SSA တပ်မဟာ(၇) အသွင်ပြောင်း နမ့်လန်/ကာလီ ပြည်သူ့စစ်တပ်ဖွဲ့မှ ကျိုင်းလပ်ရေဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း(၁၀၀)လှူဒါန်း

SSA တပ်မဟာ(၇) အသွင်ပြောင်း နမ့်လန်/ကာလီ ပြည်သူ့စစ်တပ်ဖွဲ့မှ ကျိုင်းလပ်ရေဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း(၁၀၀)လှူဒါန်း
သြဂုတ် 21, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင်းရှိ ရေဘေးသင့် ကျေးရွာများနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်တပ်မတော် SSA တပ်မဟာ(၇) အသွင်ပြောင်း နမ့်လန်/ကာလီပြည်သူ့စစ်တပ်ဖွဲ့မှ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ ငွေကျပ် သိန်း(၁၀၀)တိတိကို ယနေ့ သြဂုတ်လ(၂၁)ရက် နံနက်(၉း၃၀)နာရီအချိန်က ပေးအပ်လှူဒါန်းလာကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

ထိုသို့ အလှူငွေ ပေးအပ်ရာတွင် ရှမ်းပြည်တပ်မတော် SSA တပ်မဟာ(၇) အသွင်ပြောင်း  နမ့်လန်/ကာလီ ပြည်သူ့စစ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပေးအပ်လှူဒါန်းရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များက ရေဘေးသင့်ပြည်သူများကိုယ်စား လက်ခံရယူပေးသည်။

တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိုင်းနွံတွီက "ပါတီအနေနဲ့ ရေဘေးသင့် ပြည်သူများကို ကူညီဖို့အတွက် အဖွဲ့ ဖွဲ့ထားပါတယ်၊ ပါတီကနေပြီး မိုင်းတုံ၊ မိုင်းကျွတ်၊ ပါလျှိုး/ကျိုင်းလပ် အပြင် မိုင်းယောင်းရေဘေးသင့် ဒေသများနဲ့ အခြားဒေသများအတွက်လည်း လက်ဝယ်အရောက် ကူညီပံ့ပိုးပေးခဲ့ပါတယ်။ အခုရရှိလာတဲ့ အလှူငွေများနဲ့လည်း ရေဘေးသင့် ပြည်သူများအတွက် ကူညီမှုတွေ ဆက်လက်ပေးနိုင်ရန် စီစဉ်ထားပါတယ်..."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~