အကျယ်(၁၄)ပေရှိ သစ်သားတံတား တည်ဆောက်မည့်လုပ်ငန်း၊ ကော်ကော့ကျေးရွာတွင် ငွေကျပ်(၁၂) သန်းဖြင့် အရှည်(၂၀)ပေ၊ အကျယ်(၁၄)ပေ သစ်သား တံတားတည်ဆောက်မည့် လုပ်ငန်း၊ ကျကကျေးရွာတွင် ငွေကျပ် (၁၃.၂၅)သန်းဖြင့် (၁)မိုင်(၄)ဖာလုံ ရှည်လျားသည့် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း၊ ပါနွန်ကျေးရွာတွင် ငွေကျပ် (၃.၄၅)သန်းဖြင့် အုတ်ရေကန် တည်ဆောက်မည့်လုပ်ငန်း၊ နမ့်ကိုင်းကျေးရွာတွင် ငွေကျပ်(၅.၅)သန်းဖြင့် အရှည်(၁) မိုင်ရှိ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်း၊ နမ့်ဝမ်း(၁) ၊ နမ့်ဝမ်း(၂)နှင့် နမ့်ဝမ်း(၃)ကျေးရွာများတွင် ငွေကျပ် (၁၃.၇၅)သန်း ဖြင့် (၂)မိုင် (၄)ဖာလုံ အရှည် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ နမ့်ဖြန်ကျေးရွာတွင် ငွေကျပ်(၈.၂၅)သန်းဖြင့် (၁)မိုင် (၄)ဖာလုံ အရှည် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ ကော်ကော့ကျေးရွာတွင် ငွေကျပ်(၁.၃၇၅)သန်းဖြင့် အရှည်(၂) ဖာလုံ ရေပိုက် သွယ်တန်းခြင်းလုပ်ငန်း၊ ၀မ်မီးမိုင်ကျေးရွာတွင် ငွေကျပ်(၅.၅)သန်းဖြင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ ငွေကျပ် (၅၇)သန်းဖြင့် ကျကကျေးရွာနှင့် ပါနွန်ကျေးရွာတွင် ဆိုလာ Complete Set (၁၃၆)စုံ၊ နမ့်ဖြန်ကျေးရွာတွင် ဆိုလာ Complete Set (၇၉)စုံ၊ နမ့်ဝမ်း(၁)၊(၂)၊(၃)ကျေးရွာများအတွက် ဆိုလာ Complete Set(၁၆)စုံ၊ ၀မ်မီးမိုင်ကျေးရွာတွင် ဆိုလာ Complete Set(၂၉)စုံ၊ နမ့်ကိုင်းကျေးရွာတွင် ဆိုလာ Complete Set (၂၅)စုံ တပ်ဆင်ခြင်း လုပ်ငန်း နှင့် နမ့်ဖြန်ကျေးရွာတွင် ငွေကျပ်(၁.၃၅)သန်းဖြင့် အိမ်ထောင်စုသုံး ယင်လုံအိမ်သာ(၉)လုံး တည်ဆောက် ခြင်း လုပ်ငန်းများအတွက် ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ နမ့်ဖြန်ကျေးရွာနှင့် ပါနွန်-ကျကကျေးရွာများ တွင် ကွန်ကရစ်လမ်းခင်းနေမှုနှင့် ရေရရှိရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~