ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် အကြိမ်များစွာ သွေးလှူရှင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်

ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် အကြိမ်များစွာ သွေးလှူရှင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်
ဇွန် 30, 2015
By Tachileik News Agency

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာချီလိတ်မြို့နယ်အတွင်းရှိ လူရည်ချွန်မောင်မယ်များ၊ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်သူများနှင့် အကြိမ်များစွာ သွေးလှူရှင်များအား ယနေ့ ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်းက ဂုဏ်ပြုချီးမြှင့်ပွဲဖြင့် ဂုဏ်ပြုကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

"အဓိကတော့ တာချီလိတ်မြို့နယ်ထဲမှာ ထူးချွန်တဲ့လူငယ်တွေနဲ့ သွေးကို အကြိမ် အရေအတွက် အများကြီး လှူထားဖူးတဲ့ သူတွေကို ပါတီအနေနဲ့ ဂုဏ်ပြုတဲ့ အခမ်းအနားလုပ်ပေးတာပါ.."ဟု ပြည်ခိုင်ဖြိုးပါတီ တာချီလိတ်ခရိုင်အတွင်းရေးမှူး ဦးဘိုစံက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ လူရည်ချွန်မောင်(၂)ဦး၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသူ/သား(၂၀)ဦးနှင့် သွေးအကြိမ် အရေအတွက် (၂၀)နှင့်အထက် (၅၆)ကြိမ်ထိ ပေးလှူခဲ့သော သွေးလှူရှင်(၅)ဦး၊ စုစုပေါင်း (၂၇)ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနား၌၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ၌ (၃)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၃)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး ပါဝင်ကြောင်း သိရသည်။

ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသော သွေးလှူရှင်များမှာ (၅၆)ကြိမ်မြောက်(၁)ဦး၊ (၄၄)ကြိမ်မြောက်(၁)ဦး၊ (၄၃)ကြိမ်မြောက်(၁)ဦး၊ (၄၂)ကြိမ်မြောက်(၁)ဦး၊ (၂၀)ကြိမ်မြောက်(၁)ဦး စုစုပေါင်း(၅)ဦးဖြစ်ကြောင်း သိရသည်။

ယခုလို ကျင်းပပြုလုပ်သည့် ဂုဏ်ပြုချီးမြှင့်ပွဲသို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီနာယကနှင့် ပါတီဝင်အင်အား (၅၀)ခန့် အပြင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း။  ။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~