တာချီလိတ်၌ အလုပ်အကိုင် လိုအပ်နေသူများ လျှောက်ထားနိုင်ပြီ

တာချီလိတ်၌ အလုပ်အကိုင် လိုအပ်နေသူများ လျှောက်ထားနိုင်ပြီ
ဇူလိုင် 1, 2015
By Tachileik News Agency

တာချီလိတ်ဒေသခံများကိုသာ အဓိကထား ရွေးချယ်၍ ခန့်အပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ နေရာ(၄)နေရာအတွက် ၀န်ထမ်း (၄)ဦးအား အလိုရှိနေလျက်ရှိရာ ယနေ့မှ စ၍ နှစ်ပတ်အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည့်အတွက် တာချီလိတ်သတင်းအေဂျင်စီမှ အလုပ်အကိုင်ကြော်ငြာအဖြစ် ဖော်ပြပေးလိုက်ပါသည်။

1.  General Sales Representative (Male) - (၁)ဦး
- ဘွဲ့ရ။ အသက် ၂၃နှစ် မှ ၃၅နှစ် အတွင်းဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းအတွေ့ အကြုံရှိသူ ကို ဦးစားပေးမည်။
2. Admin Assistant (Male/ Female) -  (၁)ဦး
- တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိထားရမည်။
- အသက် (၂၅)နှစ် မှ (၃၅)နှစ် အတွင်း ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းအတွေ့ အကြုံ (၂)နှစ် ရှိရမည်။
3. Driver (Male) -  (၁)ဦး
- အနိမ့်ဆုံး ပညာအရည်အချင်း အခြေခံပညာအထက်တန်း။
- အသက် (၂၅)နှစ် မှ (၃၅)နှစ် အတွင်းဖြစ်ပြီး လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၂)နှစ် ရှိရမည်။
4. Security (Male) -  (၁)ဦး
- အနိမ့်ဆုံးပညာအရည်အချင်း အခြေခံပညာအထက်တန်း။
- အသက် (၂၅)နှစ် မှ (၄၀)နှစ် အတွင်းဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၂)နှစ် ရှိရမည်။
အခြားလိုအပ်ချက်များ
.......................................
- ဒေသခံ တိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်သူကို ဦးစားပေးမည်။
- အမှတ်စဉ် (၁ နှင့် ၃)အတွက် ကားမောင်းကျွမ်းကျင်ပြီး လက်ရှိယာဉ်မောင်းလိုင်စင်ရှိသူဖြစ်ရမည်။
- အမှတ်စဉ် (၁ နှင့် ၂)အတွက် အင်္ဂလိပ်၊ မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးကွန်ပြူတာကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
- ဥာဏ်ရည်ဥာဏ်သွေး ကောင်းမွန်ပြီး စွမ်းဆောင်နိုင်စွမ်းရှိရမည်။
- အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားကြိုးစားသူ ဖြစ်ရမည်။
- စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ပြီး မိမိကိုယ်မိမိယုံကြည်မှုရှိသူ ဖြစ်ရမည်။
- သင်ယူလိုစိတ်ရှိပြီး၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရမည်။ 
- အမှတ်စဉ် (၁)အတွက် နေရာဒေသမရွေး ခရီးသွား၍ တာဝန်ထမ်းဆောင်နိုင်ရမည်။
လျှောက်ထားလိုသူသည် ကိုယ်ရေးရာဇ၀င်အပြည့်အစုံ၊ ဓါတ်ပုံ(၁)ပုံ၊ ဘွဲ့ လက်မှတ်မိတ္တူ နှင့် အခြားအရည်အချင်း များအတွက် အောင်လက်မှတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အလုပ်သမား မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာ၊ မိမိလုပ်ကိုင်ခဲ့သော ယခင်အလုပ်မှ ထောက်ခံစာ အပြည့်အစုံနှင့်အတူ ကြော်ငြာပါသည့်နေ့မှ နှစ်ပတ်အတွင်း လျှောက်ထားနိုင်ပါသည်။
လုပ်ငန်းကိစ္စ သိရှိနိုင်ရန်နှင့် လျှောက်ထားရန်လိပ်စာ
နှစ်ထပ်ဆိုင်ခန်းတွဲ၊ ချစ်ကြည်ရေး ဆီပန့်ရှေ့၊ ၀ိန်းကျောက်ရပ်၊ တာချီလိတ်မြို့။ 
ဆက်သွယ်ရန် ဖုန်း --- ၀၉ ၆၅၀၀၄၅၃၊ ၀၉-၃၁၅၈၁၆၇၉၊  ထိုင်းဖုန်း  ၀၉၉၂၉၅၆၀၄၅
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net